Chapter32

269 31 3
                                    

''သခင်လေး လေယာဥ်ခရီးစဥ်ဖျက်_

''မဖျက်ဘူး အခုသွားရမယ်''

''ဒါပေမယ့်_

''ငါနောက်တစ်ခါမပြောဘူးJoseph! သွားမယ်!''

Alex ရဲ့ကြိမ်းမောင်းလိုက်တဲ့အသံက Hall တစ်ခုလုံးကိုဖုံးလွှမ်းသွားစေသည်။

ဒါပေမယ့် မိန်းကလေးတစ်ယောက်ကတော့မလှုပ်မယှက်....

သွေးရောင်ကြားထဲက ကြွေရုပ်လေး..
ဒါကိုဘယ်သူဖျက်ဆီးခဲ့တာလဲ....
တောက်ပနေတဲ့ကျောက်မျက်ဝန်းလေးက မြူမှုန်လိုမှေးမှိန်နေတယ်။
ဒီပုံရိပ်ကိုနင်ဖျက်ဆီးခဲ့တာလေ ခင်ကလျာခိုင်...

အခုလည်း ဒီကြွေရုပ်လိုလှပတဲ့လူသား သူမကြောင့်ဒဏ်ရာ ရသွားလေပြီ။

''ဟေ့ ခင်ကလျာခိုင်!''

သူမမျက်ဝန်းကျယ်ကြီးများဖြင့်သူ့အားစိုက်ကြည့်လာသည်။ မဟုတ်ရင်သူမမိုးပြိုတော့မယ့်အတိုင်း....

''Alex ရှင့်ဒဏ်ရာ!_

''ကိုယ်လေယာဥ်ပေါ်မှာပဲ ကုလို့ရတယ်။ဒီလောက်ဒဏ်ရာလေးနဲ့ ကိုယ်သေမယ့်သူမဟုတ်ဘူး''

''....''

သူမသိပါသည်။သူက အလွယ်တကူနဲ့ပြိုလဲသူမဟုတ်မှန်း။ဒါပေမယ့်......

(ခင်ကလျာခိုင် နင်နောက်တစ်ခါသူ့ကိုဖျက်စီးပြန်ပီမဟုတ်လား...~)အဲ့ဒီမသိစိတ်ကအသံတစ်ခုက တီးတိုးစွာပြောနေလေရဲ့

သူမပြောင်းလဲလိုက်တဲ့အနာဂတ်ကြောင့် Alex မှာနာကျင်မှုတွေထပ်ရလာအုန်းမှာလား...

''Just take her to the plane''

''Yes Master!!''

သက်တော်စောင့်တွေကခိုင့်အနားဝန်းရံလာလေ၏။

ပြီးတော့သူမ၏လက်တို့အားချုပ်ဖို့ ကြိုးစားတော့သည်။
ဒါပေမယ့် အရင်ကတည်းကသူမဒီလိုမျိုး အကြိမ်ကြိမ်အခါခါ ချုပ်နှောင်ခံရနေတာကြောင့် မဆန်းကြယ်တော့။
ဒါပေမယ့် သူမ မသိတဲ့ဘာအကြောင်းပြချက်ကြောင့် အချုပ်ခံရတာလဲ?

''Alex ရှင်ဒါဘာသဘောလဲ?''သူမနားမလည်စွာမေးလိုက်သည်။

ထိုလူသားကတော့ သူမကို မှိုင်းဝေနေတဲ့ကျောက်မျက်လုံးတို့နဲ့အေးစက်စွာကြည့်နေလျက်။
ပြီးတော့ သူလုပ်နေကျအတိုင်း သူမအနီးနားလျှောက်မလာတော့ပဲ သူမကို ခပ်လှမ်းလှမ်းကသာကြည့်နေလျက်......

Dear my foreigner husband (ချစ်ရပါသောပင်လယ်ရောင်မျက်လုံးပိုင်ရှင်လေး)Where stories live. Discover now