EP 1

34 1 0
                                    


နွေဦး လေပွေ


05111246


"မီနာ...ပြန်ပြီလား.."

"အင်း..."

ပုံမှန်ထက် ပိုပူပြင်းနေတဲ့ နေကြောင့် ခေါင်းတစ်ချက်သာ ညိတ်ပြလိုက်ပြီး ဆိုဖီ့ဆိုင်ကို ကျော်တက်လာခဲ့လိုက်သည်။

လက်ထဲမှာ ထီးကိုင်ထားပေမဲ့လည်း အပူဒဏ်က ခံစားလို့ရနေတုန်းပါပဲ..။

တစ်လပိုင်းမှာတောင် ဒီလောက်ပူနေတာ နွေရာသီ ကျ ဘယ်လိုများနေမလဲ..။

မီနာ့ နှုတ်ကနေ သောင်ဗဟ် ဒိုအာ ကို ခပ်တိုးတိုးလေး ဆို၍ ဆက်လျှောက်လာမိသည်။

ကျောင်းဝန်းအနားကို ရောက်တော့မှ လမ်းဘေးကို ဆင်းလျှောက်ကာ ကျောင်းဝန်းဘေးဘက်က သီးသန့်တံခါးလေးဆီကို ဦးတည်သွားရသည်။

အပါ က ကျောင်းဆရာမို့ ကျောင်းဝန်းထဲမှာ နေအိမ်လေး ဆောက်ပေးထားတာ မီနာ မမွေးခင်ကတည်းကပါ..။

ကျောင်းဝန်းဆိုတာ မီနာ ငယ်ငယ်တုန်းကတည်းက ဆော့ကစားခဲ့တာမို့ မသိသူ မရှိပါဘူး..။

ရန်ကုန်မှာ ကျောင်းသွားတက်ပြီးနောက်ပိုင်းမှ နည်းနည်း သီးသန့်နေဖြစ်သွားတာပါ..။

"သမီး...ပြန်လာပြီလား..."

"ဂျီး..ကျာကျာ..."

မီနာ ကိုယ့်အတွေးနဲ့ ကိုယ်မို့ ထူးထူးဆန်းဆန်း အိမ်ဘက်က ထွက်လာတဲ့ ကျောင်းအုပ်ကို မမြင်မိတာကြောင့် စိတ်ထဲ လန့်သွားရသည်။

လမ်းဆက်လျှောက်လာပြီး အိမ်ပေါ် လှေကားအဆင့် တစ်ထစ် ကို တက်လိုက်ရုံဖြင့် အိမ်ရှေ့ကျဉ်းလေးက စားပွဲ ဝိုင်း ခုံမှာ အပါက ထိုင်နေပြီး ဖျော်ရည် သုံးလေး ခွက်လည်း ချထားသေးသည်။

ကျောင်းဆရာအိမ်မို့ ဧည့်သည် မပြတ်တက်တာ မီနာ့အတွက် အထူးအဆန်း မဟုတ်ပါ..။

မီနာ စလာမ်ပေးပြီး အိမ်ပေါ်တက်လိုက်တော့မှ အပါ က အသိဝင်သွားသလို လှည့်ကြည့်ကာ ပြုံးရင်း စလာမ်ယူသည်။

မီနာ စကားပြောချင်ပေမဲ့လည်း အဝတ်အစားလဲဖို့ အတွက် အခန်းထဲကို အရင်ဝင်သွားလိုက်သည်။

ချစ်မျက်၀န်းWhere stories live. Discover now