PART 27❣️(U/Z)

6.5K 143 13
                                    

PART 27❣️

"အဲ့ အဲ့"

လူ့လောကထဲကိုရောက်‌လာတဲ့ ရက်ပိုင်းလောက်ပဲရှိသေးသည့်နီတာရဲလေးကို တို့ထိကြည့်လျှင် အယ့် အယ့်ရယ်သံလေးနဲ့အတူ သူမလက်ချောင်းကို အပီဆုတ်ကိုင်ပြီး ရယ်ပြပြုံးနေ၏။

  ထိလိုက်ထဲက ဘာမှန်းမသိသော စိတ်ကြည်နူးနေသလိုခံစားချက်နဲ့အတူ သူမစိတ်လှုပ်သွားတာကိုလည်း သတိထားလိုက်သည်။

  သူမထင်ထားခဲ့သလိုပဲ အမေတူသမီးလေးက သူ့ကိုမြင်တာနဲ့ ပြုံးပြနေပုံက မေချစ်သူကိုကို အငယ်စားလေးဆိုတာ ပြေးမှားစရာမရှိတော့.....

  ဒီပေါက်စသေးသေးလေးကိုမြင်လျှင် မာမီကို လှစ်ခနဲ့သတိရသွားပြီး မာမီလည်း သူမတို့ညီအစ်မနှစ်ယောက်ကို ထိုသို့ကြည့်ခဲ့ဖူးမှာကိုပါ သတိရစေသည်။

  မာမီ နောင်တမရှိဘဲပျော်ပျော်ရွှင်ရွှင်နေနေပါ ကျွန်တော်တို့လည်း ကိုယ့်ဘဝနဲ့ကိုယ့်ပျော်ရွှင်မှုကိုရှာတွေ့နေပါပြီ.....

  အမေတစ်ယောက်စတင်ဖြစ်လာသော ကုတင်ပေါ်က ကိုကို၏ပြုံး၍ကြည်နူး‌နေသောမျက်နှာလေးမှဆံနွယ်တို့ကို သပ်သိမ်းပေးရင်း...

"ချစ် နင် အမေဖြစ်သွားပြီနော်.... ကလေးကလည်း သူ့အမေနဲ့တစ်ပုံစံထဲပဲ ချစ်စရာလေး"

"အင်း....  ငါပျော်နေတယ် မောင်"

"အင်း ပျော်ရမှာပေါ့.... နတ်သမီးလေးလိုလှပနေတဲ့ကောင်မလေး စိတ်ထားလှတဲ့ကောင်မလေးက လူချစ်လူခင်လည်းများတယ် ဘုရင်မတစ်ပါးလိုအလိုလိုက်ချစ်တတ်တဲ့ယောက်ျားလည်းရှိတယ်။ဘုရင်မနဲ့တူတဲ့မင်းသမီးလေးလည်းရောက်လာပြီ.....ဒီလိုကောင်မလေးမျိုးနဲ့ သိခွင့် ခင်ခွင့်ရတဲ့ငါတောင် နင့်ကိုအားကျနေပြီ ပျော်ရွှင်ပါစေနော်ငါ့ချစ်"

"အားကျရင် ငါ့အစ်ကိုကို အချိန်မဆွဲထားနဲ့"

"အင်းပါ"

  တစ်ယောက်လက်ကိုတစ်ယောက် ဆုပ်ကိုင်ပြီးအားပေးနေသော ကောင်မလေးနှစ်ယောက်ကို နေမီးနဲ့မင်းယက အပြုံးပီတိနဲ့ ရပ်ကြည့်နေကြ၏။

  မားနဲ့ ဖေဖေ အန်တီမြယမင်းသွင်နဲ့ ဦးမင်းထက်ရှားက သူတို့မြေးဦးမလေးနားမှာလည်း တဝဲလည်လည် ဘာကိုဗျာများနေမှန်းမသိ။ မထိရက်မကိုင်ရက်နဲ့ ယုယုယယနဲ့ သည်းသည်းလှုပ်နေကြ၏။

ချစ်မှရမယ် (Complete)Where stories live. Discover now