Chapter 14

895 41 4
                                    

ခင်ကလျာခိုင် သူ့ရဲ့ ပင်လယ်ပြာမျက်ဝန်း
တွေကိုကြည့်ပြီး အတန်ကြာ မှင်သက်လျက်။

သူက မသိတဲ့သူတွေ အမြင်မှာဆိုရင်တော့ နတ်သားတစ်ပါးပဲလေ။ သူမ အရင်တုန်းကတော့ သူ့ကို အဲ့လောက်သတိမထားခဲ့လို့ပါ။

ထိုစဉ် ဤလူသားမှ

''မင်း ငါ့မျက်နှာမှာဘာတွေ့လို့ အဲ့ဒီလောက်စိုက်
ကြည့်နေရတာလဲ?''

ခိုင် ပြာသလဲလဲနဲ့ ''ရှင်? မ မဟုတ်ပါဘူး။ ခိုင် ဒီတိုင်းဘဲ ရှင့်ကိုမြင်ပြီးအံ့သြသွားတာပါ။ Alex ရော
အလုပ်ပြီးပြီလား''

''အင်းပြီးပါပြီ''

''အော်.....''

''........''

ပြီးတော့ စကားဝိုင်းက တိတ်ဆိတ်သွားပြန်သည်....

ပြီးမှ သူခိုင့်ခါးကိုဖက်ထားတာမလွှတ်သေးမှန်းသတိထားမိတော့သည်။

''Alex ကျွန်မကိုလွှတ်လို့ရပါပြီ ။ ''

Alex သူမကိုကြည့်ပြီး လှပစွာပြုံးလိုက်သည်။ ဒါပေမယ့် အပြုံးက ပဟေဋ္ဌိပေါင်းများစွာနှင့်...

''ငါ မလွှတ်ဘူးဆိုရင်ကော?''

''ရှင်? Alex ဘာလို့လဲ?"

Alex ထို့ထက်တိုးကပ်လာပြီး သူမနဲ့အနီးဆုံးအနေအထားမှာ။

Alex သူမကို စူးစူးစိုက်စိုက် ကြည့်နေတာက ကျောချမ်းစရာအတိ။ ခင်ကလျာခိုင် သူ့အကြောင်းသိပါသည်။

တစ်ခါတလေသူက မကောင်းဆိုးဝါး ဆိုတဲ့အငွေ့အသက်ကရှိသည်။ အချိန်မရွေး သူမကိုသတ်နိုင်တဲ့ မကောင်းဆိုးဝါး.....

သူမအနည်းငယ်စဥ်းစားလိုက်ပြီး တည်တည်ငြိမ်ငြိမ်နဲ့ပဲ

''ရှင်မလွှတ်လည်း ရပါတယ် ။ ကျွန်မဘာမှမဖြစ်ပါဘူး။ဒါပေမယ့် ရှင်လက်ညောင်းမှာတော့သေချာတယ်''

Alex သူမကို မျက်ဝန်းပြာတို့ဖြင့် စူးစိုက်ကြည့်လိုက်ပြီး ဘာမှမပြောဘဲ လွှတ်လိုက်လေသည်။

ဟူး...ခိုင်လည်းအခုမှ အသက်ရှူချောင်တော့တယ်။

Alex သူမကို လွှတ်ပြီးတဲ့နောက် အိပ်ရာဘေးသွားပြီးသူ့ရဲ့ အပေါ်ကုပ်အင်္ကျီကိုချွတ်လိုက်တယ်။
သူမကတော့ သူ့ကိုကြောင်လျက်နဲ့သာကြည့်နေလေရဲ့။

Dear my foreigner husband (ချစ်ရပါသောပင်လယ်ရောင်မျက်လုံးပိုင်ရှင်လေး)Where stories live. Discover now