အပိုင်း(အပိုင်း၁.၂) Unicode

470 59 2
                                    

(အပိုင်း၁.၂)

ဒီအရာတွေအာလုံးကို ဖန်းလိသိနေတယ်။ systemလည်းသိနေမယ်ဆိုတာ သူထင်တယ်။ သူ့စိတ်ပြောင်းသွားနိုင်တာကိုစိတ်ပူနေတယ်ပြီးတော့ သူတမင်တကာဖုံးကွယ်ထားတာကိုရော ပူပန်နေတယ်။

ဒါပေမဲ့ ဒါကဖန်းလိရဲ့ ဆုံးဖြတ်ချက်ကို ပြောင်းမှာမဟုတ်ပါဘူး။ သူတစ်ခုခုလုပ်တော့မယ်ဆိုကတည်းက ဘာမှတောင်မပြင်ဆင်ရသေးဘူး။ အရာအားလုံးမှာ အလားအလာနဲ့ အခွင့်အရေးတွေပါဝင်တယ်။မူလအလုပ်တာဝန်က ရန်ရွှီနဲ့ ရှဲ့ဟိုင်ကြားက အိပ်ယာပေါ်ကအရေးကိစ္စဆန္ဒတွေဖြစ်ပေမဲ့လည်း စာလုံးနည်းနည်းနဲ့ပြောရမယ်ဆိုရင်တောင်  တိုက်ခိုက်ခြင်းအနုပညာရဲ့ အန္တရာယ်များတဲ့ ကမ္ဘာကြီးပဲ။ မော့ကျွင်းရဲ့ နာကျင်စရာမှတ်ဥာဏ်တွေ မပါတာတောင် သူ့အတွက် ခြေလှမ်းလေးအနည်းငယ်ရွှေ့လိုက်ဖို့တောင် ခက်ခဲတယ်။ ဒီတံခါးဝကနေ အသက်ရှင်လျက်ထွက်သွားနိုင်ဖို့ဆိုတာ သူ့အတွက်မဖြစ်နိုင်တဲ့အရာပဲ။

မင်းရဲ့အရှေ့နဲ့အနောက်မှာရှိတဲ့ အရာအားလုံးကိုကြည့်လိုက်တယ်ဆိုရင်တောင် မင်းဘာမှလုပ်နိုင်မှာမဟုတ်ဘူး။ ဒါ့အပြင် မင်းရဲ့ကိုယ်ပိုင်နှလုံးသားကိုတောင် ပိုင်ဆိုင်နိုင်မှာမဟုတ်ဘူး။ ဒါဆိုရင်  တာဝန်တွေကို ခုကတည်းက လက်လျော့လိုက်တာပိုမကောင်းဘူးလား။

ကံကောင်းစွာနဲ့ပဲ ရန်ရဲ့မှတ်ဥာဏ်တွေက သိပ်မရှည်လျားပါဘူး။ နှစ်နှစ်ဆယ်စာလောက်ပါပဲ။ ဖန်းလိရဲ့ အသက်နဲ့တူတူလောက်ပါပဲ။ ပြီးတော့ဒီမှတ်ဥာဏ်တွေအားလုံးကို တခါတည်းမထည့်ရသေးဘူး။ စိတ်ထဲမှာပဲသိမ်းထားတုန်း။ လိုတဲ့အချိန်မှာပဲ လိုသလိုအသုံးပြုနိုင်တယ်။ အသုံးပြုတဲ့ချိန်မှာ အာရုံနည်းနည်းပိုစူးစိုက်ထားလိုက်ရင်ရပြီ။ မင်းကိုယ်မင်း ဒီမနှစ်မြို့စရာကောင်းတဲ့ အတိတ်ထဲမှာ မနစ်မြှုပ်သွားစေနဲ့။ ဒါမင်းကိုအများကြီးအကျိုးသက်ရောက်စေမှာမဟုတ်ဘူး။

ကန့်သတ်ထားတဲ့ကာလအတွင်းမှာပြီးမြောက်နိုင်တယ်။
[systemကမရဲတရဲပြောလိုက်တယ်: host?]

ဖန်းလိက ပြုံးပြီးပြောလိုက်တယ်။
"မင်းဘာပြောချင်လို့လဲ?"
systemက သူ့ရဲ့hostကို သေချာစွာ လေ့လာလိုက်တယ်။ ဘာမှမပြောင်းလဲတာကို တွေ့လိုက်ရတယ်။ စိတ်ပြောင်းသွားတဲ့ လက္ခဏာလည်းမတွေ့ရဘူး။ ဒါကြောင့်ပဲ သူချက်ချင်းပြေလျော့သွားပြီး အပြစ်ရှိတဲ့ စိတ်အနည်းငယ်လျော့သွားတယ်။ ဒီမှတ်ဥာဏ်တွေက hostအပေါ် သက်ရောက်မှုမရှိတဲ့ပုံပဲ။ systemကမှတ်ချက်ချလိုက်တယ်။
[system ကသတိပေးလိုက်တယ်။:မင်းရှဲ့ဟိုင်နဲ့ထွက်တွေ့ဖို့ အဆင်သင့်လုပ်ထားတော့။]

နတ်ဆိုးဘုရင်ကဇာတ်ညွှန်းအတိုင်းလိုက်လုပ်ချင်နေတယ်(mmtran)Where stories live. Discover now