အပိုင်း(၆) Unicode

343 36 5
                                    




အပိုင်း(၆)

မူရင်းဝတ္ထုမှာဆိုရင် ဒီအပိုင်းက အသားပါတဲ့ စားပွဲသောက်ပွဲကြီးလိုပဲ။ အခြေခံအားဖြင့် ရှဲ့ဟိုင်ဒီကိုရောက်ပြီးကတည်းက ရန်ရွှီက ဖော်ပြ၍ ဖော်ပြ၍မရနိုင်တဲ့ အရာတွေကလွဲလို့ ကျန်တာကို ဘာမှအရေးတယူမလုပ်ခဲ့ဘူး။ စာရေးဆရာက ရှဲ့ဟိုင်ဘယ်လောက်ထိခေါင်းမာလွန်းလဲဆိုတာနဲ့ ရန်ရွှီရဲ့ ပြင်းပြတဲ့ ဆန္ဒကို အောင်နိုင်ဖို့ တစ်ဖက်လူကို ဘယ်လောက်ချိုးနှိမ်ထားလဲဆိုတာကိုပဲ ဖော်ပြထားတယ်။

ဒီနိုင်ထက်စီးနင်းပြုပြီး ****ဖြစ်တဲ့ ဇာတ်လမ်းအနေနဲ့ ဒါဟာဆိုရင် ပထမဆုံးကျောက်ကပ်ကို ထုတ်ယူလိုက်ပြီးနောက် နှလုံးသားကို ဆွဲထုတ်လိုက်သလိုပါပဲ။ အဓိကဇာတ်ကောင်ကို ချိုးနှိမ်လို့မရတဲ့အတွက်သူက တစ်ဖက်လူကို ချစ်မိသွားခဲ့တယ်။ရိုးရိုးသားသား‌ပြောရရင် ဒါဟာဆိုရင် ဇာတ်ကွက်သစ်တော့မဟုတ်ခဲ့ပါဘူး။

ဒါပေမဲ့ အဆုံးသတ်အကြောင်းအရာတွေက သူတို့ရဲ့တည်ရှိမှုအတွက် အကြောင်းပြချက်တွေပဲ။

ဒါဟာဆိုရင် စီးချင်းတိုက်ပွဲလိုပါပဲ။ နှစ်ဖက်လုံးက အရာအားလုံးပုံအောပြီး ရှုံးတဲ့လူက အမြဲတမ်း တစ်ခုခုကိုဆုံးရှုံးရမှာပဲ။

(စီးချင်းတိုက်ပွဲက ခေါင်းဆောင်နှစ်ယောက်က ‌နောက်လိုက်တွေမပါဘဲ သူတို့နှစ်ယောက်တည်းယှဉ်ပြိုင်ပြီး တိုက်ခိုက်ကြတာကိုပြောတာပါဗျ)

ရှဲ့ဟိုင်က ဘယ်လောက်ပဲချောပြီး ပြီးပြည့်စုံနေပါစေ သနားစရာကောင်းတာက ဘယ်လိုကိစ္စပဲရှိနေပါစေ ဖန်းလိက သူ့ကိုယ်သူ ယောက်ျားသားတစ်‌ယောက်နဲ့အတူအိပ်ဖို့ တိုက်တွန်းမှာမဟုတ်ဘူး။ ကံကောင်းတာက သူတစ်ချိန်လုံး ရှဲ့ဟိုင်နဲ့ အတူရှိနေစရာ မလိုတာပါပဲ။

ဒီအပိုင်းက တစ်လလောက်ကြာတယ်။ ပြီးတော့ ဒီစာအုပ်ထဲမှာ အဲ့လိုမျိုးအဖြစ်အပျက်တွေရဲ့ သရုပ်ဖော်ရေးသားချက်တွေက အများကြီးရှိတဲ့ပုံပါပဲ။ ဒါပေမဲ့ အသေးစိတ်ဖော်ပြထားတာကတော့ ညအချို့လောက်ပါပဲ။ တကယ်တော့ ဒါက ငါ့ရဲ့အချိန်ကို အများကြီး ယူလိုက်တာတော့မဟုတ်ပါဘူး။ ဒါဟာဆိုရင် ဝတ္ထုနဲ့ တကယ့်လက်တွေ့မှာရှိတဲ့ ကွာခြားချက်က အချစ်ဆိုတဲ့ အရာကြီးက ဘဝတစ်ခုလုံးမဟုတ်ဘူးဆိုတာပါပဲ။

နတ်ဆိုးဘုရင်ကဇာတ်ညွှန်းအတိုင်းလိုက်လုပ်ချင်နေတယ်(mmtran)Where stories live. Discover now