EP 2 uni

54 2 0
                                    

နွေဦး နေ့ရက်

05120212

"ရေဘုံးက ဘယ်မှာလဲ မသိဘူး.."
မီနာ အခန်းထဲမှာ ထိုင်နေတာ ကြာပြီမို့ စကားသံကို နားစွင့်ရင်း အခန်းပြင် ထွက်ရ ကောင်းမလား စဉ်းစားမိသည်။
ရေဘုံး ရှာနေတာလား မသိဘူး..။
စိတ်ကို တင်းပြီး အခန်းတံခါး ဖွင့််လိုက်ကာ အခန်းပြင်ကို ခြေသံဖွဖွ ဖြင့် လျှောက်လာခဲ့လိုက်သည်။
"ဟေ့ကောင်....ဂျပန်ကြီး...ကြာလိုက်တာကွာ..."
"ငါက ဒီအိမ် ခုမှ ရောက်တာ..ဘယ်မှာ ရေဘုံးရှိလဲ ဘယ်သိမလဲ ...ရှာနေရသေးတာကွ..."
"မင့်မိန်းမကို မရှာခိုင်းဘူးလား..."
"......."
"ဟေ့ကောင်...မင့်မိန်းမ မျက်နှာကော တွေ့ပြီးရဲ့လား.."
"......."
"ဟား..ဟား..ဒီကောင် ငကြောက်ပါကွာ....ဘယ်ကြည့်ရဲပါ့မလဲ..."
"ငါက သူ့ယောက်ျားဖြစ်သွားပါပြီကွာ...တရားတော်အရ ဘယ်အချိန် ဆွဲလှန်လှန် ရတယ်..."
"ဟေ့ကောင်.."
"သြော်...မျက်နှာအုပ်ကို ပြောတာပါ...ပိုင်ပြီးပြီ...ဘယ်အချိန် ကြည့်ကြည့် အရေးမကြီးဘူး...သူ့ကိုလိုချင်တာ..သူနဲ့ လက်ထပ်ပြီးပြီပဲ..."
"အိုမာ...ရေဘုံး မရဘူးလား.."
"အဲ....ရပါတယ်...လာပြီဗျ..."
အပါ ‌ခေါ်သံကြောင့် အသံတွေ တိတ်ဆိတ်သွားပေမဲ့ မီနာမှာ မကျေနပ်စိတ်ဖြင့် မျက်မှောင်ကြုတ် မိသွားသည်။
စကားပြောတာကလည်း မောက်မာ တင်စီးပြီး ရိုင်းစိုင်းလိုက်တာ...။
အပေါင်းအသင်းတွေကလည်း ဂျလေဘီ အရိုင်းအစိုင်းတွေ..။
ဒီကောင်တွေ ဘယ်တုန်းကမှ ကျောင်းဝန်းထဲတောင် ဝင်ခွင့်ရတာ မဟုတ်ဘူး...။
သူ့လို လူကများ ပြောသွားလိုက်တာ တရားတော်အရတဲ့..။
သူ က တရားတော် က သတ်မှတ်ချက်တွေကို ဘယ်လောက်များ သိနေလို့လဲ...။
မီနာ မှာ ဆရာမဆိုတဲ့ ဂုဏ်ကြောင့် ပို၍ပင် စိတ်တိုမိသည်။
"ဂျပန်ကြီးရေ....ရေခပ်လာ..ဒီမှာ ပဲအိုးရေဆူနေပြီ..."
"လာပြီ..."
ဂျပန်ကြီးတဲ့လား..။
မီနာ့မှာ စိတ်ပျက်စွာဖြင့် အခန်းထဲကိုသာ ပြန်ဝင်နေလိုက်မိသည်။
ဘာမှလည်း မကူချင်တော့ပါဘူး..။
.
"သမီးငယ်...ထမင်းလာစားလေ...ဟင်းတွေကျက်ပြီ..မြည်းကြည့်ဦး..."
"မီ စားပြီးပြီ...အပါ..."
"နည်းနည်းတော့ ထပ်စားလေ..."
"ဟင့်အင်း..ခေါင်းမူးနေတယ်..."
အပါတို့ ထမင်းစားနေချိန် မီနာ မီးဖိုခန်းထဲမှာ ဝင်၍ အလုပ်ရှာလုပ်နေမိသည်။
"မီနာရေ...ဆိုဖီယာ..ဖုန်းပြောချင်လို့တဲ့..."
