PART 13❣️(U/Zaw)

5.7K 166 4
                                    

PART 13❣️

  အသိစိတ်ကနိုးလာသည်နှင့် သူအသက်ရှုလိုက်လျှင် ရင်ဘက်နဲ့တစ်ခုခုကထောက်နေသောကြောင့် ငုံ့ကြည့်လိုက်ကာ ဖြတ်ခနဲ့မျက်နှာတစ်ခုကပေါ်လာသဖြင့် လန့်ဖျန့်သွား၏။

  ညကအသိစိတ်ကင်းမဲ့နေခဲ့သဖြင့် သူဦးမောင်အပေါ် တွင် အမှားတစ်ခုခုကျူးလွန်းခဲ့မိလားဟု အသဲအသန်ပြန်စဉ်းစားနေရ၏။ လစ်မစ်ထက် သောက်ခဲ့သောကြောင့် ဦးနှောက်ကိုအလုပ်ပေးလျှင် ခေါင်းကကိုက်တစ်ဆစစ်ဆစ်ကိုက်လာ၏။

နမ်းရုံအပြင် ဘာမှမဖြစ်ခဲ့ဘူး.....

တော်သေးတယ် ကလေးမကြိုက်တဲ့ဟာကို သူလုပ်မိခဲ့မလို့။

   ကလေးနိုးလာလျှင် အနေရခက်မည်ဆိုးသောကြောင့် ရင်ခွင်ထဲရှိနေသောကလေးနှဖူးကို ဖွဖွလေးခတ္တနမ်းပြီးမှ သူတိုးတိုးသာသာလေးအရင်ထလိုက်၏။

   နောက်နေ့ နောက်နေ့တွေမှာလည်း သူ့ရဲ့မနက်တိုင်းမှာ ဒီလိုပုံစံလေးဖြစ်ရင် ရင်ခုန်ဖို့သိပ်ကောင်းမှာပဲဟုပြုံး၍ စိတ်ကူးယဉ်နေမိသေး၏။

  နိုးလာတဲ့အခါ မနက်စာစားရန်အတွက် လုပ်ပေးရအုံးမည်။ ညကမူးမူးနဲ့ဝယ်လာသည့် ဦးမောင်စားရန် Rainbow Cakeတစ်လုံးနဲ့ ပေါင်မုန့်မီးကင်လေးခုကို အရင်ပြင်ထားပြီးမှ ရေသွားချိုး ကုပ္မဏီသွားရမည့်အဝတ်အစားကိုအမြန်ဝတ်ကာ  သူ့ကိုယ်သူပြန်ဆန်းစစ်ရင်း အနက်ရောင် trend suitနဲ့ဟာ သူသည် ကလေးထကါများ အသက်ကွာနေသလိုများဖြစ်နေမလားဟုတွေးမိသွား၏။ ဒါပေမယ့် မင်းယနဲ့ကိုကိုလေးလဲ လေးနှစ်ကွာတာကမသိသာနေ။ သူနဲ့ဦး‌မောင်လည်း လေးနှစ်ကွာတာကို အရမ်းကွာတယ်ထင်နေသည့် ထိုအတွေးကိုမေ့ဖျောက်လိုက်၏။

  မျက်နှာသစ်ပြီး မနက်စာစားဖို့ခေါ်ရန် ဦးမောင်ရှိရာအခန်းထဲဝင်လာလျှင် သကောင့်သားဟာနိုးနေပြီ စီးကရက်တစ်လိပ်နဲ့ ပြတင်းပေါက်ကနေအပြင်ရှူခင်းကို ငေးနေတာအခန့်သား.... ဟိုဟာဖြစ်နေပါတယ်ဆိုမှ နှုတ်ခမ်းမှာလဲ စီးကရက်နဲ့ကွာ...

ငါကသာတစ်ဖက်သတ်ဖြစ်သည်းနေတာ သင်းက သင်းခန္တာကိုယ်ကိုမှတ်တောင်မိရဲ့လားပဲ။

ချစ်မှရမယ် (Complete)Wo Geschichten leben. Entdecke jetzt