အပိုင္း(၉.၁)/အပိုင်း(၉.၁)

155 19 0
                                    

အပိုင်း(၉.၁)

သေတ္တာထဲမှာ ဒွါရခုနှစ်ပေါက်ကနေ သွေးတွေယိုစီးနေပြီး ပြူးကျယ်နေတဲ့ မျက်လုံးတွေနဲ့ ဦးခေါင်းတစ်လုံးရှိတယ်။

တုမိန်က အလျင်အမြန်ပဲ သူ့နှလုံးသားထဲမှာ ဖြစ်နေတဲ့ ဝရုန်းသုန်းကားအခြေအနေတွေကို တည်ငြိမ်အောင် လုပ်လိုက်ပြီး မျက်မှောင်ကျုံ့ကာ ဖန်းလိကို ကြည့်လိုက်တယ်။ “အရှင် ဘာကို ဆိုလိုတာလဲ?”

ဒီအချိန်မှာ ခန်းမတစ်ခုလုံးက လုံးဝတိတ်ဆိတ်သွားတာက အပ်ကျသံကိုပင်ကြားနိုင်တယ်။

ဖန်းလိရဲ့ ခန္ဓာကိုယ်အပေါ်ပိုင်းကို အရှေ့သို့ အနည်းငယ်ညွှတ်လိုက်ပြီး ဂရုဏာသပ်ဟန်နဲ့ တုမိန်ကို ငုံ့ကြည့်လိုက်တယ်။ သူ့ရဲ့ ပုံမှန်ရယ်နေကျအသံက ခန်းမထဲမှာ ရှင်းရှင်းလင်းလင်းကို ပဲ့တင်ထပ်နေခဲ့တယ်။ “ဒီလူက ငါကိုယ်တော်ကို မတိုင်ခင် အဆိပ်ခတ်လုပ်ကြံခဲ့တယ်။ သူဖော်ထုတ်ခံလိုက်ရတဲ့ အချိန်မှာ နောက်ကွယ်က လူက ညာလက်ရုံးတော်ကြီးလို့ မဟုတ်မမှန်စွပ်စွဲခဲ့တယ်လေ။ ဒါကြောင့် ဒီအရှင်က သူ့ကို သတ်ပစ်လိုက်တယ်။”

တုမိန်က သူ့ရဲ့ မျက်လုံးတွေထဲမှာ သတ်ဖြတ်လိုတဲ့ ရည်ရွယ်ချက်ကို မြင်ခဲ့ရတယ်။ သူက ဖန်းလိကို အေးစက်စွာ စိုက်ကြည့်လိုက်တယ်။ အချိန်အတော်ကြာပြီးတဲ့နောက် သူ့ရဲ့ နှုတ်ခမ်းထောင့်တွေကို ပင့်တင်လိုက်ပြီး ဖြည်းညှင်းစွာ ပြောလိုက်တယ်။ “အရှင့်ရဲ့ ယုံကြည်မှုအတွက် ကျေးဇူးတင်ပါတယ် အရှင်”

ဖန်းလိက ခေါင်းငြိမ့်ပြီး ပြုံးပြလိုက်တယ်။ “ငါကိုယ်တော် ညာလက်ရုံးတော်ကြီးကို ယုံတယ်။ ဒီကိစ္စက သည်းခံနိုင်တဲ့ အခြေအနေမဟုတ်ဘူး။ ငါကိုယ်တော် မင်းကိုဒီကိစ္စရဲ့ နောက်ကွယ်မှာ ဘယ်သူရှိလဲဆိုတာ ရှာဖို့အပ်ထားလိုက်ပြီ”
တုမိန်က သရော်လိုက်ပြီး သူ့ရဲ့ စူးရှတဲ့ မျက်လုံးတွေက ဖန်းလိရဲ့ မျက်နှာပေါ်မှာကပ်နေတယ်။ ပြီးတော့ အသံတိုးတိုးလေးနဲ့ ပြောလိုက်တယ်။ “ ကျွန်တော်မျိုး အမှန်တရားကို ရှာဖွေပြီး အရှင့်ရဲ့ သင်ကြားပြသမှုကို လိုက်နာပါ့မယ်။”

ဖန်းလိက ကျေးနပ်တဲ့ အပြုံးကို ပြသလိုက်တယ်။ တုမိန်က ဉာဏ်ကောင်းတဲ့ လူတစ်ယောက်ပဲ။ ပြီးတော့ သူက သူ့ကို ခုချိန်မှာ လာမထိသင့်ဘူးဆိုတာ သိတယ်လေ။ ဒါပေမဲ့ သူက လူတစ်ယောက်ကို အဆိပ်ခတ်ဖို့ လွှတ်ခဲ့တယ်။ သူက အဲ့ဒါကို ဘာလို့ မပြနိုင်ရမှာလဲ?။ ဒီမြေဇာပင်လေးကို သူ အလွယ်တကူ အရူးလုပ်လို့တော့မရနိုင်လောက်ဘူး။ သူခုချိန်မှာ သူဒေါသကို ဖြေသိမ့်ချင်တယ်ဆိုရင် သူ့ရဲ့ အပြစ်ကင်းမှုကို ပြသရလိမ့်မယ်။

နတ်ဆိုးဘုရင်ကဇာတ်ညွှန်းအတိုင်းလိုက်လုပ်ချင်နေတယ်(mmtran)Where stories live. Discover now