PART 24❣️(U/Z)

5.8K 129 0
                                    

PART 24❣️

“Sweet ကျုပ်ခေါ်နေတယ်လေ"

   အသံအနည်းငယ်မာလာသောကြောင့် သူမက ပြန်လှည့်ကြည့်လာသော်လည်း အလိုမကျ၍ မျက်မှောင်ကျုံ့ထားသည့်အနေအထားနဲ့....

ဒေါ်ယဉ်သူမျိုးတို့ ဘယ်တုန်းက ဒေါသထွက်တတ်သွားသလဲဟု သူပြုံးချင်ချင်ဖြစ်လာလျှင်....

“ဘာလဲ.....ငါဘာကိုင်ပေးရအုံးမလဲ"

“ဪ.... အဝတ်တွေကိုင်ပေးရလို့ ကျုပ်ကိုစိတ်ဆိုးနေတာပေါ့ ဟုတ်လား"

  အပေါ်ပိုင်းဗလာကျင်းကို ဘောင်းဘီတိုနဲ့ခါးထောက်ပြီး ဆံပင်ပါသပ်တင်၍မေးနေပုံက ပြေးရိုက်ချင်စရာ လှောင်ပြုံးနဲ့....

“ဟွန့်.... စိတ်ကလည်း လူလိုပဲပုပုတိုတိုနဲ့.... ဘာလေးလဲမသိဘူး"

“ငါ့ဘာသာ ငါပုပုတိုတို ငါ့ကိုမလိုအပ်ဘဲနဲ့ ဘာလို့ဒီကမ်းခြေကိုခေါ်လာသေးလဲ"

“ဟမ် ဟက်....ဟားဟား”

အခုမှနားလည်တော့သည်။

“အာ..... မောင့်Sweetက ရေမကူးရလို့စိတ်ဆိုးနေတာလား”

“မဆိုးပါဘူး"

   အနားကိုရောက်လာပြီး သူမကိုင်ထားသောအဝတ်တို့ကို သူလက်လွှဲပြောင်းယူလိုက်ရင်း Sweetရဲ့ကိုယ်လုံးကိုယ်ပေါက်ပေါ်လွင်နေသောခါးကျင်းကျင်းလေးကို အားနေတဲ့နောက်လက်တစ်ဖက်နဲ့ဆွဲဖက်၍ ပါးကိုနမ်းလိုက်ပြီးမှ.....

“သားက Sweetကို ဥထားတာလေ... ဒီလောက်လှတဲ့မောင့်မိန်းမကို လူတွေအများကြီးရှိတဲ့နေရာမှာ ပေးကူးစရာလား.... လာ မအတွက် သီးသန့်နေရာလေးတစ်ခု မောင်ဖွက်ထားတာရှိတယ် မောင်တို့အတူတူပြန်ကူးမယ်ကွာ"

“ဟင်”

  Sweet၏တကယ်လားဟု မေးနေသည့်မျက်နှာလေးကို မျက်လုံးတစ်ဖက်မှိတ်ပြ၍ ခေါင်းညိတ်လိုက်၏။

   ပြီးတော့ သက္ကတို့ရဲ့အင်္ကျီကို သူတို့ရဲ့ဘန်ကလိုရှေ့မှာ ဖြစ်သလိုချပေးလိုက်ပြီး သူချစ်ရသောSweetကို အလိမ်နံရံပါးပါးလေးထဲကိုခေါ်သွင်းသွားပါတော့၏။

  အခန်းထဲမှာ ကိုယ်ပိုင်ရေကူးကန်တော့ရှိတယ်  ရေတော့ကူးလို့မရဘူး ကျန်တာကူးလို့ရတယ်မောင့်Sweetရဲ့ ဟွန့် ဟွန့် .....

ချစ်မှရမယ် (Complete)Unde poveștirile trăiesc. Descoperă acum