Chapter 11

854 41 0
                                    

အတိတ်တွေက တွေးမိလေ ရင်နာစရာကောင်းလေသည်။  ခင်ကလျာခိုင် ဒီလိုမိုးရေ တွေကြားမှာ  အတိတ်ကို မေ့ပျောက်နိုင်အောင်ကြိုးစား နေရသည်။

အထူးသဖြင့် ဤမလိုချင်သောမိသားစု ရဲ့ မှတ်ဉာဏ်တွေ။

ဒီမှတ်ဉာဏ်ထက်ပိုဆိုးတဲ့ အခါတွေရှိပေမယ့်....

သူမ အတွေးဆတွေ ဖြတ်လိုက်ပြီး မိုးရွာနေတာကို ငေးစိုက်ကြည့်ကာ တစ်ဦးသော သူကို စိတ်ပူနေမိသည်။

*Alex မိုးတွေဒီလောက်ရွာနေတာ အဆင်ရောပြေပါ့မလား*

ခိုင် စိတ်ထဲမှာတွေးမိသည်။ ဒါပေမယ့် ခိုင်သူ့ကို စိတ်ပူလည်း ပြောခွင့်ရှိမှာ မဟုတ်ဘူး ဆိုတာခိုင်သိသည်။

ဂွီးးး........

ဗိုက်မှ ထွက်ပေါ်လာသော ကျယ်လောင်သည့် ထိုမြည်သံ။ သွားပါပြီ ခိုင်အရှက်ကွဲပြီလားမသိ ဆိုပြီး ဘေးဘီကိုကြည့်လိုက်တော့ ဘယ်သူမှမရှိ။

တော်သေးသည် ရှိလို့ရှိရင်တော့ မဟာအရှက်ကွဲတော့မည်။ အဲ့လောက်နဲ့ မပြီးပဲ ဟိုလူကြီးဆီ သတင်းရောက်သွားလျှင် ခိုင်ခနဲ့ ခံရတာပြီးတော့မှာမဟုတ်။

ဒါမှမဟုတ် သူဂရုတောင်မစိုက်တာလဲဖြစ်မှာပဲ။
သူက အမြဲအေးစက်တတ်တဲ့သူပဲကို။

ခိုင် ဟိုတယ်ပြန်လာတုန်းက ဟိုတယ်နားမှာ
ဟင်းဆိုင်တွေ့လိုက်သည်။
ခိုင် ချဥ်ပေါင်ကြော် နှင့် ကန်စွန်းရွက်ကြော်
စားချင်နေတာနှင့် အတော်ပင်။
Joseph လည်း Alex ခေါ်လို့လိုက်သွားတာကြောင့် သူ့အားခေါ်ရန်မလိုတော့။

ခိုင်ထီးဆောင်းပြီးတော့ ထိုဟင်းဆိုင်သို့ထွက်သွားလေသည်။ ဝန်ထမ်းတွေကလည်း သူမကိုမတားပေ။

ဒါပေမယ့် သူမကိုမတားလိုက်ခြင်းဟာ ကြီးကျယ်တဲ့ ပြဿနာကြီးရဲ့ အစပြုခြင်းပါပေ......

Alex ကျောက်မျက်ပွဲမှာ လုပ်ငန်းရှင်တွေနဲ့ တွေ့
ပြီး ထွက်သွားဖို့ အလုပ်မှာ ကုန်သည်လုပ်ငန်းရှင်တစ်စုနဲ့ လုပ်ငန်းရှင်တွေရဲ့ သားသမီး တွေက သူ့နားချည်းကပ်ပြီး စကားလာပြောနေကြပြန်သည်။

''Mr.Alex မြန်မာပြည်ကို ရောက်တာ သိတောင်မသိလိုက်ဘူး။ကျွန်တော် တို့ဆီ လာပါအုန်း"

Dear my foreigner husband (ချစ်ရပါသောပင်လယ်ရောင်မျက်လုံးပိုင်ရှင်လေး)Where stories live. Discover now