PART 3❣️(Uni/Zaw)

15.4K 286 2
                                        

PART 3❣️

    ထီးလိုမင်းလိုဘုရား အရှေ့လမ်းဝနားက ကွမ်းယာဆိုင်တစ်ခုကနေ ကားရပ်ပြီး စီးကရက်တစ်ဘူး ဝင်‌ဝယ်နေတုန်း BMWs1000RR အနက်ခြောက်ရောင် နှစ်စီး၏အင်ဂျင်ပါဝါသံကိုကြားသဖြင့် လိုက်ကြည့်မိ၏။ သူ့မှာဝယ်ဖို့စိတ်ကူးနေတုန်းရှိ‌သေး ဒင်းတို့ကဂေါ်နေပြီ။

   အခုတလော အလုပ်တွေပိနေပြီး အချိန်မရလို့သာ မဂေါ်နိုင်သေး။ အသက်အရွယ်တစ်ခုရောက်နေလို့လားမသိ အရင်လို တဇွတ်ထိုးဆန်နေဖို့ထက် သူအေးအေးဆေးဆေးသာနေချင်တော့သည်။ အရင်လိုပြိုင်ဆိုင်လိုစိတ်လည်း သိပ်မထားဖြစ်တော့ကြာပေါ့....

    ဟိုတယ်ကိုရောက်လာသောအခါ စောစောကRRနှစ်စီးဟာ သူ့ဟိုတယ်ဝင်းထဲတွင်ရပ်နေသောကြောင့် တစ်ချက်ပြုံးလိုက်မိ၏။

ငါ့ဧည့်သည်တွေက အဂေါ်ပဲ။

    ဘယ်သူလဲဆိုတာသိချင်နေပေမယ့် ပြီးတော့မှစုံစမ်းတော့မယ်။ သူ့အခန်းဘက်ကိုလျှောက်ပြန်လာလျှင် ရေကူးကန်ဘက်တွင် ရေကူးနေသော ကောင်လေးတစ်စု....

   ဒီကောင်လေးတွေထဲကနှစ်ယောက်လည်း ဖြစ်နိုင်သလို မဟုတ်တာလည်းဖြစ်နိုင်သည်။

"တစ်ရက်ထဲနဲ့ပုဂံသူကို ကြွေအောင်ခြွေနိုင်တဲ့ ငါ့ကောင်အတွက် ချီးယားကွာ"

"ချီးယား"

"ချီးယား"

   မိန်းကလေးတစ်ယောက်ကို လိုက်နိုင်လို့ မာန်ထောင်လွှားနေသော ကောင်လေးတစ်စုအနားကိုဖြတ်သွားမိသောအခါ ချီးကျူးခံနေရသည့်လူက ဟိုကောင်ဖြစ်နေသည်။

  ရေကန်ဘောင်ဘေးတွင် တင်ပလ္လင်ခွေထိုင်ပြီး ခေါင်းကရေကန်ဘက်ကို ငုံ့ကျလုမတတ်ငိုက်ကျနေပြီး လက်က ဘီယာဘူးနဲ့ကောင်မလေးတစ်ယောက်ကိုလည်း ဖက်ထားသေးသည်။ ဘယ်လောက်တောင်သောက်ထားလို့ ဒီလောက်ထိကွဲပြဲနေလဲဆိုတာ သူ့အလုပ်မဟုတ်သဖြင့် မသိချင်ယောင်ဆောင်လိုက်သည်။

  ဒါပေမယ့် ဘာလို့ဘာမှန်းမသိ ဒီကောင်လေးနဲ့ပတ်သက်လျှင် သူ့ဒေါသကအလိုလိုထွက်နေတတ်တာကို နားမလည်ပေ။

"ဟိုဘဲကြီး ဘယ်ကပြန်လာလဲ"

  ဒီလောက်မူးနေတောင် သူ့ကိုမြင်ဖြစ်အောင် မြင်လိုက်သေးသည်။ ခွေးသားလေးက.....

ချစ်မှရမယ် (Complete)Место, где живут истории. Откройте их для себя