အခန်း ၃၃၀- ကောင်းကင်နှလုံးသား၏ ခွန်အား

301 28 3
                                    

အခန်း ၃၃၀- ကောင်းကင်နှလုံးသား၏ ခွန်အား

ကောင်းကင်နှလုံးသား၏ ကြောက်မက်ဖွယ်ကောင်းသော အော်ရာသည် သခင်ငယ်ပေချန်းကို ခြိမ်းခြောက်ခဲ့သည်။

သို့သော် သခင်ငယ်ပေချန်းက သူ့၏ကြောက်ရွံမှုကို မဖော်ပြခဲ့ပေ။

“မင်းက တော်တော်စကားပြောကောင်းတဲ့ဘုန်းကြီးပဲ။” သခင်ငယ်ပေချန်းက ကြိမ်းမောင်းလိုက်သည်။ ထို့နောက် သူ့၏ အော်ရာက တဟုန်ထိုး တိုးတက်လာပြီး ကောင်းကင်နှလုံးသား၏ လွှမ်းမိုးမှုကို တားဆီးလိုက်သည်။

ဝုန်း!

သခင်ငယ်ပေချန်း၏ လက်သီးသည် တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်ပြီး အရာအားလုံးကို ပရမ်းပတာဖြစ်သွားစေခဲ့သည်။ မြောက်မြားစွာသော အလင်းတန်းများက ရှေ့သို့ ဦးတည်သွားပြီး ဧရိယာတစ်ခုလုံးကို တောက်ပစေခဲ့သည်။

ကြယ်စင်လက်သီး။

ဤတိုက်ခိုက်မှုသည် အလွန်ကြောက်စရာကောင်းပြီး ကောင်းကင်မှကြယ်များတပြိုင်နက်ကြွေကျလာသလိုပင်။

ဝုန်း!

ပတ်ဝန်းကျင်ရှိ မြက်ပင်များနှင့် သစ်ပင်များအားလုံး လှုပ်ယမ်းသွားသည်။

ဒါကို ကောင်းကင်နှလုံးသားက မြင်လိုက်တော့ သူ့အမူအရာကအနည်းငယ်လေးနက်သွားသည်။ သခင်ငယ်ပေချန်း သန်မာကြောင်းကို သူသိ၏။ ထို့ကြောင့် သူလည်းမပေါ့ဆရဲ။

ပတ်ဝန်းကျင်ရှိ အပင်များ၏ အနှစ်သာရ၊ လရောင်၏ အနှစ်သာရ၊ ကောင်းကင်ဘုံတောင်ပေါ်ရှိ ဝိညာဥ်စွမ်းအင်များအားလုံးသည် ကောင်းကင်နှလုံးသား၏ ခန္ဓာကိုယ်ထဲသို့ တိုးဝင်လာသည်။

နောက်တစ်စက္ကန့်တွင်၊ အလွန်ပြင်းထန်သော အလင်းတန်းတစ်ခုသည် ကောင်းကင်နှလုံးသား၏ခန္ဓာကိုယ်အတွင်းမှ ပေါက်ကွဲထွက်လာသည်။ သူ့ခန္ဓာကိုယ်က ကြည်လင်လာခဲ့ပြီး ချီဝင်ပေါက် ၃၆၅ ခုက တောက်ပလာကာ ရွှေရောင်လှိုင်းလုံးကြီး ဖြစ်ပေါ်လာသည်။

ဝုန်း!

ကောင်းကင်နှလုံးသားက တုံ့ဆိုင်းမနေပဲ ချက်ချင်း တိုက်ခိုက်ခဲ့သည်။ 

စကြာ၀ဠာဘဏ် အတွဲ - ၁ (လီရှန်တောက်)စကြာဝဠာဘဏ် အတွဲ - ၁ (လီရှန်တောက်)Where stories live. Discover now