Chapter 24

393 39 2
                                    

Alex ကျယ်ဝန်းသော ဟိုတယ်လျှောက်လမ်းပေါ်မှာ
အနောက်က လိုက်လာသော သူတစ်ယောက်အား တစ်စက်မှ လှည့်မကြည့်ပဲ အခန်းတစ်ခန်းစီကို မြန်မြန်လျှောက်နေလေရဲ့........

Alex သည် သူမအား စောင့်ဖို့သတိရဟန်မတူ.....

ဒါမှမဟုတ် သူ သူမကို တမင်မစောင့်တာများလား.....

အ​ဖြေကိုတော့ ထိုကြွေရုပ်လေးပဲသိမည်.....

မြန်ဆန်လှသော သူ့ရဲ့ခြေလှမ်းတွေကို ခိုင်အမှီလိုက်ရတာ မောနေလေပြီ။

Alex ဘယ်သွားနေတယ်ဆိုတာလဲ ခိုင်မသိ။

ဒါပေမယ့် ဒီအချိန်မှာ ခိုင်မောနေတာပဲ သိသည်။
Alex ရဲ့ခြေလှမ်းတို့ဟာ မြန်သထက်မြန်လာတယ်......

''Alex! ခနစောင့်ပါဦး!''

Alex ရဲ့ခြေလှမ်းတို့ရပ်တန့်သွားပြီး သူမအား
အေးစက်စွာ ကြည့်လျက်....

ခိုင်ပုံမှန်အားဖြင့် ဒီလိုလိုက်ရရုံနဲ့မောလေ့မရှိ။
ဒါပေမယ့်....

Alex ကလမ်းလျှောက်ရုံလောက်ပဲ
ရှိပေမယ့် ခိုင်ကတော့ အသားကုန်
သူ့နောက်မှီအောင်လိုက်ရ၍
အခု လေကို ဝအောင်ရှူနေရပြီ။
အသက်ရှူတာတောင် မမှန်ချင်တော့။

ခိုင်မောလွန်း၍ ခိုင့်ရင်ဘတ်ကို
လက်နဲ့ဖိကာ အနားယူနေလေသည်။

ဒေါက်! ဒေါက် ဒေါက် ဒေါက်....

ခိုင့်နားတဖြည်းဖြည်း နီးကပ်လာတဲ့ ဘွတ်ဖိနပ်အသံ......

နီးကပ်လာတာနဲ့ အမျှ တစ်ချိန်တည်း အေးစက်သော အငွေ့အသက်....

''.........''

''.........''

သူမလည်း ဘာမှမပြော....

Alex လည်း ဘာမှမပြော.....

တအောင့်ကြာတဲ့အခါ ခိုင်လည်းအမောပြေရော
သူထပ်ပြီးတော့ လှည့်ထွက်ကာ လျှောက်သွားပြန်တယ်။

သူခါတိုင်းကထက် ပိုပြီးအေးစက်နေသလိုပဲ...
ဟုတ်ပါသည်။
သူ သက်ဟိန်းနဲ့အတူတွေ့နေတယ်လို့
ထင်သွားမှာပဲမလား.......

နောက်ဆုံးတော့ ကျယ်ဝန်းလှပြီး
စာရွက်စာတန်းတွေနဲ့ ပြည့်နေတဲ့ အခန်းကို
ရောက်သွားတော့သည်။
ဒါရုံးခန်း ဖြစ်မည်....။Alex ရဲ့ ရုံးခန်း.....

Dear my foreigner husband (ချစ်ရပါသောပင်လယ်ရောင်မျက်လုံးပိုင်ရှင်လေး)Where stories live. Discover now