Part66(uni+zawgyi)final

4K 76 4
                                    

Uni
"ဖေဖေ ဖေဖေ ​ဖေကြီးရေ"
"နက် နက် ဘာဖြစ်လို့လဲ နက် "
ညကြီး အချိန်မတော် အိပ်ရင်းထငိုနေတဲ့နက်ကြောင့် ခန့်ထယ်ဝါလဲ အလန်တကြား နက်ကို နှိုးရတော့တယ်
"ဟင့် ဟင့် ကိုကို ဖေဖေ ဖေဖေလေ...."
"အင်း ဖေဖေဘာဖြစ်လဲ သဲလေးရဲ့ ဖြေးဖြေးပြောလေနော် ရေသောက်လိုက်ဦး လန့်သွားတယ်မလား ရော ရေသောက်ပြီးမှပြောနော်"
ခန့်ထယ်ဝါကို အတင်းဖက်ထားပြီးငိုနေတဲ့ ကလေးငယ်ကြောင့် အလန့်ပြေအောင်ရေတိုက်ကာ လျော့တော့
"ဟင့် ဖေဖေကလေ နက်တို့ဆီ ပြန်လာမှာတဲ့ နက်ကိုလဲ ပြောတယ် ပြီးတော့ ပြီးတော့လေ အင့်"
ပြောမယ့်စကားတွေအကုန်လေမှာတန့်သွားတယ် ကိုကိုက နက်ကို စွဲဖက်လိုက်တာကြောင့်ပေါ့
"ကျေးဇူး ကျေးဇူးတင်ပါတယ်နက်ရယ်
ကိုကို့ကို ခုလိုပျော်ရွှင်မှုတွေရအောင် လုပ်ပေးလို့ ဖေဖေက ကိုကိုတို့ဆီပြန်လာတော့မှာပေါ့လေ"
"အင်း နက်လဲထင်တယ် နက်လေ ဖေဖေကို လွမ်းနေပြီ ဖေဖေနက်တို့ဆီ ပြန်လာရင်ကောင်းမယ်နော် ကိုကို"
"လာမှာပေါ့နက်ရ ကဲ ပြန်အိပ်တော့နော်
တော်ကြာနေ အိပ်ရေးမဝလို့ နက်ခေါင်းကိုက်နေမယ်လေနော်"
"ဟုတ်"
..................
ဆေးသမားတစ်ယောက်ရဲ့သက်တမ်းက ဘယ်လောက်ရှည်လဲလို့မေးရင် သင့်တင့်လျှောက်ပတ်တဲ့ပမာဏလောက်
ဆေးရနေသေးသရွေ့လို့ဖြေရမှာပဲ
ဆေးသမားဆိုတာ ဆေးများရင်လဲ(ဆေးလွန်ပြီး)သေတတ်သလို
ဆေးမရရင်လဲ ဆေးဆာပြီး လုပ်မိလုပ်ရာလုပ်ရာကသေးတတ်တယ်
ခုတော့ ခေါင်းစဉ်က ဆေးလွန်ပြီးသေပါတယ်ပေါ့
သတ္တိတစ်ယောက် ဒေါ်သက်ထားမေဆီက ရသမျှယူပြီး ဆေးပဲသုံးနေတာမို့ နောက်ဆုံး မူယစ်ဆေးရဲ့ ခေါ်ရာမရဏလမ်းကို ပျော်ပျော်ကြီးလိုက်သွားလေရဲ့လေ ဒါတောင် ဆေးထိုးအပ်တန်းလန်းနဲ့မို့ သေမှုသေခင်းတောင် တော်တော်နဲ့ မပြီးပျက်နိုင်အောင် ဖြစ်နေလို့ ခန့်ထယ်ဝါကပဲ အစအဆုံးကူညီရတော့တာပေါ့
ညီတစ်ယောက်ဖြစ်တာရော အမျိုးဆိုတဲ့အသိကြောင့်ရော ခန့်ထယ်ဝါ ဝမ်းနဲမိတာတော့ အမှန်ပါ
သတ္တိကို မမုန်းခဲ့ဘူးဆိုရင် လိမ်ရာရောက်ပါလိမ့်မယ် ဒါပေမယ့် ညီလေးတစ်ယောက်ဆုံးရှုံးသွားတာမို့
နာရေးဖြစ်နေတဲ့တစ်လျှောက်လူံးတော့
မျက်နှာ မကောင်းစွာ အစားအသောက်ကအစပျက်နေလို့ နက်ကိုယ်တိုင် နှစ်သိမ့်ရတဲ့အထိပင်
"ကိုကိုရယ် စိတ်မကောင်းမဖြစ်ပါနဲ့နော် ကိုသတ္တိလည်း ဒီလိုဘဝကြီးကလွတ်မြောက်သွားတာပေါ့နော်"
"ဟင်း လူမိုက်တို့ရဲ့လားရာလမ်းပဲလေ ဘယ်တတ်နိုင်မှာလဲ
ဒါပေမယ့် နက်ရယ် သတ္တိက အရွယ်ကောင်းပဲရှိသေးတယ်လေ သူထွက်သွားတာ သိပ်စောလွန်းတယ်ကွာ"
"ကဲပါကိုကိုရယ် ကိုကိုတောင် ဒီလောက်ဖြစ်နေရင် အန်တီမေကို ဘယ်လိုနှစ်သိမ့်မလဲ အန်တီမေ တော်တော် ခံစားနေရမှလေ
သူ့ကို နှစ်သိမ့်ဖို့ ကိိုကိုက ဒီလိုပြိုလဲနေလို့ဘယ်ဖြစ်မလဲလို့ "
"အင်း အန်တီမေလဲ အရူးတစ်ပိုင်းဖြစ်နေပါပြီကွာ သူ့ကြောင့်ဆ်ုတဲ့စိတ်နဲ့ သူကိုယ်သူအပစ်တင်နေတာ ဘေးလူတွေဖြစ်တဲ့ကိုကိုတို့တောင်မှ အန်တီမေ့ကိုမြင်ရတာ သနားမိတယ်"
.........

တစ်ချက်လေး စောင်းငဲ့ကြည့်ဦးWhere stories live. Discover now