281 - 285

293 37 0
                                    

အခန်း ၂၈၁: ချင်းလင်

ချိုးလင်းထံမှ မြေပုံကိုရရှိပြီးနောက် လနတ်သမီးသည် အဆင့်ခြောက်ကောင်းကင်ဘုံကိုးခုအဆင့်သို့ အမြန်ဖြတ်ကျော်ခဲ့၏။ ထို့နောက် သူမသည် ချင်းမိသားစုရှိရာဆီသို့ လျင်မြန်စွာသွားရောက်ခဲ့သည်။

ကျား ၁၀ ကောင်သည် အလားအလာအရှိဆုံး ပါရမီရှင် ၁၀ ယောက်ကို ကိုယ်စားပြုသည်။ ချင်းဖုန့်သည် အသက် ၂၀ အရွယ်သာရှိသေးပြီး ထိုပါရမီရှင် ဆယ်ယောက်ထဲတွင်မပါဝင်ခဲ့ပေ။

ထို့ကြောင့် ဤလူသည် ချင်းဖုန့်ထက် ပိုသန်မာမည်ဖြစ်၏။

ချိုးလင်းပြောသည့် စကားအပေါ် အခြေခံ၍ သူသွားတွေရမည့် သူသည် ချင်းဖုန့်၏ အစ်ကိုဖြစ်သည်။ ထိုသူသည် ကျား ၁၀ ကောင်ထဲတွင် အားအနည်းဆုံးဖြစ်ပါသော်လည်း သခင်ငယ်ချင်းဖုန့်ထက်များစွာ သန်မာနေသေးသဖြင့် ကျား ၁၀ ထဲမှ မစွန့်ခွာရသေးပေ။

လနတ်သမီးသည် ၎င်းကို လေးနက်စွာ စဥ်းစားနေ၏။ ထို့အပြင် သူမသည် အေးစိမ့်သောလကောင်းကင်သို့ ဝင်ရောက်ခဲ့သည်မှာ သိပ်မကြာသေးသောကြောင့်  သူမ၏ခွန်အားမှာ အကန့်အသတ်ရှိသည်။

အကယ်၍ သူမရှုံးနိမ့်သွားပြီး ကမ္ဘာ့သြဒိနိတ်များကို မရယူနိုင်ပါက လနတ်သမီးသည် အခြားသောနည်းလမ်းများကို စဉ်းစားရမည်ဖြစ်ပါသည်။

"ငါသေချာပေါက်ရနိုင်မှာပါ" လနတ်သမီးက အခိုင်အမာ ပြောလိုက်သည်။ သူမသည် ဟင်းလင်းပြင်များကို ဖြတ်ကျော်ပြီး ထိုနေရာသို့ ရောက်ရှိလာခဲ့ပြီဖြစ်သည်။

ချင်းလင်။

ဤသည်မှာ ချင်းလင်ကျင့်ကြံသည့်နေရာဖြစ်သည်။ မိုင်းတွင်းပေါင်းမြောက်မြားစွာရှိသည့် ခမ်းနားထည်ဝါသော တောင်တန်းကြီးတစ်ခုဖြစ်သည်။ ချင်းလင်သည် ချင်းမိသားစု၏ လုပ်ငန်းများကို တာဝန်ယူကြီးကြပ်ရသူလည်းဖြစ်သည်။

မိုင်းတွင်းတွင် တူးဖော်နေကြသည့် အလုပ်သမားများစွာလည်းရှိနေ၏။

လနတ်သမီးသည် ထိုနေရာသို့ရောက်ရှိလာပြီးနောက် အရင်ဆုံး သူ့ကိုယ်သူဖုံးကွယ်ထားလိုက်သည်။ ပြီးနောက် သူမသည် မိုင်းတွင်းများကိုဖြတ်ကျော်၍ ဥယျာဥ်ငယ်တစ်ခုဆီသို့ ရောက်ရှိသွားခဲ့သည်။

စကြာ၀ဠာဘဏ် အတွဲ - ၁ (လီရှန်တောက်)စကြာဝဠာဘဏ် အတွဲ - ၁ (လီရှန်တောက်)Where stories live. Discover now