အပိုင်း(၄.၂)zawgyi

59 3 3
                                    















အပိုင်း(၄.၂)

ဖန်းလိက ထပ်ပြောလိုက်တယ်။ "မှတ်ထားပါ.ရှဲ့ဟိုင်ကို ကြမ်းကြမ်းတမ်းတမ်းမဆက်ဆံနဲ့၊ ရန်မစနဲ့၊ ဒါမှ ငါကိုယ်တော်ရဲ့ အရေးကိစ္စတွေကို မပျက်စီးစေမှာ"

ဝူရိမေ့က အသံနက်နက်နဲ့ပြောလိုက်တယ်။ " ဟုတ်ကဲ့၊ ဒီငယ်သား နားလည်ပါပြီ"

သူ့အရှင်က ပရိယာယ်တွေကို ဆင်နေပြီ။ ဒါဟာဆိုရင် သူကရှဲ့ဟိုင်ရဲ့ အလှမှာ ဆွဲဆောင်ခံရတာ မဟုတ်ဘူးဆိုတာ သေချာသွားပြီ။ ဒါဆိုရင် သူစိတ်သက်သာရာရပြီ။ ဒါပေမဲ့ အစီအစဉ်က ဘယ်လိုလဲဆိုတာ သူမသိဘူး၊ ဝူရိမေ့ကနားမလည်နိုင်ပေမဲ့ သူဘာမေးမလဲဆိုတာကို မသိတာတောင် သူ့ကို အရမ်းယုံကြည်ပေးထားတာ။ သူ့အရှင်ရဲ့ ယုံကြည်မှုကို သူမဖောက်ဖျက်ခဲ့ပါဘူးနော်?

ဝူရိမေ့ကြောက်လန့်နေတာကိုကြည့်ပြီး ဖန်းလိက ပြုံးလိုက်ကာ ခေါင်းငြိမ့်လိုက်ပြီး "သွားလို့ရပြီ"

ဝူရိမေ့ထွက်သွားတာကို ကြည့်လိုက်ပြီး ဖန်းလိ သူ့နှဖူးကိုသူ ဖိလိုက်တယ်။ အခုက စပြီး systemက သူ့စိတ်ထဲမှာ အာလူးစဖုတ်ပါ‌တော့တယ်။ အဲ့ဆူညံသံတွေက သူ့ကိုခေါင်းကိုက်စေတယ်။

[Systemကစိုးရိမ်လျက်ရှိတယ်- hostဘာလုပ်နေတာလဲ? ဘာကြောင့် ဝူရိမေ့က ရှဲ့ဟိုင်နဲ့ သဘောမတူတာလဲ? ဒီစကားလုံးတွေက ဇာတ်ညွှန်းမှာ မပါဘူးလေ။]
ဝူရိမေ့က အရေးကြီးပြီး ရက်စက်တဲ့ အမြောက်စာဇာတ်ကောင်လေးလေ။ သူရှဲ့ဟိုင်နဲ့ မပတ်သက်လိုက်ရင် နောက်ဆက်တွဲ ဇာတ်ညွှန်းက ဘယ်လိုဖြစ်သွားမှာလဲ?

[ဖန်းလိက အေးအေးလူလူပြောလိုက်တယ်- ဇာတ်ညွှန်းမှာမရေးထားတဲ့ အကြောင်းအရာတွေက အများကြီးရှိတယ်။ ဒီလိုပုံစံမျိုးကလည်း သိပ်မများပါဘူး။ ဇာတ်ကြောင်းက မရေးထားဘူးဆိုတာနဲ့ပဲ ငါက ဘာမှမလုပ်ဘဲ အိပ်နေရမှာလား?]

[Systemက စိုးရိမ်လျက်- ဒါက အချက်လား?] မင်းက ဘာမှမလုပ်ဘဲ အိပ်တာကိုပဲ လုပ်ချင်နေတဲ့ပုံပဲ။

ဖန်းလိက systemကိုလျစ်လျူရှုလိုက်ပြီး သူ့ရဲ့မျက်လုံးတွေကို မှိတ်လိုက်တယ်။ ရန်ရွှီနဲ့ ဝူရိမေ့ရဲ့အတိတ်က လွင့်မြောနေတဲ့ အရိပ်တွေလို သူ့စိတ်ထဲမှာ ပုံပေါ်လာတယ်။

နတ်ဆိုးဘုရင်ကဇာတ်ညွှန်းအတိုင်းလိုက်လုပ်ချင်နေတယ်(mmtran)Where stories live. Discover now