မီနာ စိတ်ထဲ ဆိုဖီမ ကို အပြစ်တင်ရင်း မထွက်ချင်တဲ့ အိမ်ရှေ့ခန်းကို ပြန်ရောက်လာရသည်။
ထမင်းဝိုင်းမှာ မိသားစုနဲ့ ဆွေမျိုးတွေချည်း ဆိုပေမဲ့ သူစိမ်းဖြစ်သူ တစ်ယောက် ပါနေတာ အတော်လေး မျက်နှာပူမိသည်။
နောက်ပြီး ရှက်ဖို့လည်း ကောင်းသည်။
ဘူဘူး လှမ်းပေးနေတဲ့ ဖုန်းကို ကပျာကယာ ယူပြီး မီးဖိုခန်းကို မြန်မြန် ပြန်ဝင်ခဲ့လိုက်သည်။
"ဟဲ့...ပြော..."
"ဟဲ..ဟဲ...နင် က ဖုန်းတောင် ပိတ်ထားတော့ ဘာတွေလုပ်နေလဲလို့..."
"ဘာမှ မလုပ်ဘူး..."
"နင့်ယောက်ျား အနားမှာလား..."
"မဟုတ်ဘူး.."
မိနာ့အသံက ခပ်ပြတ်ပြတ် ဖြစ်နေပေမဲ့လည်း ဆိုဖီမကတော့ ရယ်ချည်းနေတာ အမြင်ကပ်ဖို့ ကောင်းပါသည်။
"နင့်ယောက်ျားက ချောပါတယ်ဟ...ကိုရီးယာ အိုပါးတွေနဲ့ သွားဆင်နေတာ နင်တော့ နဖူးစာကောင်းတာပဲ..ဟီး.."
"ရှိုင်သာန်မ..."
"ဟား..ဟား...ဟုတ်သားပဲ...နင်က ဘောလီးဝုဒ် က မင်းသားတွေ...ညိုညိုစိုစိုတွေကို ကြိုက်တာမလား...နင် မကြိုက်ပေမဲ့ ငါကြိုက်တယ်...သိလား..."
"ခု ဘာပြောမှာလဲ..ဖုန်းချလိုက်တော့မယ်..."
"သြော်...နင် ဒိုအာ မေ့နေမှာစိုးလို့ လှမ်းသတိပေးတာ..."
"ဘာ ဒိုအာလဲ..."
"ဟီး..ဟီး...ဟိုဟာလေ....ဗိစ်မိလ္လာဟိ အလ်.."
"မကောင်းဆိုးဝါးမ...ရှိုင်သာန်မ..."
မီနာ ဖုန်းကို ပိတ်ချလိုက်ပေမဲ့လည်း ရှက်ပြီး မျက်နှာတွေ ပူမိသည်။
သူ ပြောလိုက်တော့မှ မေ့နေတဲ့ ကိစ္စ ကို ပြန်သတိရလာသည်။
ကိုယ်က အကြောင်းပြထားပေမဲ့ ဒီလူက နားလည် သဘောပေါက်ရဲ့လား မသိဘူး..။
လုံး၀ မရင်းနှီး စိမ်းသက်သည့် လူကို ချက်ချင်း ရင်းနှီးဖို့က မလွယ်ဘူးလေ..။
သူက ကိုယ်ချင်းစာ တရားမရှိတဲ့ လူရမ်းကားဆို မီနာ ပိုပြီးဒုက္ခများလိမ့်မည်..။
ညနေတုန်းကသူတို့ချင်းပြောနေတာ သူက ယောက်ျားဖြစ်သွားပြီတဲ့..။
မီနာ စိတ်ထဲမှာ ကြောက်ရွံ့မှုကြောင့် မျက်ရည်က ပြည့်လာရပြန်သည်။
"ဟဲ့..မီနာ..ဧည့်သည်တွေ ကုန်ပြီလေ...နေကားဖ် မချွတ်သေးဘူးလား..."
"ဟင်...အင်း...လူတွေ ရှိလို့..."
အစ်မ တစ်ဝမ်းကွဲက ပြောပေမဲ့ မီနာ အကြောင်းပြထားလိုက်ရသည်။
ထမင်းစားပြီးကြလို့ စကားပြောနေကြတာ သိပေမဲ့လည်း မီနာ မီးဖိုခန်းမှာ ပန်းကန်ဆေးလိုက် အိုးဆေးလိုက်ဖြင့် အလုပ်ရှာနေမိသည်။
အလုပ် လုပ်စရာ မကျန်တော့ မနက် အတွက် ရေနွေးအိုးပါ ကြိုထားမိသည်။
"ဟယ်...ညီမလေး..ဘာတွေလုပ်နေတာလဲ...ဘူဘူ က အခန်းထဲ ဝင်သွားပြီ ထင်လို့..."
