276 - 280

334 32 0
                                    

အခန်း ၂၇၆- ဒါက အရမ်းသန်မာလွန်းတယ်။

လနတ်သမီအူဆုနနှင့် ချိုးလင်းတို့သည် ကောင်းကင်နှင့်ကမ္ဘာစစ်မြေပြင်သို့ အတူတကွ ရောက်ရှိလာခဲ့ကြ၏။

ကောင်းကင်နှင့်ကမ္ဘာစစ်မြေပြင်တွင် စုစုပေါင်းရှေးဟောင်းမြို့ ၁၉ မြို့ရှိသည်။

မြို့တွေထဲမှာတော့ ဘယ်သူမှ တိုက်ခိုက်ပိုင်ခွင့်မရှိဘူး။ တိုက်ခိုက်သည်ကို တွေ့ရှိပါက ချက်ချင်း ကွပ်မျက်ခံရမည်ဖြစ်သည်။

မြို့ ၁၉ မြို့သည် ကောင်းကင်ကိုးပါး၊ ကုန်းမြေဆယ်ခုတို့နှင့် ဆက်စပ်နေသည်။

တစ်ကမ္ဘာ၊ တစ်မြို့။

မြို့ ၁၉ မြို့မှလွဲ၍ အခြားမည်သည့်နေရာတွင်မဆို တိုက်ခိုက်နိုင်သည်။

ထို့ကြောင့် ချိုးလင်းသည် ဤနေရာတွင် သာပုန်းနေရပြီး အပြင်မထွက်နိုင်ပေ။

ချိုးလင်းသည် သူ့၏နတ်ဘုရားဝိညာဥ်ကျောက်တုံးများအားလုံးကို အသုံးပြုခဲ့ပါသော်လည်း သူလုပ်ဆောင်နိုင်သည့်အရာမှာ များစွာမရှိခဲ့ပါ။

တည်းခိုခန်းထဲတွင် လနတ်သမီးက "တစ်စုံတစ်ယောက်က မင်းကို စောင့်ကြည့်နေတယ်!"

"မှန်တယ်၊ အဲ့တာ သခင်ငယ် ချင်းဖုန့်ရဲ့လူတွေပဲ။ ဒီနေရာမှာသာ တိုက်ခိုက်ခွင့်ပြုရင် ငါသူ့ကို ရိုက်သတ်ပစ်တာ ကြာပြီ။”ချိုးလင်းက စိတ်ဆိုးမာန်ဆိုးနဲ့ပြောလိုက်သည်။

ဤနေရာတွင် တိုက်ခိုက်ခြင်းကို ခွင့်မပြုသောကြောင့် သခင်ငယ်ချင်းဖုန့်၏လူများသည် သူ့၏ရှေ့တွင် ပေါ်လာပြီး သူ့ကို စောင့်ကြည့်နေကြောင်း ပွင့်ပွင့်လင်းလင်း ပြောခဲ့သည်။

အဲ့တာကို သူဒေါသအလွန် ထွက်ခဲ့သည်။ ဒါပေမယ့် သူဘာမှမလုပ်နိုင်ဘူး။

"လက်စားချေချင်တာလား"လနတ်သမီးက မေးလိုက်သည်။

"ဟုတ်တယ်။" ချိုးလင်းက စိတ်လှုပ်ရှားစွာပြောလိုက်သည်။

“ဒါဆို သူတို့အားလုံးကို မြို့အပြင်ကိုခေါ်ထုတ်သွားလိုက်။”လနတ်သမီးက တည်ငြိမ်စွာပြောလိုက်သည်။

စကြာ၀ဠာဘဏ် အတွဲ - ၁ (လီရှန်တောက်)စကြာဝဠာဘဏ် အတွဲ - ၁ (လီရှန်တောက်)Wo Geschichten leben. Entdecke jetzt