PART 8❣️(Uni/Zaw)

12.7K 266 11
                                        

PART8❣️

“မဖြစ်တော့ဘူး”

“နေပါအုံးဟာ.... ငါမှ ဖွင့်မပြောရသေးတာ”

“အေး မင်းအချိန်ဆွဲတာနဲ့ပဲ ငါဟိုဘဲရဲ့ပညာပေးတာခံလာရရင် တရားခံက မင်းပဲနှိုင်း.... မင်း ဒီညမှမဟုတ်ရင် တစ်သက်လုံး သူငယ်ချင်းယောက်ဖ မတော်တော့ဘူး”

  မေးလေးထောက်လိုက် ခါးလေးထောက်လိုက်နဲ့ ဟိုဘက်ဒီဘက်လျှောက်နေကာ ဦးမောင်ရဲ့မျက်ခုံးလေးနှစ်ဖက်က ဘာကိုအလိုမကျနေမှန်းသိတော့သလို နှိုင်းလည်းစဉ်းစားရကြပ်နေ၏။

“ဦးမောင် မင်းစိတ်မလောနဲ့ကွာ.... နှိုင်းဘက်ကိုလည်းအချိန်ပေးအုံးမှပေါ့”

“လီးကို အချိန်ပေး... ဟိုလူဘာပြောသွားလဲ မင်းမှမကြားတာ.... တောက်”

  တစ်ခါသုံးစက္ကူခွက်ထဲက black labelကို တစ်ခါတည်း‌မော့သောက်လိုက်လျှင် မျက်နှာကြီးက ရုပ်ဆိုးသွားတဲ့အထိ ရှုံ့မဲ့သွားရ၏။

“တအားများနေပြီး ဟေ့ကောင်...တော်တော့”

“အဲမိန်းမရဲ့မျက်နှာမြင်တိုင်း... ထိုင်းနေတဲ့ငါနားထဲ ဘာ‌ကြားနေရလဲသိလား”

ဦးမောင်ဆီက နာကျင်ခံစားရသည့် လေသံထွက်လာသောအခါ အကုန်လုံးကငြိမ်သက်သွားကြသည်။

“....”

“နင့်ကြောင့် ဒယ်ဒီသေရတာ.... နင်သာ ဒယ်ဒီကို လိုက်မပို့ခိုင်းရင် ဒယ်ဒီမသေဘူး။ ဒယ်ဒီကိုသတ်တာ နင်ဆိုပြီး လက်ညှိုးထိုးပြီးပြောပြောနေတဲ့ပုံကို အခုထိ မျက်လုံးထဲကမထွက်ဘူးသိလား နှိုင်း... ငါ့မျက်စိရှေ့ကနေ အဲ့မိန်းမကိုခေါ်သွားပေးစမ်းပါ....”

“ပြီး‌တော့ ဟိုအဖိုးကြီးကငါ့မာမီကို ဘာပြောလဲသိလား နင့်သမီးကိုယောက်ျားလေးပုံစံသွင်းနေသရွေ့ ငါ့ရှေ့တစ်သက်လုံး ပြန်မလာနဲ့တဲ့”

“သူတို့မမြင်ချင်တဲ့မာမီကို ဆုတောင်းပြည့်အောင် ငါလုပ်ပေးခဲ့ပြီ.... သူတို့ကြီးပဲ စိတ်ချမ်းချမ်းသာသာနဲ့နေတာကိုမြင်ရင် ငါ့မှာမာမီကိုသနားတယ်...  ယောကျ်ားဆုံးလို့ ဝမ်းနည်းခွင့်မရခဲ့ဘူး၊ နိုင်ငံခြားမှာ တစ်ယောက်ထဲ ဘယ်လောက်ကြောက်နေရှာမလဲ.....”

ချစ်မှရမယ် (Complete)Where stories live. Discover now