အပိုင်း(၃.၁) Unicode

282 41 3
                                    


အပိုင်း(၃.၁)

မရေမတွက်နိုင်အောင်များပြားလှတဲ့ ပျံဝဲနေသော ဝိဉာဉ်လက်နက်တွေက ****သင်္ဘောတစ်စင်းကနေဦးဆောင်လာပြီး အရိပ်တွေက အဲ့နေရာကို ဖြတ်ကျော်လာပြီး ဖုံးအုပ်သွားကာ လူတွေကို ခိုက်ခိုက်တုန်သွားအောင် ဖြစ်စေကာ ကောင်းကင်ကို ပျံတက်လာတယ်။

ဖန်းလိက လှေရဲ့ ခွက်နေတဲ့ အပိုင်းမှာ ရပ်နေခဲ့တယ်။ ဘာလို့လဲဆိုတော့ သူက အကာအကွယ်စောင့်ရှောက်တဲ့သူဖြစ်နေလို့ပဲ။ သူကို လေအေးတွေက မနှောင့်ယှက်နိုင်သောကြောင့် သူ့ရဲ့အဝတ်တွေက မလှုပ်မယှက်ရှိနေတယ်။

ဒါကဘာလို့လဲဆိုတော့ လုဟန်အဆိပ်အန္တရာယ်ရဲ့ ဖောက်ပြန်လာခြင်းကြောင့်ပဲ။ ပြီးတော့ သူ့ခန္ဓာကိုယ်အတွင်းပိုင်းကလည်း ပရမ်းပတာဖြစ်နေတဲ့အတွက်ကြောင့် သူ့ဝိဉာဉ်ကလည်း ထွက်ခွါသွားပြီ။ သူမဆင်မခြင်လုပ်လိုက်မယ်ဆိုရင် သူလုံး၀ကို ရူးသွားသလိုဖြစ်သွားလိမ့်မယ်။ မကြာခင် သူဖူချုန်တောင်ကို ပြန်ရလိမ့်မယ်။ တကယ်လို့ သူခုကျင့်ကြံဆင့်အခြေအနေနဲ့ တတ်နိုင်သလောက်ပြန်မကောင်းဘူးဆိုရင် သူဒီကောက်ကျစ်ပြီး အလှမ်းကျယ်လှတဲ့ နောက်လိုက်တွေရဲ့ ပြုသမျှကို နုရလိမ့်မယ်။

သို့ပေမဲ့လည်း သူ system ကို ဒီတာဝန်တွေပြီးမြောက်လိမ့်မယ်လို့ ကတိမပေးနိုင်ဘူး။ ဖန်းလိသာမန်ကာလျှံကာတွေးလိုက်တယ်။ ရူးချင်ယောင်ဆောင်လိုက်မယ်ဆိုရင်ရော?

ဒီဝတ္ထုထဲက  လှပတဲ့ အတုအယောင်လှည့်စားမှုတွေကြား တဖြည်းဖြည်း နစ်မြုပ်သွားမယ်ဆိုရင် သူ့ကိုယ်သူပျောက်ဆုံးလိမ့်မယ်။ တကယ်လို့ မင်းသာ ဒီလိုမျိုးလှပတဲ့ အိပ်မက်လေးထဲမှာ သေဆုံးသွားရမယ်ဆိုရင် ဘယ်လောက်ကောင်းလိုက်မလဲ။

ဒါကစိတ်ပျက်စရာကောင်းနိုင်ပေမဲ့လည်း သူဒီလိုလှပတဲ့အိပ်မက်လေးထဲကနေ နိုးထမလာချင်တော့ဘူး။ ဒါပေမဲ့ သနားစရာကောင်းတာက သူဘာကို အိပ်မက်မက်နေလဲဆိုတာတောင် သူမသိဘူး။

ဝူရိမေ့က တစ်ဖက်တစ်ချက်မှာ မျက်လွှာချထားပြီး ရိုရိုသေသေ မတ်တပ်ရပ်နေတယ်။ သူ့ရဲ့ မျက်ခုံးတွေက အနည်းငယ်တွန့်နေတယ်။ သူ့အရှင်ရဲ့ ယန်ကျန်းချီးကို တိုက်ခိုက်ရတဲ့ အကြောင်းလို့ သူထင်လိုက်တယ်။ အမှန်တရားဘက်တော်သား အမတဂိုဏ်းရဲ့ ဂိတ်တံခါးကို ဖျက်ဆီးခြင်းထက်မပိုဘူး။ ယန်ကျန်းချီးက အမတဝိဉာဉ်ဂိုဏ်းကမ္ဘာရဲ့ ရှေးအကျဆုံးဂိုဏ်လည်းဖြစ်ပြီးတော့ အမတဂိုဏ်းကြီးငါးဂိုဏ်းရဲ့ ခေါင်းဆောင်လည်း ဖြစ်တယ်။  သူတို့ရဲ့ အဆင့်အတန်းကဆိုရင် လူတွေရဲ့လေးစားခြင်းကို ခံရပြီး အမှန်တရားရဲ့ နမူနာ အမြဲတမ်း ဖြစ်နေခဲ့တာ။ ဒါက မျောက်နဲ့ ကြက်တွေကို ခြောက်ဖို့သင့်တော်တယ်။

နတ်ဆိုးဘုရင်ကဇာတ်ညွှန်းအတိုင်းလိုက်လုပ်ချင်နေတယ်(mmtran)Where stories live. Discover now