PART 15❣️(U/Z)

5.4K 151 9
                                    

PART 15❣️

“နှိုင်း မင်းငါ့ကို တောင်းပန်ဖို့ရှိတယ်မလား”

“‌ဗျာ ဟုတ်ကဲ့”

  မနဲ့ဖုန်းပြောဖို့ ဘယ်လောက်ခေါ်ခေါ် ပိတ်ထားသောဖုန်းကိုခေါ်နေရင်းမှ ကိုနေမီးအသံကြောင့်  သောက်နေဆဲစီးကရက်ကို ပြာခွက်ထဲထိုးထည့်ပြီးမှ ခေါင်းညိတ်၏။

“ဘာဖြစ်လို့လဲဗျ"

“တောင်းပန်မယ့်အစား ငါ့ကို တစ်ခုကူညီပေး... ဦးမောင်ရဲ့ ငါမမြင်ရတဲ့တစ်ဖက်က သူ့အကြောင်းကို ငါ့ကိုပြောပြနိုင်မလား"

“ဘာလို့လဲ ကျွန်တော်မပြောပြနိုင်ဘူး သိချင်သူ့ကိုမေးကြည့်ပေါ့

  သူနဲ့မင်းယလိုပဲ ဦးမောင်နဲ့နှိုင်းတို့ တစ်ဦးကိုတစ်ဦး ကာကွယ်ပေးတတ်ကြသည်ကို ခံစားမိလျှင် သူနဲ့မတွေ့ရခင်အထိ ဦးမောင်မှာ တွယ်တာရသည့်လူဟာနှိုင်းတစ်ယောက်ထဲသာဖြစ်နေပြီး သူပိုပြီးချစ်ပေးဖို့ဆုံးဖြတ်ချက်ကခိုင်မာလာ၏။

“ကိုကိုလေးပြောတော့ သူအရင်ကဒီလိုမဆိုးနေဘူးဆို"

”ဟုတ်မှာပေါ့"

နှိုင်းကလည်း လုံးဝမပြောဘဲ စကားရှောင်နေ၏။

“မင်းပြောရမယ် ဘာလို့လဲဆို မေဦးမောင်ကို ငါဖိုးဖိုးဆီက လက်ထပ်ခွင့်တောင်းထားပြီးသား ကလေးအကြောင်းကို ဘာပဲဖြစ်နေပါစေ ငါသိရမှဖြစ်မယ် အဲ့ဒါမှ မင်းသူငယ်ချင်းရဲ့ရင်ထဲကအစိုင်အခဲကို ငါကူညီနိုင်မှာ သူ့မှာမင်းလိုလူမျိုး နောက်ထပ်တစ်ယောက်လိုအပ်နေတယ် နှိုင်း..... ဒါကြောင့် မင်းလိုလူမျိုးဖြစ်ဖို့ကြိုးစားနေတဲ့ငါကို  မင်းအခွင့်အရေးပေးပါ သူဘာလို့ဒီလိုဖြစ်နေလဲဆိုတာကို ပြောပြပေးပါ ပလိစ် ...."

   ကိုနေမီးရဲ့တောင်းဆိုသံကို သူကြောင်၍ရပ်နားထောင်နေမိ၏။ ဦးမောင်ကို ကိုနေမီးက ဖိုးဖိုးတိုဆီမှာ လက်ထပ်ခွင့်တောင်းထားသည်တဲ့လား...

ဘယ်တုန်းကလဲ။ ကိုနေမီး သူ့ကိုပြဿနာမရှာတာက အစောကြီးထဲက ဦးမောင်အပေါ်ခံစားချက်ရှိနေတာလား...

ကိုနေမီးကိုရော သူယုံလို့ရပါ့မလား။

“မင်းသောက်မလား”

ချစ်မှရမယ် (Complete)Where stories live. Discover now