Chapter 6

931 43 0
                                    

     Unicode

  ခင်ကလျာခိုင် နိုးလာတော့ ညက သူ့ဘေးတွင်ရှိနေသောသူကြီး ထွက်သွားပြီဖြစ်သည်။
    ခိုင်တစ်ယောက် သူထွက်သွားသည့်အတွက် အနည်းငယ်စိတ်ဆိုးမိသည်...သို့သော် သူမ လုပ်ခဲ့တဲ့
အပြစ်တွေကြောင့် သူ့အားစိတ်ဆိုးခွင့် သူမမှာမရှိ။

သူမ ရေချိုးပြီး ကြော့ဆင်းတဲ့ ခန္ဓာကိုယ် ပေါ်မှာ အပြာရောင် မြန်မာဝတ်စုံကို ဆင်မြန်းလိုက်သည်။ သူမသည် ထိုဝတ်စုံ​လေးဖြင့် ရိုးရိုးလေးနှင့်ကြော့ရှင်းလှပနေသည်။

သူမ နောက်တော့မနက်စာစားဖို့ Hotel dining room ဆီသို့ ဦးတည်သွားလိုက်သည်။

သို့သော်သူမ လမ်းမှာတင်ရပ်တန့်သွားခဲ့သည်။ သူမရင်တွေတစ်ဆစ်ဆစ်နာကျင်ပြီး ပူလောင်လာသည်။

သူမကို နာကျင်မှုတွေပေးခဲ့သောသူ့ကို ထပ်မတွေ့ချင်ပါ။ သူမ သူ့ကိုအရမ်းကြောက်သည်..သူမနာကျင်မှုတွေထပ်မခံစားနိုင်သဖြင့် နောက်လှည့်ထွက်ပြေးရန် ပြင်လိုက်သည်။

မျက်ရည်မကျမိစေဖို့ သူမရဲ့မျက်လုံးတွေကို မညှာမတာ မှိတ်လိုက်သည်။ သို့သော်...ရွှေအိုရောင်ဆံနွယ်ပိုင်ရှင်လေး သူမအား စူးစိုက်ကြည့်နေသည့် ပုံရိပ်လေးကပေါ်လာသည်..။

ခင်ကလျာ၏ နာကျင်မှုတွေ လည်း ထို သူကြောင့်လျော့ကြသွားလေပြီ။ ခိုင်ကလျာ သက်ဟိန်းကို ရင်ဆိုင်ဖို့ အားတင်းလိုက်သည်။

''ရှင်ဒီကိုဘာလာလုပ်တာလဲ ?''

''ကိုယ် ချစ်တဲ့သူကိုလာတွေ့တာလေ...''

ရယ်ချင်မိသည်။ ထိုချစ်တယ်လို့ အလွယ်တကူပြောခဲ့တဲ့ သူကပဲ သူမကိုနာကျင်စေခဲ့တာမလား...။

သူပြောသည့် အချစ်ကိုကျွန်မ မခံစားနိုင်..။ ခိုင့်ကို ငွေတွင်းတစ်ခုလို သဘောထားနေသည့် လောဘ ကိုသာ ခိုင်ခံစားရသည်။

''ကလျာရယ်..ကိုယ့်ကိုစိတ်ဆိုးနေတုန်းပဲလား..''

သူ့လက်များကျွန်မ စီသို့ ဆန့်တန်းလာသည်..။ ထိုလက်များအား ခိုင် ရိုက်ချလိုက်သည်။ ထိုအခါ သူ့မျက်နှာတွင် မကျေနပ်ချက် အပြည့်ဖြင့်

Dear my foreigner husband (ချစ်ရပါသောပင်လယ်ရောင်မျက်လုံးပိုင်ရှင်လေး)Where stories live. Discover now