အပိုင်း(၁၀) Unicode

150 18 4
                                    

Unicode

ဖန်းလိက ရှဲ့ဟိုင်ကို တွေဝေစွာ ကြည့်လိုက်တယ်။

အဖြူရောင်ဝတ်စုံနဲ့ လူက ဝါးအိမ်လေးရဲ့ အပြင်ဘက်မှာ တိတ်ဆိတ်စွာ ရပ်နေခဲ့တယ်။ လေညှင်းလေးက သူ့ရဲ့ အင်္ကျီလက်စလေးကို တိုက်ခတ်နေတယ်။ နေရဲ့ တောက်ပနေတဲ့ အလင်းရောင်လေးက သူ့ရဲ့ အေးစက်နေတဲ့ မျက်နှာကို အလင်းပြန်နေတယ်။ လှပလိုက်တဲ့မြင်ကွင်းလေးပဲ။ သူမြင်မက်ခဲ့တဲ့ အိမ်မက်ဆိုးကြီးကလည်း ပျောက်ကွယ်လို့သွားချေပြီ။ အမှန်တစ်ဝက် အမှားတစ်ဝက်နဲ့ ဒါဟာဆိုရင် အချိန်ခဏလောက်ကို အစစ်အမှန်ကနေ အိပ်မက်ကို ခွဲခြားဖို့တောင် ခက်ခဲသွားခဲ့တယ်။

[Systemက စိုးရိမ်စွာဖြင့် အော်လိုက်တယ် : Host .... Host...အဆင်ပြေရဲ့လား? ] ငါခုလေးတင် အချိန်အတော်ကြာအောင် အော်နေခဲ့ပေမဲ့ host က ကြားပုံမပေါ်ဘူး။ သူက သေလောက်အောင် စိတ်ပူနေတယ်။ ဒါသူ့အမှားပဲ။ သူ host ကို စောစောစီးစီး ရှင်းပြထားသင့်တာ။ မနစ်မြို့စရာ မှတ်ဉာဏ်တွေက အရမ်းကို အန္တရာယ်များတယ်။

ရင်းနှီးနေတဲ့ အသံက သူ့နားထဲကို ဝင်ရောက်လာတယ်။

အို....လက်တွေ့ထဲ ပြန်ရောက်လာနဲ့ပုံပဲ။

ဖန်းလိက မျက်တောင်ခတ်လိုက်တယ်။

ခုလေးတင်ပဲ သူက မတော်တဆနဲ့ အိပ်မက်ဆိုးကြီးဆီ ဆွဲခေါ်သွားခံခဲ့ရတယ်။ အဲ့လောက်ကျယ်လောင်တဲ့ အသံမျိုးသာ မဟုတ်ခဲ့ဘူးဆိုရင် သူအဲ့မှာပဲ ပိတ်မိနေပြီးတော့ ပြန်နိုးလာမှာတောင်မဟုတ်ဘူး။
ဒီမှာ ဘယ်သူမှ ရှိတာမဟုတ်ဘူး။ ဒါကြောင့် ရှဲ့ဟိုင်ကလွဲရင် တခြားသူမဖြစ်နိုင်ဘူး။

ဒါကဆိုရင် သူအားအနည်းဆုံးနဲ့ အကာအကွယ်အမဲ့ဆုံး အချိန်မှာ ဖြစ်ခဲ့တာပဲ။ လမ်းလျှောက်တတ်စအရွယ်ကတောင် သူ့ကို ဓားနဲ့ သတ်ပစ်နိုင်တယ်။ ဒီလို အခွင့်အချိန်အခါကောင်းကိုတောင်မှ ရှဲ့ဟိုင်က သူ့ကို မသတ်ခဲ့တဲ့အပြင် ကယ်ပါကယ်တင်ပေးခဲ့တယ်။

ဘာလို့လဲ?

ဖန်းလိက ရှဲ့ဟိုင်ကို ရှုပ်ထွေးစွာ ကြည့်လိုက်တယ်။ သူက ကွဲအက်နေတဲ့ အသံနဲ့ ပြောလိုက်တယ်။ "မင်း ဘာလို့ ဒီမှာ ရှိနေတာလဲ?"

နတ်ဆိုးဘုရင်ကဇာတ်ညွှန်းအတိုင်းလိုက်လုပ်ချင်နေတယ်(mmtran)Where stories live. Discover now