PART 10❣️(U/Z)

5.6K 147 4
                                    


  PART 10❣️

(Part9က အရမ်းတိုနေလို့)

  မြို့ထဲကိုဦးတည်ပြန်ဝင်လာသော သူ့ကားသည် အရှေ့က အနက်ခြောက်ရောက်RRတစ်စီးနဲ့ လူတစ်ယောက်ကိုမြင်လိုက်လျှင် သေချာအောင်ကြည့်လိုက်တော့ သူ့ တစ်ဦးတည်းသောဦး‌မောင်မှန်းသိလိုက်သည်။ တစ်ယောက်ထဲဖြစ်နေသောကြောင့်စိုးရိမ်သွားကာ ဆိုင်ကယ်နား ကားကိုအမြန်ရပ်လိုက်၏။

  ဆိုင်ကယ်ကိုမှီပြီး စီးကရက်ကိုဖွာရှိုက်နေကာ သူ့ကားရပ်နေတာကိုတောင်သတိမထားသည့်အထိ အတွေးထဲနစ်မျောနေပုံရသည်။ ဒါမှမဟုတ် Hearing_aidမတပ်ထားလို့များလား။ အဖော်လည်းတစ်ယောက်မှအနားမရှိ....

“မေဦးမောင်”

  သူခေါ်နေတာကိုလည်း မကြားပုံရလျှင် မတပ်ထားသဖြင့် စိုးရိမ်မှုကပိုလာရသည်။

“ဦးမောင်”

‌ဒုတိယအကြိမ်မှာ ပခုံးကိုပုတ်ပြီး ခေါ်တော့မှ သူ့ဘက်ကိုလှည့်လာပြီး မြင်လိုက်တာနဲ့ မျက်မှောင်ကျုံ့သွားသည့်ရုပ်လေးက တကယ့်ချစ်စရာလေး....

မိန်းကလေးမှန်းသိနေတော့ ဒါကစူပုတ်ပုတ်ရုပ်လုံးလေးပေါ်နေသလို  နေမီးတစ်ယောက်ထင်နေမိ၏....

  Hearing-aidတပ်ရင်းနဲ့ပဲ သူ့ကိုမော့ကြည့်လာသော ဒီကလေးကသူ့ပခုံးအထက်ထိကို မြင့်သားပဲ။ဒါကြောင့်ဘီးကြီးတွေ အေးဆေးစီးနေတာ.......

“ခင်ဗျား ကျွန်တော့်နား ဘယ်တုန်းကရောက်နေလဲ"

“အခုပဲ မင်းဒီမှာဘာရပ်လုပ်နေလဲ”

“ဒီလိုပါပဲ”

  ပခုံးလေးတွန့်ပြပြီးပြောရင်း ဆိုင်ကယ်ပေါ်တတ်ဖို့လုပ်နေသည့်ကလေးကို တစ်ချက်မျှကြည့်ပြီး သူရောက်လာမှထွက်သွားရန်ပြန်နေသဖြင့်.....

“ငါ မနက်ဖြန်ရန်ကုန်သွားမယ် မင်း ကိုကိုလေးကိုဘာမှာချင်တာရှိလဲ”

“မရှိပါဘူး...”

“တစ်ခြားဘော်ဒါတွေရော”

“အရှေ့ရောက်သွားကြပြီ.... ဘာလဲဘဲကြီး ခင်ဗျား ကျွန်တော့်ကို စိုးရိမ်ပေးနေတာလား အခုက”

ချစ်မှရမယ် (Complete)Opowieści tętniące życiem. Odkryj je teraz