PART17❣️(U/Z)

5.2K 134 5
                                    

PART 17❣️

“မေဦးမောင်"

“‌ဗျာ"

  “ကို ကလေးရဲ့ ညှပ်ရိုးပေါ်မှာLove biteဆိုတဲ့အမှတ်အသားတစ်ခုလောက်ပေးချင်တယ် ရမလား”

   ခွင့်တောင်းလာသောအရာကြောင့် ဦးမောင်မှာ မိုက်ခနဲ့ဖြစ်သွားရ၏။

ငါပဲ သူများကိုပေးခဲ့ဖူးတာ အခုတော့ ငါ့အလှည့်ကျပြီလား...

ဝဋ်လည်ပြီလား။

   “တကယ်ကို တစ်ခုပဲတောင်းဆိုချင်တယ် ဒါကလည်း ဘဝမှာမိန်းကလေးတစ်ယောက်အပေါ်ပထမဆုံးအကြိမ်တောင်းဆိုဖူးသလို အဲ့တာကလည်း မင်းတစ်ယောက်ကိုပဲစိတ်ကလိုချင်နေတာ"

   ဒီအတိုင်းယူလိုက်ရင် ပြီးနေတာကို လူကိုခွင့်လာတောင်းနေသဖြင့် တိုင်ပတ်ရချေပြီ။

   ဒီလိုနူးညံ့နေသော လူသား၏ဝင်လေထွက်လေက သူ့လည်ပင်းမှာနွေးနေတော့ လူကဘာလုပ်ရမှန်းမသိ။

ဟူး.... ခေါင်းငုံ့၍သက်ပြင်းချမိသည်။

   သူ့လုပ်ရပ်ကိုအဓိပ္ပါယ်တစ်မျိုးပေါက်သွားမှန်းမသိလိုက်စဉ်  ကြံ့ခိုင်၍ ခန္တာကိုယ်ကြီးသောသူရဲ့ဘက်ကိုဆွဲလှည့်ခြင်းကိုခံလိုက်ရပြီး လည်ပင်းက အေးခနဲ့ခံစားလိုက်ရသဖြင့် လူကမော့သွား၏။

   သဲနုရောင်အင်္ကျီလည်ဝိုင်းထဲကို လက်မနဲ့လက်ညိုးကို အပြင်ထုတ်ပြီး တစ်ဖက်လျှို၍ ဘေးသို့ ရွှေ့လိုက်လျှင် အစိမ်းနုရောင်သန်းနေသော သွေးကြောတို့နဲ့အပြိုင် သူ့ကိုစိတ်လှုပ်ရှားစေသဖြင့်  အာခေါင်ခြောက်ကပ်လာသလိုလိုဖြစ်လာပြီး တံတွေးမသီးမိအောင် အသက်မနည်းရှူနေရသည်။

“မေဦးမောင်”

“ဟင်”

   ရှက်လို့သေချင်နေပါတယ်ဆိုမှ လူကိုအတင်းခေါ်နေပြန်ပြီ လုပ်စရာရှိတာမြန်မြန်လုပ်တာမဟုတ်ဘူး။

   ပိတ်ထိုးပစ်ရင် သေနေအုံးမယ်....

“ကို့ကို တကယ်ရော ခွင့်ပြုပေးမှာလား"

“လုပ်စရာရှိ မြန်မြန်လုပ်စမ်းပါဗျာ စိတ်တိုလာပြီ”

   သူ့လက်ကိုပုတ်ထုတ်ပစ်ပြီး သူမကိုယ်တိုင် ညှပ်ရိုးပေါ်အောင် ဘေးတစ်စောင်းဆွဲချပစ်လိုက်ပြီး သူ့ကိုခွင့်ပြုနေပုံက တကယ့်ကိုချစ်မဝလေး။

ချစ်မှရမယ် (Complete)Nơi câu chuyện tồn tại. Hãy khám phá bây giờ