Chapter 30

266 20 1
                                    

''ဒီကားရဲ့စျေးကဘယ်လောက်လဲ?''

သူမမေးလိုက်တဲ့မေးခွန်းဟာ သူလိုချင်နေတဲ့မေးခွန်းမဟုတ်ပေ။

ဒါကို Joseph တော​င်မှမှန်းလို့ရနေတယ်။

သူမရဲ့မေးခွန်းက Alex ရဲ့ ခန္ဓာကိုယ်တစ်ခုလုံးကို တောင့်တင်းသွားစေ၏။

''ဘာလုပ်မလို့လဲ''

သူ့ရဲ့အေးစက်စက် ခွန်းတုံ့ပြန်သံကို
ကြားလိုက်ရတဲ့ မိန်းကလေးကတော့
တစ်ချက်မျှတွန့်သွားကာ သူမဘာအမှားလုပ်မိလဲ
စဥ်းစားနေဟန်ပင်။

Alex ၏မျှော်လင့်ချက်များသည် သူမရဲ့စကားလုံးများကြောင့် တစ်စစီချေဖျက်ခံရလေသည်။

''မင်းဘာလုပ်မလို့လဲ''

''ဘာမှမဟုတ်ပါဘူး ကားလေးက ကြယ်တွေနဲ့ဆိုတော့ တော်တော်စျေးကြီးမှာပဲလို့တွေးမိလို့ပါ''

''မင်းကြိုက်လို့လား''

''အ အင်း''

''မင်းထင်သလောက်တော့ မရှိပါဘူး''

''အော် ဟုတ်လား''

သူ၏ပြောစကားကြောင့်ခင်ကလျာခိုင်တစ်ယောက်စိတ်အေးသွားလေသည်။ တော်သေးတာပေါ့ အရင်ကသူမ ဖျက်စီးခဲ့တဲ့ကားက စျေးသင့်လို့ပဲ။

သူမရဲ့နောက်ကျောဘက်မှာတော့
ပြုံးနေတဲ့ Alex နဲ့
အရှေ့ခန်းကစျေးမရှိပါဘူးလို့ကြားလိုက်
ရကတည်းကဖြစ်သွားတဲ့ Joseph ရဲ့မျက်နှာကိုတော့ သူမတွေ့မှာမဟုတ်ပေ။

Joseph တစ်ယောက်ကတော့ သူ့သခင်လေး မဟုတ်တာပြောနေမှန်း သူသိနေ၍ပင်။

ဘယ်ကသာစျေးပေါတာ?! သခင်လေးခေါင်းကတော့
သခင်မလေးနဲ့တွေ့တိုင်းလွတ်နေလေပြီ။

ဒီတစ်ချိန်တင်လွတ်နေတာမဟုတ်ဘူး။
အချိန်တိုင်းနီးပါး လွတ်နေတာပင်။

အခုလောလောဆယ်တော့ Joseph
ဆေးမိနေတဲ့သခင်လေး ဘယ်လိုလုပ်မလဲ
ဆိုတာပဲ စဥ်းစားနေမိသည်။

ဆေးကမပြင်းပေမယ့် ဒီတစ်ခါသခင်လေး
ကြည့်ရတာ ခံစားရခက်နေတဲ့အတိုင်းပင်။

Alex ရဲ့ ကြည်လင်သောမျက်နှာပေါ်မှာ သတိထားကြည့်မိလျှင် ရှုပ်ထွေးမှုနှင့် ချုပ်တည်းမှုတို့ကိုမြင်ရပါလိမ့်မည်။

Dear my foreigner husband (ချစ်ရပါသောပင်လယ်ရောင်မျက်လုံးပိုင်ရှင်လေး)Where stories live. Discover now