"ရေနွှေးကြိုနေတာ..."
"အို...ညနက်နေပြီ...သွားတော့လေ..."
ဘူဘူး က အတင်းလွှတ်နေတော့ မီနာ မျက်နှာပူ ရင်ခုန်ရင်း အခန်းရှေ့ကို ပြန်ရောက်လာရသည်။
ကိုယ်နေခဲ့တဲ့ အခန်းတံခါးကို မဝံ့မရဲဖြင့် နည်းနည်း တွန်းကြည့်တော့ တံခါးဟသွားသည်။
ဂျွတ်ဘာ အကျီ ၤ အရှည် အဖြူနဲ့ ဦးထုတ်ဝတ်ထားတော့ မီနာ စိတ်ထဲ အံသြရသည်။
ခုတင်ဘေးက အခင်းပေါ်မှာ ရပ်နေတော့ ဝတ်ပြုနေတာလား..။
သူ နမာဇ် ဖတ်နေမှန်း သေချာသွားတော့ ခဏရပ်စောင့်ကြည့်နေမိသည်။
စလာမ်လှည့်ပြီးတော့မှ မျက်လွှာချကာ အခန်းထဲကို ဖြည်းဖြည်း ဝင်ခဲ့လိုက်သည်။
"မီနာ...ဖတ်လို့မရလို့...ကျနော် တစ်ယောက်တည်းပဲ ဖတ်လိုက်တယ်..."
သူက ဆရာလုပ်ပြီး ပြောနေတော့ မီနာ အောင့်သပ်သပ်ဖြင့် ခေါင်းညိတ်လိုက်မိသည်။
နမာဇ် နှစ်ရကအသ် တူတူ ဖတ်ရတာ သိပေမဲ့ ကိုယ့်မုသားနဲ့ ကိုယ်မို့ တစ်ယောက်တည်းပဲ ခိုးဖတ်ရတော့မည်လေ..။
အရှင် ခွင့်လွှတ်ပါစေတော့..။
"ကျွန်တော့် အဝတ်တွေကို ဘီဒိုထဲ ထည့်ထားလိုက်တယ်...ဘူဘူ ထည့်ခိုင်းလို့ပါ..."
မီနာ မျက်လွှာချထားရင်း ခေါင်းညိတ်လိုက်ရသည်။
တကယ်တော့ ဘူဘူ က အဝတ်အစားတွေ သိမ်းပေးဖို့ မီနာ့ကို ခိုင်းထားတာပါ..။
မီနာ မလုပ်ပေးချင်လို့ မေ့ချင်ယောင်ဆောင်ထားလိုက်တာ..။
"ဟို...အဝတ်လဲဖို့က.."
"ရေချိုးခန်းသွား.."
သူ က အဝတ်လဲဖို့ ပြောတာနဲ့ မီနာ ပြောလိုက်တော့ ဘီဒိုထဲက အဝတ်ယူပြီး အခန်းပြင်ထွက်သွားတော့မှ သက်ပြင်းတစ်ချက် ချမိသည်။
သူ ထွက်သွားတာနဲ့ မီနာ ခုတင်ပေါ်က ပူးကပ်နေတဲ့ ခေါင်းအုံးကို ဆွဲယူကာ အစွန်းဘက်တွေ ဆီ ပို့ထားလိုက်ရသည်။
"အိပ်ကြတော့မလား..."
"ဟင်..."
သူ အခန်းထဲ ပြန်ရောက်လာချင်း ပြောလိုက်တဲ့ စကားကြောင့် မီနာ မျက်လုံးအစုံ ပြူးသွားကာ ရင်လည်း ခုန်လာသည်။
"အိပ်ဖို့လေ...မီးမှိတ်တော့မလားလို့..."
"အင်...အင်း..."
မီနာ အခန်းမီးကို ကပျာကယာ ပိတ်ချလိုက်ပြီး ခုတင်ပေါ်ကို အလျှင်အမြန် တက်ကာ အစွန်းဘက်ကပ်၍ အိပ်ချလိုက်သည်။
"မီနာ..."
"မရဘူး..ထိလို့လည်း..မရဘူး..အနားလည်း..မလာနဲ့..တရားတော်အရ မပိုင်ဘူး..."
မီနာ အလန့်တကြားဖြင့် ပြောလိုက်မိရင်း ကျောပေးထားသော်လည်း ပခုံးကို အလိုအလျောက် ကျုံ့ထားမိသည်။
မုသားသုံး လိမ်ညာမိတာ အပြစ်ရှိသလို ခံစားရပေမဲ့ ဒီလူ အနားတိုးကပ်လာရင် မီနာ သတိလစ်သွားနိုင်သည်လေ..။
"အဲဒါ ကျနော် သိပါတယ်...မီနာ အဝတ်မလဲဘူးလား..
