81 - 85

472 45 0
                                    

စာစဥ် ၆ အခန်း ၈၁: စကြာဝဠာဘဏ်၏ အရေးကြီးသောကိစ္စ

ဘာသာပြန်သူ- Zing

လုံမိန် ၏ ရှေ့တွင် စာချုပ်တစ်ခု ချထား၏။

စာချုပ်သည် စကားလုံးများဖြင့် ပြည့်နှက်နေပြီး တကယ်ကို သပ်ရပ်လှသည်။ သူမ မျက်လုံးထဲမှာတော့ တကယ့်ကို လေးနက်တဲ့ ခံစားချက်တစ်ခု ကျန်ရစ်ခဲ့တယ် ။

စကားလုံးတိုင်းက ဓားနဲ့တူတယ်။

သူ့နှလုံးသားကို အပိုင်းပေါင်းများစွာ လှီးဖြတ် နေသည်။

လုံမိန် ဖတ်ပြီးတာနဲ့ သူမရဲ့ အသက်ရှူသံက ပိုပိုပြီး မြန်လာတယ်။ လီ ရှန်တောက် ၏ စာချုပ်သည် သူမ၏ အတွေးများနှင့် စိတ်ခံစားမှုများကို ထိခိုက်စေခဲ့သည်။

စကြာဝဠာဘဏ်သည် လုံမိန် ကို နဂါးတစ်တစ်သောင်း အင်ပါယာ၏ ပထမဆုံးဧကရီဖြစ်လာစေရန် ကူညီပေးမည်ဖြစ်ပြီး ၎င်းသည် သူမအား ထိုရာထူးတွင် ဆက်ရှိနေစေရန် ကူညီပေးမည်ဖြစ်ကြောင်း ကိုရှင်းရှင်းလင်းလင်း ဖော်ပြထားသည်။

ဒါပေမယ့် သူမပေးရတဲ့ စျေးက သူမ၏ ဝိညာဉ်ပဲ။

သူမသည် လီရှန်တောက် အား သူမ၏ ဝိညာဉ်ကို ပေးဆောင်ရမည်ဖြစ်ပြီး ယခုအချိန်မှစ၍ လီရှန်တောက် သည် သူမ၏ အသက်ရှင်ခြင်း နှင့်သေဆုံးခြင်းတို့ ကို ဆုံးဖြတ်မည်ဖြစ်သည်။

ထို့အပြင်၊ နဂါးတစ်သောင်း အင်ပါယာသည် စကြာဝဠာဘဏ်၏ လက်အောက် တွင် တည်ရှိသည်။ စကြာဝဠာဘဏ်သည် ၎င်း၏အခြေခံအုတ်မြစ်ဖြင့်၊ ကောင်းကင်ကိုးပါးနှင့်နယ်မြေ  ဆယ်ခု တစ်ခွင် ၌ ပျံ့နှံ့သွားမည်ဖြစ်သည်။

လုံမိန် သည် လီရှန်တောက်၏ စကားကို နားထောင်နေသရွေ့ သူမသည် ဧကရီအဖြစ် ဆက်ရှိနေဦးမည်ဖြစ်သည်။

သူမသည် အရာအများစုကို ဆုံးဖြတ်နိုင်သော်လည်း စကြာဝဠာ ဘဏ် နှင့်ပတ်သက်သည့်အရာအားလုံးကို အစီရင်ခံတင်ပြရမည်ဖြစ်ပါသည်။

၎င်းတို့ကို စာချုပ်ထဲတွင် ရှင်းရှင်းလင်းလင်းဖော်ပြထားသည်။ ဒါဟာ တကယ်ကို သိသာထင်ရှားပြီး တကယ့်ကို ရက်စက်လွန်းပါတယ်။

စကြာ၀ဠာဘဏ် အတွဲ - ၁ (လီရှန်တောက်)စကြာဝဠာဘဏ် အတွဲ - ၁ (လီရှန်တောက်)Where stories live. Discover now