အပိုင်း(၂.၂) Unicode

269 40 1
                                    


အပိုင်း(၂.၂)

ယန်ကျန်းချီးတောင်ရဲ့ ဂိတ်အရှေ့မှာ နတ်ဆိုးကျင့်ကြံသူ အုပ်စုက အကာအကွယ်စည်းကို တိုက်ခိုက်နေကြတယ်။
နတ်ဆိုးကျင့်ကြံသူတွေရဲ့ခေါင်းဆောင်က အက်ရောင်သံချပ်ကာကို ဝတ်ထားတယ်။ သူကအရပ်ရှည်ပြီးတော့ အသားအရည်က ကြေးရောင်လိုပဲ။ ကြွက်သားတွေကလည်း အဖုအထစ်တွေနဲ့။ သူကဓားနှစ်ချောင်းကို လက်တွေနဲ့ဆုပ်ကိုင်ထားတယ်။ အကာအကွယ် ကိုအာရုံစိုက်ပြီး လက်တစ်ဖက်ပြီးတစ်ဖက်နဲ့လွှဲခုတ်လိုက်တယ်။ အကာအကွယ်ကြီးရဲ့ အရောင်ဟာ မှိတ်တုတ်မှိတ်တုတ်နဲ့မရပ်တန့်နိုင်တော့ဘူး။

သူကခုတ်နေရင်းနဲ့ သရော်ပြုံးပြုံးလိုက်တယ်။ ပြီးတော့ ကျယ်ကျယ်ပြောလိုက်တယ်။ " မင်းအရှင်ယုရီဆီလွှဲပေးမယ်ဆိုရင် အရှင်ကမင်းကိုချမ်းသာပေးလိမ့်မယ်။ ဒါဆိုမင်းလည်းပျော်မှာပါ။ ဘာလို့ခေါင်းမာနေရတာလဲ?"

ယန်ကျန်းချီးရဲ့ တပည့်အနည်းငယ်က အသင့်အနေအထားအနေနဲ့ အကာအကွယ်ထဲမှာ ထိုင်စောင့်နေကြတယ်။ သူတို့ရဲ့ အမူအရာတွေက လှုပ်ရှားမှုကင်းမဲ့နေတယ်။ သူတို့က အပြင်က နတ်ဆိုးကျင့်ကြံသူတွေကို အေးစက်စွာကြည့်လိုက်တယ်။

မိုရှို့က ပြုံးလိုက်ပြီး သူ့အသံကလည်း မပြတ်မသားဖြစ်နေတယ်။ ရင်းနှီးနေတဲ့ပုံစံနဲ့စကားပြောလိုက်တယ်။ "မင်းတို့ရဲ့ မျက်နှာသေတွေကို ကြ့ည်စမ်းပါဦး။ မင်းတို့ကဗဟုသုတနည်းလိုက်တယ်။ မင်းတို့တွေပျော်ပျော်နေသင့်နေတာ။  မင်းတို့ ယန်ကျန်းချီးမှာ တစ်ကမ္ဘာလုံးထဲမှာ ဒီလိုကျော်ကြားတဲ့သူမျိုးရှိနေတာ။ နံပါတ်တစ်အလှလေး။ သူသာ သာမန်မဟုတ်ဘူးဆိုရင် ငါတို့ရဲ့အရှင်က ကြိုက်မှာမဟုတ်ဘူး။  ဒါကမင်းတို့ရဲ့ ကံကောင်းခြင်းပဲ။ သူကတော့ မျက်နှာပြောင်တိုက်တာပဲ။ "
အဲ့ဒီတပည့်အနည်းငယ်က ဒေါသဆွပေးတဲ့ လွန်ခဲ့တဲ့ ဆယ်စုနှစ်က ညစ်ညမ်းတဲ့ စကားတွေကို မရေမတွက်နိုင်အောင်ကြားနေရတယ်။ သူတို့အဲ့ဒါကို ကြားရတိုင်း နာကျည်းမှုကို ခံစားနေရတုန်းပဲ။

စီနီယာအကိုကြီးရှဲ့ဟိုင်က သူတို့အားလုံးရဲ့ လေးစားရတဲ့ ပုဂ္ဂိုလ်ပဲ။ သူက ယန်ကျန်းချီး မဟုတ်ဘူး။ အမတ တစ်ကမ္ဘာလုံးရဲ့ နံပါတ်တစ်ဂုဏ်အယူရဆုံးပဲ။ ကျင့်ကြံခြင်းသာမကပဲ မျိုးဆက်သစ်လူငယ်တွေရဲ့ ခေါင်းဆောင်တစ်ယောက်ဆိုလည်းမမှားဘူး။ သူ့ရဲ့ရုပ်ရည်မှာတောင်မှ ပြိုင်ဘက်ကင်းပြီး စွဲမက်စရာကောင်းတယ်။ ယန်ကျန်းချီးရဲ့ ဒီလိုတည်ရှိမှုက ယန်ကျန်းချီးမှာရှိတဲ့ လူတွေအားလုံးရဲ့ ဂုဏ်ယူစရာပဲ။ ဒါပေမဲ့ နတ်ဆိုးတွေပြောတာက သူကအစေခံပဲတဲ့။ သူတို့က ​ရှေ့ဆက်လျှောက်ပြီး အသက်ရှင်ဖို့အခွင့်အရေးရှိချင်တယ်တဲ့။

နတ်ဆိုးဘုရင်ကဇာတ်ညွှန်းအတိုင်းလိုက်လုပ်ချင်နေတယ်(mmtran)Where stories live. Discover now