Chapter 31

319 18 1
                                    

ငုဝါပန်းတွေပွင့်တဲ့ရာသီဖြစ်လို့ပူနေတဲ့အလျောက်
ဟိုတယ်ထဲမှာ အဲကွန်းကြီးဖွင့်လျက်နဲ့ သူမပူနေလေပြီ။

ဘာကြောင့်လဲဆိုတော့
သူမအားတင်းကျပ်စွာဖက်ထားသော
လူတစ်ဦး၏ ကိုယ်ငွေ့ကြောင့်ပင်ဖြစ်မည်။

ဒီနေ့မှသူ့ရဲ့ ကိုယ်ငွေ့တို့က
ပိုပူနေသယောင်ခံစားနေရသည်။

သူ့ရဲ့ကိုယ်သင်းနံ့နှင့် ဆေးလိပ်ပြင်းနံ့တို့က
ခိုင့်နှာခေါင်းထိပ်မှာ မွန်းကြပ်ဖွယ်ပျံ့လွင့်နေလျက်...
ထိုသူသောက်ထားသောဆေးလိပ်တို့မှာလည်း ကြက်သွေးရောင်ကော်စော်ပေါ်တွင်ပျံ့ကြဲလျက်ပင်။

သူမမွန်းကြပ်၍ ရုန်းထွက်ချင်သည်။ဒါပေမယ့် ထိုသူ့ရဲ့အားက ခိုင်လှုပ်လို့တောင်မရပေ။ဒီနေ့မှသူ အရမ်းအားတွေသုံးနေသလိုပဲ။

တဖြည်းဖြည်းနဲ့ရပ်ထားတဲ့ခြေထောက်တွေလည်း ယိုင်နဲ့ချင်လာ၍ နံရံကနာရီကိုပဲ မျှော်လင့်ချက်ကြီးစွာကြည့်မိနေသည်။

''Alex....ကျွန်မညောင်းနေပီ''

''2မိနစ်ကျန်သေးတယ်......ညောင်းနေပီလား''

တိတ်ဆိတ်နေသောအခန်းထဲတွင် သူ့ရဲ့အသံတိုးဖြင့်လွှမ်းမိုးသွားလေသည်။
Alex ရဲ့အသံကတစ်ခုခုအားထိန်းချုပ်ထားသည့်အတိုင်း...

ရုတ်တရက် သူမ၏ ခြေထောက်နှင့်မြေကြီးတို့ကင်းကွာသွားလေသည်။ ထိုလူသားမှ သူ့ခါးအား မတ်လိုက်သောကြောင့်ပင်....

Alex ရဲ့အရပ်အမောင်းနှင့်သူမအရပ် ကွာခြားလွန်း၍ သူ့၏မတ်လိုက်သောခန္ဓာကိုယ်တွင်သူမလေပေါ်မျောနေလျက်။

''A..Alex အဲ့လိုလုပ်တော့ရှင်မညောင်းဘူးလား''

Alex ဘာမှသူမအားပြန်၍မပြော ဆိတ်ငြိမ်၍သာ....

ဆယ်မိနစ်ပြည့်သည့် အတိတွင် Alex သူမအားဖြည်းဖြည်းချင်းချပေးလိုက်သည်။

အော်....သူကအချိန်တိကျတဲ့သူပဲ...

Alex ကိုခိုင်ကြည့်လိုက်တော့ သူ့ရဲ့ကျောက်မျက်သဖွယ်ပင်လယ်ပြာမျက်ဝန်းတို့က အမြဲတမ်းလိုလိုအေးစက်နေစဲ

ဒါပေမယ့် သူ့ရဲ့နားရွက်ထိပ်ကလေးတို့ကတော့ နီမြန်းနေသယောင်....

Dear my foreigner husband (ချစ်ရပါသောပင်လယ်ရောင်မျက်လုံးပိုင်ရှင်လေး)Where stories live. Discover now