Description

2K 97 3
                                    

Unicode

Fang Liကအမြှောက်စာဇာတ်ကောင်လေးအဖြစ် သွေးခွေးဇာတ်လမ်းဝတ္ထုထဲ နတ်ဆိုးဘုရင် gongအဖြစ် ကူးပြောင်းလာတယ်။နတ်ဆိုးဘုရင်ရဲ့ကျင့်ကြံခြင်းဟာဆိုရင် ထူးချွန်ပြောင်မြောက်ပြီး သူ့ရဲ့စွမ်းအားက ကောင်းကင်ဘုံကိုတောင် တုန်လှုပ်စေနိုင်တယ်။ သူကအဓိကဇာတ်ဆောင်shouကို ဆွဲဆောင်ဖို့ လေတွေမိုးတွေကို လှုပ်ဆော်ပြီး ကျင့်ကြံခြင်းလောကကို ဇောက်ထိုးမိုးမျှော်ဖြစ်အောင်လုပ်ခဲ့တယ်။ သူကမြင်မြင်ချင်းချစ်မိသွားပြီး သူ့(shou)ကို ပါးတွေနားတွေနီရဲလာတဲ့အထိ ပြင်းပြတဲ့အချစ်စွမ်းအားနဲ့ မလွတ်တမ်းဖမ်းစားလိုက်တယ်။

Fang Li:ငါအဲ့လိုမလုပ်ချင်ဘူး
System:.................

သူတံခါးအပြင်ဘက်ကိုထွက်လိုက်ချင်းမှာပဲ ရေတစ်စက်တောင်မလွတ်မြောက်နိုင်တဲ့အကွာအဝေးမှာ တင်းတင်းကြပ်ကြပ်ဝန်းရံထားတဲ့ နတ်ဆိုးကျင့်ကြံသူဂိုဏ်းအစုအဝေးကိုတွေ့လိုက်ရတယ်။Yunjian -que ဂိုဏ်းသားတွေရဲ့ ခေါင်းဆောင်ဟာဆိုရင် ချွန်ထက်တဲ့ဓားကိုသူ့ဘက်ထိုးပြပြီး လေတိုက်ရာဘက်ကို တစ်ယောက်တည်းမျက်နှာမူရပ်နေတယ်။

Fang Liက အေးစက်စက်မျက်နှာထားနဲ့ ပြိုင်ဘက်ကင်းတဲ့လူကိုကြည့်လိုက်တယ်။ သူ့ရဲ့အဖြူရောင်ဝတ်ရုံ၊ သွေးစွန်းနေတဲ့ဓားကို သုတ်လိုက်တယ်။ ဒါကအဆင့်အတန်းမြင့်ပုံရတယ်။ ရုတ်တရက် မဖြစ်နိုင်တော့သလို သူခံစားလိုက်ရတယ်။

မသေမျိုးတွေမဟာမိတ်ဖွဲ့ပြီး Fuqiu တောင်ကို လာတိုက်ခိုက်တဲ့နေ့မှာ Fang Liက ဇာတ်ကွက်ကို ပြီးမြောက်သွားပြီး သူ့ရဲ့သေဆုံးခြင်းကနေ အောင်အောင်မြင်မြင်ပဲလွတ်မြောက်လာခဲ့တယ်။

သူပြန်လည်မွေးဖွားလာတဲ့အချိန်မှာ အဲ့အဖြစ်အပျက်က ကိုးနှစ်ကြာသွားခဲ့ပြီ။ သူ့ရဲ့အတွေ့အကြုံတွေကို အသုံးပြုပြီးတော့ နတ်ဆိုးဘုရင်ဆိုတဲ့ အထောက်အထားတစ်ခုလုံးနဲ့ ဒီကမ္ဘာမှာ သင့်တင့်လျောက်ပတ်စွာနေတော့မယ်ဆိုတဲ့အချိန်မှာပဲ လက်ရှိ ကောင်းကင်ဘုံအောက်က နံပါတ်တစ်ဖြစ်နေတဲ့ အဓိကဇာတ်ဆောင် shouနဲ့တွေ့ဆုံမိသွားတယ်။

အဲ့ဒီအေးစက်စက်မျက်နှာထားပိုင်ရှင်ဟာ သူ့လက်ကောက်ဝတ်ကိုဆုပ်ကိုင်လိုက်တယ်။ သူရဲ့မျက်ဝန်းထဲမှာ မရေရာတဲ့ရူးသွပ်မှုတွေအပြည့်ပဲ။ အသံအက်အက်နဲ့:''အရှင်..ဒီတစ်ခါတော့ ဘယ်ကိုပြေးဦးမှာလဲ?"

နတ်ဆိုးဘုရင်ကဇာတ်ညွှန်းအတိုင်းလိုက်လုပ်ချင်နေတယ်(mmtran)Where stories live. Discover now