Chapter 28 (part 2)

290 31 1
                                    

Please Vote and comment for Nana💖

(မင်းက ဒီမှာဘာလို့ရှိနေတာလဲ)

Alex ရဲ့မေးခွန်းကို အနှီလှပတဲ့ကောင်မလေးက မဖြေပေ။ထိုအစား

Leonia:(ရှင်ရော သိစရာလိုလို့လား။ရှင်က သိပြီးပါလုပ်မို့လဲ)

Alex:(မသိစေချင်ရင် ငါ့ကိုဖြေဆေးပေး)

Leonia သူ့အားရှုပ်ထွေးစွာကြည့်လိုက်၏။ မျက်မှောင်ကြုံ့၍ ပင်....

Leonia: (ဘာဆိုင်လို့ ကျွန်မက
ရှင့်ကိုသံတော်ဦးတင်ရမှာလဲ။
ပြီးတော့ ရှင့်ဟာရှင်သောက်တဲ့ကိစ္စ
ကျွန်မနဲ့ မဆိုင်ဘူး။)

Alex စိတ်မရှည်တော့ပေ။

Alex:(မင်းမှာဖြေဆေးမရှိဘူးမလား)

Leonia:(Hehe)

*This B.tch!မရှိဘူးလို့ အစကတည်းကပြောရင်ရတာပဲကို*

Alex စိတ်ထဲမှာကျိန်ဆဲလိုက်သည်။ ယုံမိတဲ့သူ့အမှားပင်။

Leonia:(ကျွန်မဆေးကရှင့်အတွက် အပျော့လေးပဲကို ဘာတွေပိုပြနေတာလဲ။ပြီးတော့ အဲ့ခွက်ထဲမှာဘာရှိလည်း ရှင်ကြည့်တာနဲ့ သိတာပဲကို)

Leonia:(တမင်သက်သက်သောက်လိုက်တာ Telyragland မပီသလိုက်တာ)

Alex ထိုနာမည်ကို ကြားလိုက်ရသည်နှင့်
ခုနကလေထုကြီးအေးစက်သွားသည်။

ထို့နောက် Alex စကားတစ်ခုချင်းစီကို
အေးစက်စွာဖိပြောသည်မှာ
သာမန်သူအဖို့တော့ နေရာမှာတင်လဲသေအောင်ပြင်းထန်လှသည်။

Alex:(L E O N I A)

Leonia:(အေးပါ ။မခေါ်တော့ပါဘူး။ဒါပေမယ့်ရှင် ဖြေဆေးတောင်မလိုပါဘူး။ ရှင်ဒီထက်ပြင်းတဲ့ဟာနဲ့တောင် စမ်းသပ်ခံခဲ့ရတာပဲ။)

Alex:(အခုက လိုရမယ်ရ
ကြိုတင်ကာကွယ်ထားတာ)

Leonia: (ရှင်ဘာကိုဆိုလိုတာ_

Alex:(သခင်ကြီး ရောမင်းဒီမှာ မဟုတ်တဲ့ဆိုင်တွေဖွင့်နေတာသိလား)

Leonia သိလိုက်ပြီ။ ထိုသူက သူ့ကိုမမေးစေချင်တဲ့ အကြောင်းဆို အမြဲတမ်းကြားဖြတ်ကာ ဖျက်ဆီးပစ်သည်။

ဒါကလည်း...

သူမ ကြောက်တဲ့ အရာတွေနဲ့ပေါ့!
မြွေပွေးကောင်စုတ်!

Dear my foreigner husband (ချစ်ရပါသောပင်လယ်ရောင်မျက်လုံးပိုင်ရှင်လေး)Where stories live. Discover now