အပိုင်း(၈.၂) Unicode

170 24 1
                                    



အပိုင်း(၈.၂)
ပထမဆုံး ရန်ရွှီကို သတ်ခဲ့တယ်။ ပြီးတော့ တုမိန်။ နတ်ဆိုးကြီး နှစ်ယောက်ကို တစ်ယောက်ပြီး တစ်ယောက် သတ်ပြီးနောက် အကြီးကျယ်ဆုံး အောင်နိုင်သူဖြစ်သွားခဲ့တယ်။ အတင်းအဓမ္မလုယုချင်တဲ့ သူတွေရဲ့ အဆုံးသတ်က မကောင်းနိုင်ဘူးဆိုတာကို ပြောပြနေတာပဲ။
ဖန်းလိက ဇာတ်ညွှန်းအတိုင်း ဖြည်းဖြည်းချင်း သွားနေတယ်။ ဒီနေ့ သူ့ရဲ့ တာဝန်က ရှဲ့ဟိုင်ကို တုမိန်ဆီ ခေါ်သွားပေးဖို့ပဲ။ ရှဲ့ဟိုင်ရဲ့ သူမတူအောင် လှပတဲ့ ရုပ်ရည်နဲ့ဆိုရင် တုမိန်က သွေးဆောင်ခံရမယ်ဆိုတာက ဖြစ်နိုင်တယ်မလား?တုမိန်က သူ့ကိုယ်သူ အချိန်အတော်ကြာတဲ့ထိအောင် မကျေမနပ်ဖြစ်နေခဲ့တယ်။ ရှဲ့ဟိုင်ကို မိတ်ဆက်ပြီးနောက် တုမိန်ရဲ့ နှလုံးသားက လုံးဝပြောင်းလဲသွားခဲ့တယ်။ တကယ်လို့ သူ့ကို ရန်သွားစလိုက်မယ်ဆိုရင် သူခြေလှမ်း ရွှေ့သွားမှာကို ကြောက်စရာမလိုဘူး။
ညအခါ ကောင်းကင်ပြင်မှာ လမင်းကြီးက လင်းထိန်နေလေရဲ့။
နတ်ဆိုးအစေခံတစ်ယောက်က ခြေလှမ်းကို ဖော့ကာ ဝင်လာပြီး ဦးညွှတ်ကာ ပြောလိုက်တယ်။ “အရှင် ဧည့်သည်တော်တွေအားလုံး ရောက်နေကြပါပြီ။”
ဖန်းလိက မတ်တပ်ရပ်လိုက်ပြီး အနည်းငယ်ပြုံးလိုက်ကာပြောလိုက်တယ်။ “ကောင်းပြီ။ သွားပြီး သခင်လေးယုရီကို ဖိတ်ခဲ့ချေ။”
နတ်ဆိုး အစေခံက ပြန်ဖြေလိုက်တယ်။ “ဟုတ်ကဲ့ပါ”

