PART 9❣️(U/Z)

5.4K 147 12
                                    

PART 9❣️

နှိုင်းစွယ်တော်ရဲ့မိဘနှင့် ဦးကျော်ဇင်မောင်နဲ့ ကြည်သာတို့သည် အရင်ထဲက မြို့ပြအသိမိတ်ဆွေတွေအဖြစ်နဲ့ ရင်းနှီးနေပြီးသားမို့ အထွေအထူးမိတ်ဆက်စရာမလိုပေမယ့် ယခုချိန်တွင် ဦးကျော်ဇင်မောင်ရဲ့ ဒေါသကတော့ တစ်မြို့လုံးကို ပြာချလို့ရလောက်သည့်အနေအထား။

ဒီအဖိုးကလက်နဲ့ရေးထားတာကို ဟိုခွေးကောင်ကလေးမြေးက ခြေနဲ့အနောက်ကတစ်ကောက်ကောက်လိုက်ဖျက်နေတာ....

"သားက သမီးအပါ်မေတ္တာရှိနေမှန်း ယင်းတို့လည်းတစ်စက်မှမသိခဲ့ရပါဘူးလေးလေးရယ်.... သိခဲ့ရင်လည်း ယင်းတို့သမီးကို ဒီလိုအခြေအနေထိဖြစ်အောင် ခွင့်မပြုပါဘူးရှင်.... သမီးရဲ့ဂိုဏ်သိက္ခာနဲ့ထိုက်တန်တဲ့ တင်တောင်းမှုတွေ လူကြီးစုံရာနဲ့ လာတင်တောင်းပါချင်တယ်ရှင်..."

လေးလေးကျော်ဇင်မောင်ဟာ ဒီမြို့တွင် ချမ်းသာကြွယ်ဝမှုနဲ့ဂိုဏ်ရှိန်ကြီးမားတဲ့ လူအဖြစ်ထင်ရှားကျော်ဇောသည့် လူကြီးတစ်ဦးဖြစ်သလို သူမတို့လေးစားအတုယူရသည့် စီးပွားရေးသမားဟောင်းကြီးလဲဖြစ်ခဲ့ဖူးသည်။

"ကျုပ်မြေးကို ဘယ်တော့လာပြန်အပ်မှာလဲ"

"လေးလေး သဘောတူပြီးဆိုတာနဲ့ ယင်းတို့လာအပ်ပေးမှာပါ"

"တတ်နိုင်သမျှအမြန်ဆုံးလာအပ်ကြ"

"သမီးနဲ့ပတ်သက်ပြီး ဒီလိုလုပ်ပစ်သွားတဲ့သားအတွက်နဲ့ လေးလေးတို့ကို တောင်းပန်ပါတယ်ရှင့် "

"သိရင် ငါ့မြေးကို အမြန်ဆုံးခေါ်လာခဲ့တော့"

တစ်ဖက်ကဒေါသနှင့် တောင်ဝှေ့တစ်ချောင်းကို အားကိုး၍ ထွက်သွားပေမယ့် ဒီအတိုင်းဆက်ကျန်နေသော ထိုင်နေသည့်တစ်စုက အတိုင်းမသိပျော်ရွှင်နေကြသည်။

လူတိုင်းလိုချင်နေခဲ့သော ချွေးမလေးကို နှိုင်းရဲ့မေမေက ပိုင်ဆိုင်သွားရပြီ။

နောက်တစ်ယောက်လည်း ပျော်နေသေးတယ်.....

"ဦးမောင်ရဲ့ ကျေးဇူးနဲ့ တီတီချွေးမတကယ်ရသွားပြီ"

"သားက နှိုင်းကိုချစ်လို့ပေးတာနော် တီတီ"

"အေးပါကွယ်...ဒီသားလေးကိုလည်း တီတီချစ်လိုက်တာမှ"

ချစ်မှရမယ် (Complete)जहाँ कहानियाँ रहती हैं। अभी खोजें