Chapter 19

756 59 6
                                    

            ခိုင့်ဘေးနားက ရွှေအိုရောင်ဆံနွယ်ရှင်မှာ ကားသွားနေရင်းနဲ့တောင်မှ အလုပ်ရှုပ်လျက်ပင်။
ဖုန်းတစ်ခါပြောရင်လည်း ဘာသာစကား တစ်မျိုးစီပြောင်းပြောနေသည်။

တကယ်ပဲ သူ မရတဲ့ ဘာသာစကားရောရှိရဲ့လား။

နောက်ဆုံး Alex စကားပြောပြီးသွားတော့ သူ့ကို စိုက်ကြည့်နေသော ခင်ကလျာခိုင်ကို သတိပြုမိသွားသည်။

ခင်ကလျာခိုင် တစ်ဖက်သို့ လှည့်လိုက်သည်။ သူ့မျက်နှာကို မြင်ပြီး အဲ့နေ့က အဖြစ်အပျက်ကို ပြန်မြင်ယောင်မိလိုက်၍ပင်။

အဲ့နေ့က သူမရဲ့ ဆံနွယ်တွေကို ထိုးဖွနေတဲ့ လက်ချောင်းသွယ်....

သူမအပေါ် ကျရောက်လာတဲ့ သူ့ရဲ့ ရင်မွှေးနံ့၊ သူ့ရဲ့ ဆံနွယ်တွေ....

သူမ ကို သူဘာကြောင့်မထင်မှတ်ပဲ သူဒီလိုလုပ်ရတာလဲ။ သူ့ရဲ့အကြောင်းပြချက်က ခိုင်သူ့ကို တစ်ခုခု လျှို့ဝှက်ထားရင်ပေးမယ့် အပြစ်တဲ့။

ခိုင်တော့ သိပ်မဆိုင်ပါဟု ထင်မိသည်။ ဒါပေမယ့် နောက်တစ်ခါတော့ သူ့ကို ထိမ်ချန်ထားဖို့မတွေးရဲပါ။

ဒီနေရာမှာခိုင်မလို့တော်သေးသည်။ အခြားကောင်မလေးသာဆိုရင်တော့ အဲ့ဒီအနမ်းကို ရလိုက်ရင်မေ့သွားလောက်သည်။

ခိုင်ကဘာလို့ အဲ့ဒီလောက်မဖြစ်လဲ ဆိုတာရိုးရှင်းပါသည်။ ခိုင်ကသူ့အပေါ်မုန်းခဲ့တာကိုး။ အရမ်းကိုမုန်းခဲ့တာ ။

ဒါပေမယ့် အခုကြည့်လိုက်တော့ သူက တကယ့်ကိုရုပ်ရည်ရှိတဲ့ သူပင်ဆိုတာကိုတော့ သိလိုက်ပြီ။

ခိုင်သူ့ကို တစ်ချက်စောင်းငှဲ့ကြည့်လိုက်ပြီး...

ဟင်း.....ဒီရုပ်ရည်ရှိသူကြီးက ဒီကိုစရောက်လာ ကတည်းက ခိုင့်ကို သူ့နားကနေကို မလွှတ်ဘူး။ ခိုင်က မဟုတ်ရင် အချိန်မရွေး ထွက်ပြေးသွားနိုင်တဲ့
ဌက်လေးလိုပဲ သူက သူမကိုလက်မလွှတ်။

ခိုင်က အဆိပ်ရှိတဲ့ မြွေပွေးတစ်ကောင်ဆိုရင်တောင် သူကလက်ထဲမှာ အတင်းညှစ်ပိုက်ထားမဲ့ အရူးမျိုးပင်။

Dear my foreigner husband (ချစ်ရပါသောပင်လယ်ရောင်မျက်လုံးပိုင်ရှင်လေး)Where stories live. Discover now