နတ်ဆိုးနန်းတော်ရဲ့ အရှေ့ခန်းမဆောင်ကဆိုရင် အလွန်အမင်းကို ခမ်းနားကြီးကျယ်လွန်းလှပေတယ်။ အေးစက်တဲ့ အနက်ရောင်ကျောက်ခင်းပေါ် အေးစက်တဲ့ အလင်ရောင်က ထင်ဟပ်နေတယ်။ ရွှေရောင်စင်္ကြံရဲ့ ဘယ်နဲညာ တစ်လျှောက် ဖယောင်းတိုင်တွေက ထွန်းလင်းတောက်ပနေတယ်။ ဒါဟာဆိုရင် ရေတံလျှပ်တွေလိုမျိုး အသုံးအဖြန်းကြမ်းတဲ့ အကျင့်စာရိတ္တ ပျက်ပြားနေတဲ့ အငွေ့အသက်ကို ဖော်ဆောင်နေတယ်။
ဖန်းလိက အနောက်ကနေ စင်္ကြံအမြင့်ကြီးပေါ် ဖြည်းညှင်းစွာ လျှောက်လှမ်းလာခဲ့ပြီး အလယ်မှာ ရှိတဲ့ ထိုင်ခုံပေါ် ထိုင်ချလိုက်တယ်။
ဖန်းလိလာတာကို ကြည့်ခြင်းဖြင့် နှစ်ဖက်နှစ်ချက်လုံးမှာ ရှိတဲ့ နတ်ဆိုးကျင့်ကြံသူတွေက မတ်တပ်ရပ်ပြီး အရိုအသေပေးနေကြတယ်။
ဂုဏ်ပြုပွဲကို တက်ရောက်ဖို့ ခန်းမထဲသို့ ဝင်လာတဲ့ သူတွေအကုန်လုံးက ကျော်ကြားတဲ့ နတ်ဆိုးကျင့်ကြံသူတွေ ဖြစ်ကြတယ်။ ဘယ်လက်ရုံးကဆိုရင် ဝူရိမေ့ဖြစ်ပြီး ညာဘက်ကဆိုရင် တုမိန်ဖြစ်တယ်။
ဖန်းလိက သူ့အကြည့်ကို ညာဘက်ကို ရွှေ့လိုက်ပြီး ညာဘက်မှာ ရပ်နေတဲ့ သူကို စူးစူးရဲရဲ ကြည့်လိုက်တယ်။
အဲ့လူက အရပ်ရှည်ပြီး သန်မာထွားကြိုင်းတယ်။ ၂ မီတာ လောက်ရှိမယ်။ အသက်(၃၀) လောက်ရှိပြီး သူ့ရဲ့တိုလျှတဲ့ ဆံပင်တွေက မလိုက်မဖက်ဖြစ်နေတယ်။ ကြေးရောင်အသားအရည်၊ တင်းမာနေတဲ့ မျက်နှာထားကြီးနဲ့ မြင့်မားတဲ့ မျက်ခုံးရိုးကြီးတွေ ရှိတယ်။ နက်မှောင်တဲ့ မျက်ဝန်းတွေရယ် သပ်ရပ်တဲ့ ဝတ်စုံကို ဝတ်ထားပြီး သူ့ရဲ့တောင့်တင်းတဲ့ ခန္ဓာကိုယ်မှာ ချပ်ကပ်စွာ ရှိနေတယ်။ အနက်ရောင် အကြေးခွံတွေနဲ့ သံကျပ်ကာက လည်ပင်းရဲ့ တစ်ဖက်မှာ ဝိုးတိုးဝါးတား ပေါ်ထွက်နေတယ်။ လက်ဆစ်တွေက ကြမ်းနေပြီး ရွှေရောင်နဲ့ကျောက်ရောင် ပေါင်းစပ်ထားတဲ့ အသားရောင်ဖြစ်နေတယ်။
သူတို့မှာ နဂါးရဲ့ သွေးတွေရှိတယ်လို့ ဆိုကြတယ်။ သူတို့ရဲ့ လက်တွေက ကျောက်ဆောင်တွေနဲ့ တောင်တွေကို ဖြိုခွဲနိုင်တဲ့ စွမ်းအားရှိတယ်လို့ ပြောကြတယ်။
သူက အဓိက ခန်းမဆောင်မှာ ရပ်နေပေမဲ့လည်း သူမော့ကြည့်လိုက်တဲ့အခါဆိုရင် မရိုးသားတဲ့ အကြည့်တွေက ထင်ဟပ်နေတယ်။ ပြီးတော့ အဲဒီအနက်ရောင် မျက်ဝန်းတွေက ရန်လိုနေတယ်။ သူက သူ့ရဲ့ နှုတ်ခမ်းတွေကို ပင့်တင်ပြီးတော့ ကျယ်လောင်စွာ ပြောလိုက်တယ်။ “အရှင်”သူပြောပြီးတဲ့နောက် သူ့ရဲ့ အင်္ကျီလက်အနားကွပ်လေးကို မြှောက်ပြီး ထိုင်လိုက်တယ်။ ဘယ်သူမှ သူ့ဘေးနား မရှိသလိုပဲ။ ဒါက မယဉ်ကျေးရာကျတယ်လို့ မြင်နိုင်ပေမဲ့ ဝူရိမေ့ရဲ့ အမြင်ကတော့ ကွဲပြားနေတယ်။
ဒါပေမဲ့ ဒီနေရာမှာ ဒီလို လုပ်ရဲတာဆိုလို့ တစ်ယောက်ပဲရှိတယ်။ ဘာလို့လဲဆိုတော့ ရန်ရွှီက သူ့ကို လိုအပ်နေသေးတယ်လေ။
ဖန်းလိက တုမိန်ရဲ့ ရိုင်းပြမှုကို ဂရုစိုက်မနေပါဘူး။  သူ့လက်ကို ဝေ့ယမ်းလိုက်တဲ့အခါမှာတော့ အခြားမတ်တပ်ရပ်နေတဲ့ သူတွေက တစ်ယောက်ပြီးတစ်ယောက် ထိုင်လိုက်ကြတယ်။
လက်တစ်ဖက်က လက်တင်တဲ့ အပေါ်မှီထားပြီး ပျင်းပျင်းရိရိ မှီထားပြီး အနည်းငယ်ပြုံးကာ “မင်းဒီခရီးမှာ အတော်လေးကြိုးစားခဲ့တာပဲ။ ငါမင်းကို ဒီတစ်ခွက်နဲ့ ဂုဏ်ပြုပေးမယ်။
“တုမိန်က ပြုံးပြီး ပြောလိုက်တယ်။ “ ကျေးဇူးတင်ပါတယ် အရှင်”သူပြောပြီးတာနဲ့ သူ့ရှေ့က ဝိုင်ခွက်ကို ကိုင်ကာ တစ်ကျိုက်တည်း မော့ချလိုက်တယ်။

နတ်ဆိုးဘုရင်ကဇာတ်ညွှန်းအတိုင်းလိုက်လုပ်ချင်နေတယ်(mmtran)Where stories live. Discover now