အပိုင်း(၂.၁) Unicode

378 44 1
                                    


အပိုင်း(၂.၁)

ယန်ကျန်းချီးလွန်ခဲ့တဲ့နှစ်လေးထောင်တုန်းကပဲ။အကာအကွယ်စည်းကို နောက်ဆုံးဖွင့်ခဲ့တဲ့အချိန်က  သဘာဝဘေးအန္တရာယ်တွေ မီးဘေး နဲ့ တောင်တွေ မြစ်ချောင်းတွေ ကသောင်းကနင်းဖြစ်ခဲ့တာကြောင့်ပဲ။

အကာအကွယ်အခင်းအကျင်းရဲ့ အချက်အချာဟာဆိုရင် လင်းယွမ် တောင်ထိပ်ရဲ့ အမတ ခန်းမဆောင်ထဲမှာ  တည်ရှိတယ်။ ဒါကို အာရုံလွှဲပြောင်းခြင်းအဆင့်ကို ရောက်ရှိနေတဲ့ ဝါရင့်တဲ့သူတွေက ဆောင်ရွက်ကြတယ်။ သူတို့စီရင်ခင်းကျင်းဖို့အတွက် သန်းချီတဲ့ ဝိဥာဥ်ကျောက်တုံးတွေကို နေ့တိုင်းလိုအပ်တယ်။ ယန်ကျန်းချီးမှာ ရှည်လျားတဲ့သမိုင်းနဲ့ ပေါများတဲ့ အမွေအနှစ်တွေရှိတယ်။ ရက်ပေါင်းခုနှစ်ထောင့်ခုနှစ်ရာလေးဆယ့်ကိုးရက်အတွင်းမှာ မထိန်းသိမ်းထားနိုင်တဲ့အခြေအနေကိုကျရောက်သွားပြီ။

အခြေတည်အဆင့်ထက်မြင့်တဲ့ တပည့်တစ်ထောင်နီးပါးဟာ တည်ကြည်လေးနက်တဲ့မျက်နှာထားတွေနဲ့ အမတခန်းမအပြင်ဘက်မှာ အသံတိတ်နေရာယူထားကြတယ်။ သူတို့ရဲ့ကျင့်ကြံခြင်းအဆင့်က ဒီအကာအကွယ်ကို ကျွမ်းကျင်စွာကိုင်တွယ်ဖို့အတွက် မလုံလောက်သေးဘူး။ ဒါပေမဲ့ နောက်ဆုံးအချိန်မှာတော့  ဝိဥာဥ်ကျောက်တုံးတွေကို အသုံးပြုပြီး သူတို့ရဲ့ကိုယ်ပိုင်ကျင့်ကြံခြင်းကို လောင်ကျွမ်းသွားအောင်လုပ်နိုင်ပြီး အကာအကွယ်စည်းကို ဆက်လက်ထိန်းထားနိုင်တယ်။

အခင်းအကျင်းက ဝိဥာဥ်စွမ်းအားကို ထောက်ပံ့ပေးတယ်။

ရုတ်တရက် မှိန်ဖျော့တဲ့ အကာအကွယ်က လေထဲမှာ ဖျက်ခနဲလက်သွားတယ်။ ဒါက ထပ်ပြီးတိုက်ခိုက်ခံရတယ်ဆိုတာကို ဖော်ပြနေတာပဲ။
နတ်ဆိုးကျင့်ကြံသူတွေက ပိုပြီးကြီးမာတဲ့အကာအကွယ်ကစွမ်းအားတွေကို လောင်မြိုက်သွားစေနိုင်တဲ့ ပိုကြီးတဲ့အကာအကွယ်ကို တန်ပြန်တိုက်ခိုက်နေကြတယ်။ အဲ့ဒီအကာအကွယ်စက်ဝန်းကြီးရဲ့အရောင်က မှိန်သထက် မှိန်လာပြီ။ ဒီနေ့.....ထပ်ပြီးတောင့်မခံနိုင်တော့မှာကို... ငါစိုးရိမ်တယ်။

နတ်ဆိုးဘုရင်ကဇာတ်ညွှန်းအတိုင်းလိုက်လုပ်ချင်နေတယ်(mmtran)Where stories live. Discover now