171 - 175

335 39 0
                                    

အခန်း ၁၇၁: ဧည့်သည်အသစ်

အိမ်ရှေ့စံမင်းသားလည်း တုန်လှုပ်ချောက်ချားသွားလေသည်။

သူသည် အိမ်ရှေ့စံမင်းသားဖြစ်ခဲ့သည်မှာ အနှစ် (၂၀) ​​ရှိပြီဖြစ်ပြီး နန်းတွင်းကိစ္စရပ်အားလုံးကို စီမံခန့်ခွဲခဲ့သည်။ ဧကရာဇ်ထျန်းချီသည် နန်းတွင်းကိစ္စများကိုဝင်ရောက်စွက်ဖက်ခြင်းမရှိသော်လည်း သူ့၏အမိန့်တစ်ခုသည် အိမ်ရှေ့စံမင်းသားထက် များစွာပို၍ အာဏာစက်ပြင်းထန်၏။

ထို့အပြင် ဧကရာဇ်ထျန်းချီသည် သူ့၏အသက် ၁၅၀၀၀ မှသာ ထီးနန်းကိုစွန့်ရန် စီစဉ်နေသည်။

သေစမ်း!!!!!

နှစ် ၁၅၀၀၀

အိမ်ရှေ့စံမင်းသားက ဒီသတင်းကိုကြားတော့ အံ့ဩသွားသည်။ တခြားဘယ်ကိုမှ မသွားချင်ဘဲ ဒေါသတွေထွက်နေသည့်အတွက် အိမ်သို့သာပြန်လာခဲ့၏။

ဧကရာဇ်ထျန်းချီက အခုမှ အသက်နှစ် ၁၀၀၀၀ ကျော်ပဲရှိသေးတာမို့ နောက်ထပ်နှစ် ၅၀၀၀ လောက်ထပ်စောင့်ရဦးမယ်။

နှစ် ၅၀၀၀!

အိမ်ရှေ့စံမင်းသားက သူ့ဓားကိုဆွဲထုတ်လိုက်ပြီး သူ့ဒေါသကိုဖြေဖျောက်ရန်အတွက် လေကို အမှတ်တမဲ့လှီးဖြတ်လိုက်သည်။ ဒေါသသည် သူ၏တည်ငြိမ်မှုများအားလုံးကို ဖျက်ဆီးပစ်လိုက်သည်။

အခန်းထဲတွင် သူ့ကိုထောက်ခံအားပေးသူတစ်ဒါဇင်လောက်ကလည်း စိုးရိမ်သွားကြသည်။ အိမ်ရှေ့စံမင်းသားသာရှုံးရင် သူတို့အားလုံးသေမှာ။

အဲ့ဒါကြောင့်လည်း ထပ်တူထပ်မျှစိုးရိမ်ပူပန်နေကြသည်။

“အိမ်ရှေ့စံမင်းသား၊ ငါတို့အခုကိစ္စတွေကို အလျင်စလိုလုပ်စရာမလိုဘူး။” အဘိုးကြီးတစ်ဦးက ပြောလိုက်သည်။

"ငါက အလျင်လိုနေတဲ့ လူတစ်ယောက်နဲ့တူနေလို့လား။" အိမ်ရှေ့စံမင်းသားက သူ့ဓားကိုမြှောက်ပြီး ပြင်းပြင်းထန်ထန် ပြောလိုက်သည်။

"ငါ အဲဒီအဘိုးကြီးကိုသတ်ချင်​တယ်​" အိမ်ရှေ့စံမင်းသားက သူ့၏သွားများကိုအံကြိတ်လိုက်၏။

"မင်း စိတ်အေးအေးထားရမယ် မဟုတ်ရင် အစီအစဉ်တွေအားလုံး ပျက်စီးသွားလိမ့်မယ်" အဘိုးကြီးက သူ့အသံကိုမြှင့်လိုက်သည်။

စကြာ၀ဠာဘဏ် အတွဲ - ၁ (လီရှန်တောက်)စကြာဝဠာဘဏ် အတွဲ - ၁ (လီရှန်တောက်)Donde viven las historias. Descúbrelo ahora