PART 11❣️(U/Z)

5.5K 147 9
                                    

PART 11❣️

     နှစ်နာရီလောက်ကြာတဲ့အထိ အထဲကပိတ်ထားသော အခန်းကိုမော့ကြည့်ပြီး Sweetမျက်ရည်တွေအခုထိမတိတ်သေးတာကို သတိရလိုက်လျှင် အမြန်သုတ်လိုက်၏။

ကျောက်ကုန်သည်တွေဖြစ်ကြသည့်အညီ နှိုင်းရဲ့အဖေနဲ့အမေတို့ အိမ်မှာမရှိတာနဲ့ သူလွတ်လပ်ရေးရနေကာ Sweetကိုအထဒဝင်ခွင့်မပေးတဲ့အပြင် နှိုင်းကသူဘာလုပ်နေတာလဲဆိုတာကိုပါ တစ်ခါတည်းပြောပြခဲ့သောကြောင့် ဒီမျက်ရည်တွေက ရပ်လို့မရတဲ့အထိ။

ဒီအချိန်မှာ ဘယ်သူ့ကို သူမအားကိုးပြီး ပြောပြရမလဲ။

“နှိုင်း”

“နှိုင်း.....နင်တံခါးမဖွင့်ရင် ငါအိမ်ပြန်လိုက်မှာနော်”

ကျွီ...

  ဒီစကားတစ်ခွန်းဟာ နှိုင်းသူမကို တကယ်ပဲတံခါးဖွင့်ပေးလိုက်လျှင် စုတ်ဖွာနေသောဆံပင်ပွယောင်းယောင်းနဲ့ ရဲနေသောတည်ငြိမ်မှူမရှိ‌သောမျက်ဝန်းတစ်စုံ.....

“ခင်ဗျား မပြန်ရဘူး”

“နင် ဘာတွေလုပ်နေလဲ ဟင်... ဘာလို့ဒီလိုလုပ်ရတာလဲ.....ဦးမောင်ရော နင့်လိုပဲသုံးနေလား”

  ဘယ်လိုပဲမုန်းနေပါစေ ဦး‌မောင်လုပ်မိနေမှာကိုလည်းကြောက်နေမိ၏။

“အပိုတွေ ဒီအကြည့်တွေက ဦးမောင်ကိုစိုးရိမ်ပေးနေတဲ့အကြည့်နဲ့မတူဘူး  ခင်ဗျားစိုးရိမ်ပေးလည်း ယုံမှာမဟုတ်ဘူး"

  ခါးကနေ ကိုင်မြှောက်ခံလိုက်ရသော‌အခါ လန့်သွား၍ နီးရာတစ်ခုခုကိုအသဲအသန်အားကိုဆွဲလိုက်လျှင် Sweetသည် နှိုင်း၏ပခုံးကိုသာ အားကိုးလိုက်ရ၏။

“ငါ့ကို မနှိပ်စက်ပါနဲ့တော့ နှိုင်းရယ်”

“ဒီအထိအတွေ့တွေက နှိပ်စက်နေတာမဟုတ်ဘူး မ... ချစ်လို့ပါ”

  ဦးမောင်နဲ့ပတ်သက်ရင် မကို ကြည့်မရပေမယ့် သူ့နှလုံးသားနဲ့ပတ်သက်ရင်တော့ မ ဟာသူ့ရဲ့နတ်ဖုရားလေးတစ်ပါး.....

နံရံဘက်ကိုကျောကပ်သွားသည့်အထိ နတ်ဘုရားမလေးကို တွန်းပို့လိုက်ပြီး....

“မောင့်စကားကိုနားထောင် ငြိမ်ငြိမ်နေနော်....”

  ဒီအနမ်းတွေ ဒီအထိအတွေ့တွေကို ကြိုက်လည်းမကြိုက်ဘူး မုန်းလည်းမမုန်းဘူး ကြောက်နေတာ... နှိုင်းကိုလည်းကြောက်တယ်...

ချစ်မှရမယ် (Complete)Where stories live. Discover now