Chapter 3(Unexpect meeting )

1K 41 2
                                    

Unicode

ခိုင် ဘုန်းမြတ်နဲ့တွေ့ဖို့ ပြင်ဆင်ပြီးထွက်လာတဲ့အချိန်
''မမ''ဆိုတဲ့ ကျွန်မညီမခေါ်သံ

''ဘာလဲ''

''မမ မင်္ဂလာ ဝတ်စုံ ပြန်ယူလာတာလား''

သူမေးနေကတည်းက ဒါသူလိုချင်နေမှန်းကျွန်မ သိလိုက်ပြီ လိုချင်လောက်သည့်အရာပင်

ကျွန်မကို အကြွေးကြောင့်လက်ထပ်လိုက်ပေမယ့် သူမင်္ဂလာပွဲကိုတင့်တောင့်တင့်တယ် နဲ့လုပ်ပေးခဲ့တယ် ဝတ်စုံမှာလည်း အဖြူရောင်မြန်မာမင်္ဂလာဝတ်စုံကိုမှ ပိတောက်ပန်းပုံ တွေကို ကျွမ်းကျင်ပညာရှင်တွေနဲ့ရွှေကွပ်ပေးခဲ့သောဝတ်စုံပင်..

ကျွန်မကသာ ထိုသူကိုမုန်း၍ London ကနေ အဲ့ဝတ်စုံကိုစျေးပေါပေါနှင့်ရောင်းဖို့ယူခဲ့ခြင်းပေ..

''အမ ညီမယူလို့ရမလား''

''ဟုတ်တယ်နင်လည်းအဲ့ဝတ်စုံကိုကြည့်ရတာလဲ မဟုတ်ပဲနဲ့'' အမေကအဲ့လိုအချိန် အတိုင်အဖောက်ညီနေပါတယ် ဒါပေမယ့် ဒီတစ်ခါတော့ခိုင် မစွန့်လွှတ်တော့ပါ....

''နင်ယူလို့မရဘူး နင်သူများမင်္ဂလာဝတ်စုံကိုတောင်းတာ မရိုင်းဘူးလား''

''ရှင်''

''မမ ညီမက မမ အတွက်အရေးမကြီးဘူးထင်လို့ပါ''

နန်းသက်လျာဆိုတဲ့ ခိုင့်ညီမအရင်းခေါက်ခေါက် သူခိုင့်ကိုသစ္စာဖောက်တာခိုင် အသိဆုံးပင်...

အခုလည်း သူသဘောရိုးနှင့် ခိုင့် ကို ချိုသာနေတာမဟုတ်မှန်း ခိုင် သိနေသည်...

''ငါ့မင်္ဂလာဝတ်စုံက တစ်သက်မှာတစ်ခါပဲရတာ အဲ့ဒီလိုဝတ်စုံမျိုးက ပေးချင်တဲ့သူကိုပေးလို့မရဘူး''

သူ့အဖြေကိုနန်းသက်လျာတစ်ယောက် သဘောမတွေ့ပုံပင် ထို့အပြင်သူ့အမေကပါဒေါသထွက်နေပါသေးသည်... ဒါ့ကြောင်သူလည်း..

''အမေတို့အခုလိုချင်တဲ့ဝတ်စုံက ကျွန်မပိုင်တဲ့ပစ္စည်းမဟုတ်ဘူးနော် Mr Alex ပိုင်တဲ့အရာဆိုတာမှတ်ထားပါ''

''သူရဲ့အကြောင်းကို အမေတို့ကပိုကောင်းကောင်းနားလည်မှာပါ''

Dear my foreigner husband (ချစ်ရပါသောပင်လယ်ရောင်မျက်လုံးပိုင်ရှင်လေး)Where stories live. Discover now