PART 1❣️(Uni/Zaw)

25.1K 302 6
                                    

PART1

"ဖြောင်း"

"ဝိုး"

   တစ်ဖက်ဝိုင်းမှ လူငယ်တစ်စုရဲ့ဆူညံသံနှင့်အတူပုလင်းအချင်းချင်းတိုက်ပွတ်သံကြောင့် သူနဲ့အလုပ်ကိစ္စဆွေးနွေးနေသော တစ်ဖက်ပါတနာတို့နှစ်ယောက်သည်လည်း စကားပြောလက်စပြတ်သွားရကာ အသံတို့တိတ်သွားသည့်အထိကို ခတ္တစောင့်ဆိုင်းပေးရ၏။

    သူတို့ဝိုင်းနှင့်နံရံတစ်ခုသာ ခြားထားသဖြင့် ပြတင်းပေါက်ကနေ လှမ်းကြည့်လျှင် ဆယ်ကျော်သက်အရွယ် ကောင်လေးတစ်သိုက်နှင့် မိန်းကလေးအချို့....

ကလေးတွေ ရန်ဖြစ်နေကြတာဖြစ်မယ်.....

"ဘာအပြစ်ရှိလို့ ပြတ်ပေးရမှာလဲ ဒေစီမပြတ်ပေးနိုင်ဘူးနော် မောင်"

   ပန်းခရမ်းရောင်cross topကို အိပ်ကပ်ပေါ်တဲ့အထိတိုနှံ့သော '0'ကွာတားဂျင်းဘောင်းဘီနှင့်ကောင်မလေးက သူ့ကောင်လေး၏လက်မောင်းသွယ်သွယ်လေးကိုလှုပ်ခါပြီး မျက်ရည်အရွှဲသားနဲ့တောင်းဆိုခယနေသည့်စိတ်ပျက်စရာကောင်းတဲ့မြင်ကွင်းတစ်ခု။

"ကိုပျင်းသွားပြီ ဒေစီ.... မင်းက ဆွဲဆောင်မှုလည်းမရှိတော့ ကိုနှလုံးသားကမင်းကိုမခုန်ဘူးဖြစ်နေတယ်လေကွာ"

"ဖြောင်း...."

"အဟွန့်..."

"ဝိုး......ဖြောင်းခနဲ့ပဲကွာ..."

    အရိုက်ခံလိုက်ရတာကို တစ်ချက်မှမမဲ့သွားတဲ့အပြင် ရယ်ပါရယ်လိုက်ကာ သူ့အပေါင်းအဖော်တို့ကပါ ထိုဖြစ်စဉ်ကို ဟာသတစ်ပုဒ်ကိုထိုင်ကြည့်နေကြသေးသည်။ ကောင်မလေးက ကောင်လေးကိုပါးချလိုက်သည့်ပုံစံကိုလိုက်တုပပြီး ငိုနေသည့်ကောင်မလေးကိုလည်းပြ၊ ချိုးပြနေကြသည်။

ဟူး...ကလေးတွေ မလွယ်လိုက်တာ.......

"မိတ်ကပ်မပါရင် ဘာရုပ်မှမပေါက်လာတဲ့မင်းမျက်နှာ Fillerမထိုးရင် ရှိတောင်မရှိတဲ့မင်းနှုတ်ခမ်း၊ ပြီး‌တော့ဆီလီကွန်ကြီးနဲ့ကွာ....

   မပြောချင်တော့ပါဘူး.... မင်းကိုငါ့exလို့ပြောရမှာတော့ရှက်တယ်ကွာ အရိုက်ခံလိုက်ရတဲ့ငါ့ပါးကို အိမ်ရောက်ရင်နွားနို့နဲ့ဆေးပစ်အုံးမှ ငါ့ပါးလေးကျက်သရေယုတ်ပြီးကွာ အဟက်"

ချစ်မှရမယ် (Complete)Where stories live. Discover now