PART 5❣️(Uni/Zaw)

6K 155 0
                                    


  PART 5❣️

   ဒီလောက်ရာသီဥတုပူတဲ့အထဲ ဟူဒီအနက်နဲ့ပေါင်လည်ထိတို၍ပွသော ဘောင်းဘီအနက်ရယ် မျက်မှန်အမဲနဲ့ထမင်းဝိုင်းတွင်ထိုင်နေသော ကျက်သရေတုံးကောင်ကိုကြည့်ရင်း သူဒေါသထွက်ပြီး အော်ဟစ်ဆူညံပစ်လိုက်လည်း ဦးကျော်ဇင်မောင်အတွက် အပိုပဲရှိနေအုံးမှာ ။

  ဒီနေ့ဆူဟောက်၊ ရန်ပွဲဖြစ်လိုက်လည်း မနက်ဖြန်မနက်ကျရင် ဒီအချိုးမျိုးပဲ ထပ်မြင်ရမှာက မထူးခြားတဲ့ ဦးမောင်ရဲ့ပင်ကိုယ်ဗီဇစတိုင်လားတော့မပြောတတ်။ ရန်မဖြစ် အနာတရားမပါလာဘဲ အိမ်ပြန်လာတဲ့ရက်ဆို တစ်ရက်ဆိုတစ်ရက်မှကိုမရှိဖူးဘူး......

  ဒီကလေး ဒီလောက်အခြေအနေထိဖြစ်သွားတာ ဘယ်သူက စမှားသွားလဲ ...

  မေဦးမောင်ရဲ့အဖေဖြစ်တဲ့ သူ့သားလား၊ အမေဖြစ်တဲ့ချွေးမကြောင့်လား နောက်ဆုံးသူ့ကြောင့်လား....

  သေချာတာကတော့ ဒီမြေးဟာ သူတို့သုံးယောက်ထဲကလူကြောင့်ပဲ ဒီလိုပြောင်းလဲသွားရတာပဲ။

"ဘယ်သူနဲ့ ရန်ဖြစ်လာလဲ"

"ရန်ဖြစ်လာတာမဟုတ်ဘူး ....မတရားခံလာရတာ"

" ဪ မင်းလား မတရားခံလာမှာ မင်းဘက်ကအရင်စလို့ ဒီပုံစံဖြစ်နေတာနေမှာပေါ့"

"အဟက်"

  သိပ်ချစ်လှစွာသောမြေးသားမတ်လောင်းနဲ့  တစ်ပွဲတစ်လမ်းဖြစ်လာတာလို့ ပြောပြလိုက်လျှင် ဦးကျော်ဇင်မောင်တို့များ သွေးတိုးတတ်နေမလားပဲဟု တွေးမိကာ တစ်ယောက်ထဲ ကြိတ်ပြုံးလိုက်မိပြန်၏။

"မင်း ပုဂံကို ခဏခဏသွားနေတာဆို"

"ကိုယ့်ပိုက်ဆံနဲ့ကိုတည်းတာပါ"

"မင်းကိုငါ ပိုက်ဆံအကြောင်းပြောနေလားကလေး.. မင်းဆိုင်ကယ်နဲ့သွားနေတာ အန္တရာယ်များတယ် ... ကားမမောင်းချင်ရင် နှိုင်းနဲ့သွားနေတာပဲ သူ့ကိုပေးမောင်းလိုက်ပေါ့... မင်းတစ်ခုခုဖြစ်သွားရင်..."

"အဟား ဟား...ကျွန်တော်ဖြစ်သွားရင် ခင်ဗျားတို့ပွဲပြီးသွားမှာပေါ့.... ဟင့်အင်း ကျွန်တော်မသေနိုင်သေးပါဘူး.... အင်း...မာမီကိုတစ်ခေါက်လောက်ပြန်တွေ့ပြီးမှ သေနိုင်မယ်ထင်တယ်"

ချစ်မှရမယ် (Complete)Où les histoires vivent. Découvrez maintenant