Chapter 4

969 39 0
                                    

Unicode

ကိုရွှေနိုင်ငံခြားသားတစ်ယောက် ဆေးလိပ်တစ်ချက်ဖွာရင်း ....

''မင်း''

''ရှင်?''

''အိမ်ထဲ မဝင်ဘဲ တစ်ညလုံးရပ်နေမှာလား?''

သူမလည်း ကပြာကယာနဲ့
''မဟုတ်ပါဘူး..!'' ''ဝင်မလို့ပါပဲ''

အဲ့လိုနဲ့ သူ့နောက်ကနေပြီးတော့ ခင်ကလျာခိုင်ဆိုတဲ့ကောင်မလေးတစ်ယောက် ယုန်မလေးလိုပြေးလိုက်လာပြီး အိမ်ထဲဝင်သွားတော့သည်...

အထဲရောက်တော့ အဖေက ခိုင့်အပေါ်တောင်တစ်ခါမှမပြုံးဖူးတဲ့အပြုံးနဲ့ သူ့ကိုထွက်ကြိုနေပါတယ်..

''သားမတ်လေး ရောက်နေပြီလား~နားလိုက်အုန်းလေ ခရီးပန်းနေမှာပေါ့''

''တော်ပါပြီ ခင်ကလျာခိုင် ရဲ့ပစ္စည်းတွေသိမ်းဖို့ပဲဝင်လာတာပါ ။Hey go and get everything of her belonging''

''Yes sirr!''

ခိုင်တို့တစ်အိမ်လုံး အစောင့်တွေနဲ့ရှုပ်ရှပ်ခတ်နေကြပြီး ခိုင့်အဖေကလည်းသူ့ကိုအိမ်မှာတစ်ရက်လောက်နေဖို့ တာဝန်အရပြောနေပါတယ်...ဒါပေမယ့် Alex က ပုံမပျက်ပဲ

''ကျွန်တော် သူ့ကိုပုံစံအတင်းပြောင်းအောင်လုပ်ထားတဲ့လူရဲ့အိမ်မှာကျွန်တော် မနေဘူး..''

''ကျွန်တော့်ယောက္ခမဖြစ်တဲ့အတွက်
ကျွန်တော်အယဥ်ကျေးဆုံးပြောနေတာပါ
ကျွန်တော့်နားမှာသူမရှိတုန်း
ခင်ဗျားတို့ဘယ်လိုသူ့ကို
ဦးနှောက်ဆေးထားလဲဆိုတာ
ကျွန်တော်စိတ်မဝင်စားဘူး။
ဒါပေမယ့် နောက်ထပ် လုပ်လာမယ်ဆိုရင်တော့ ကျွန်တော်ဘာလုပ်နိုင်သလဲဆိုတာ
ခင်ဗျားတို့ သိပါတယ်''ဆိုပြီးခပ်မာမာပြန်ဖြေလိုက်တယ်။

ပြီးတော့ခိုင့်ဘက်လှည့်လာပြီး...

''မင်းငါနဲ့ Hotel ပြန်လိုက်ခဲ့ မင်းလိုက်ဖို့မုန်းရင်တောင် ငါမင်းကိုမရ ရတဲ့နည်းနဲ့ခေါ်သွားရမှာပဲ မင်းမှာရွေးချယ်ခွင့်မရှိဘူး''.

''ကျွန်မ-

ခိုင်ဘာမှမပြောရသေးခင်မှာပဲ သူရှေ့ကထွက်သွားပြီ...။

သူပြောချင်တာပြောပြီး ဘာမှဆက်မပြောတော့ပဲ ထွက်သွားတတ်သည့် အကျင့်ရှိတဲ့သူ့ကို အမြင်ကပ်သည်မှာ အမှန်ပင်...

Dear my foreigner husband (ချစ်ရပါသောပင်လယ်ရောင်မျက်လုံးပိုင်ရှင်လေး)Where stories live. Discover now