PART 21❣️(U/Z)

5.5K 132 0
                                    

PART 21❣️

" နေရာနည်းနည်းပဲယူတာလေဗျာ"

"မရဘူး"

"ခင်ဗျားကျထိုးထားပြီး ကျွန်တော်လည်းထိုးချင်တာပေါ့"

"မရဘူးဆို မရဘူးဘဲကလေး "

သူရေချိုးတဲ့နေရာအထိကို အနောက်ကနေ တကောက်ကောက်လိုက်လာပြီး ရင်ဘက်ပေါ်က Phoenixတတ်တူးကို နမ်းလိုက်ကိုက်လိုက်နဲ့ကပ်ပါလာပြီး သူထိုးထားသလို ပုံသေးသေးလေးတစ်ခုလောက် ထိုးချင်လို့ပါဟု ဆန္ဒပြတောင်းဆိုနေလေရဲ့....

"မပေးထိုးရင် ခင်ဗျားကိုမချစ်တော့ဘူးဗျ"

"တကယ် မချစ်ဘဲနေနိုင်လား"

  မှန်ကနေနှစ်ယောက်လုံးပုံကို ကွင်းကွင်းကွက်ကွက်မြင်နေရသဖြင့်ပြုံးမိပြီးပြောလျှင် တိခနဲ့တိတ်ကျသွား၏။

ဆက်ခနဲ့ပြန်မော့လာပြီး စူးတောက်နေသောမျက်ဝန်းဟာစိတ်တိုနေမှန်းသိပေမယ့် ကြင်နာမှုတွေကိုမမေ့လျောနေဘူး မေဦးမောင်တို့....

  ပခုံးအထက် မေ့ဖျားအောက်လောက်ထိရှိသောအရပ်လေးဟာ ခြေဖျားထောက်လျှင်တော့ သူ့နှုတ်ခမ်းနဲ့တန်းခနဲ့ထိနိုင်သည်ကို သိသည့်သူမဟာ မော့လာပြီးလက်တလုံးခြားကပ်ချွဲနည်းနဲ့ ဖိကပ်လာသည်။

  သူ့လည်တိုင်ကိုဖက်သွယ်ထားပြီး သူ့ကိုယ်ပေါ်မှာ ကပ်ထိုင်ချင်နေ‌ပုံရသော ကလေးကို အနမ်းတွေမလစ်ဟင်းစေဘဲ သူပွေ့ချီလိုက်လျှင် သဘောကျသွားပုံရသောကြောင့် နှုတ်ခမ်းကအပေါ်ကိုတွန့်သွားသည်ကို ခံစားလိုက်ရ၏။

   အစကပန်းရောင်အနမ်း အနက်ရောင်နယ်မြေသို့စိတ်ကကျူးကျော်ပြောင်းလဲချင်လာသောအခါ ကလေးကို အောက်ချပေးလိုက်ရင်း ကြည်လဲ့တောက်ပနေသော မျက်လုံးတစ်ဖက်ကိုဖျက်ခနဲ့မှိက်ချလိုက်ပြီး....

" မနေနိုင်လို့ပေါ့ နော်"

"ကို့စကားနားထောင်ပါ ကလေးရယ်"

"အား နာတယ်ကလေး"

  သူ့နှုတ်ခမ်းကို အားကြီးနဲ့ကိုက်ချလိုက်သဖြင့် သူအတော်အီစိမ့်သွားပြီး ကလေးကိုဆွဲမကာ ရေချိုးခန်းအပြင်ဘက်ကို ခေါ်ထုတ်ရတော့၏။

ချစ်မှရမယ် (Complete)Where stories live. Discover now