ညအိပ်ရင် နေကားဖ် မချွတ်ဘူးလား..."
"........"
မီနာ ကိုယ့်အတွေးနဲ့ ကိုယ် ကြောက်လန့်တကြား ပြောလိုက်မိတာမို့ နည်းနည်းတော့ ရှက်မိသည်။
သူများကို နေကားဖ် ချွတ်ခိုင်းနေတာ မျက်နှာကို မြင်ချင်လို့ ဆိုတာ သိသားပဲ..။
အမာရွတ် ရှိလား..ရုပ်ဆိုးလို့လား တအားသိချင်နေမှာပဲ..။
ကိုယ်တောင် သူ့ကို လုံး၀ မသိ မမြင် မတွေ့ဖူးပဲ လက်ခံ လက်ထပ်လိုက်ရတာပဲမလား..။
သူကတော့ ကိုယ့်ကို တွေ့ဖူးတယ် သိတယ် သဘောကျလို့ တောင်းခိုင်းတာတဲ့...။
ညနေတုန်းက ဆရာကြီး ပုံစံနဲ့ တရားတော် အရ လူကို ပိုင်ပြီးပြီချည်း ပြောနေတာ တကယ်က ဘာမှ သိတဲ့ပုံ မပေါ်ပါဘူး..။
ဘာမှ သေချာ မသိလို့သာ ‌ဇနီးခင်ပွန်းကြား ပရ်ဒါ ထားစရာ မလိုတာလည်း မသိတာပေါ့။
သူက မသိလို့ ဆိုသော်လည်း မီနာကတော့ တရားတော် စည်းမျဉ်း စည်းကမ်းတွေကို သိရဲ့သားနဲ့ သူ့ကို ကြောက်လို့လိမ်ထားမိတာလေ။
မီနာ မျက်နှာအုပ်ချွတ် အိပ်ဖို့တောင် ကြောက်ပြီး မလုံခြုံသလို ခံစားနေရတာမို့ အရှင်ခွင့်လွှတ်ဖို့သာ စိတ်ထဲက ဆုတောင်းမိပါသည်။
"ဟို...ဟိုဟာ ဖြစ်နေရင် နေကားဖ် ချွတ်လို့မရဘူး..."
"ဟင်....သြော်....အဲလိုလား..."
မီနာ့ နောက်ကျော ခပ်လှမ်းလှမ်းက ထွက်လာတဲ့ ခပ်လေးလေး အသံကြောင့် တစ်ချက် ပြုံးမိပြီး မျက်လုံးတွေ မှိတ်ပစ်လိုက်သည်။
ဘာမှ သေချာ မသိလို့ တော်ပါသေးရဲ့။
သူ့ဘက်က ယုံသွားတယ် ဆိုပေမဲ့ မီနာ့စိတ်ကတော့ အပြည့်အ၀ မအေးချမ်းနိုင်ပါဘူး။
သူစိမ်းတစ်ယောက် အနားမှာ ရှိနေသည်မို့ မီနာ ကျောပေးထားလျက်သားက လှုပ်တောင် မလှုပ်ရဲပဲ အိပ်ပျော်သည် အထိ ငြိမ်သက်နေမိသည်။
.
"ညီမလေး...ဘာလို့ နေကားဖ်ဝတ်တာလဲ....အိမ်မှာ ဘယ်သူမှလဲ မရှိပါဘူး.."
"ဟမ်...ဧည့်သည်တွေ လာတော့မှာမို့ပါ..."
"......."
ဘူဘူက ဝလီမာ ထမင်းကျွေးဖို့ ပြင်ဆင်နေရတာမို့ ဘာမှ ထပ်မပြောလို့ စိတ်အေးသွားသည်။
ညတုန်းက အိပ်ပျေ်ာဖို့ ခက်ခဲသလို မနက်ကျတော့ ဘေးကိုတောင် မကြည့်ရဲပဲ အစောကြီး ပြန်ထခဲ့ရတာမို့ ခေါင်းက မူးချင်နေသည်။
တစ်ဖက်တည်း စောင်းအိပ်ရပြီး မလှုပ်မယှက် နေရတဲ့ အနေအထားကြောင့် ကိုယ် တစ်ခြမ်းလုံးလည်း နာနေပြီ..။
မီနာ မှာ အကြောက်တရားကြောင့် လိမ်လိုက်မိတာမို့ နမာဇ်တွေကိုလည်း ခိုးဖတ်နေရတာ...။
သူ့ကို မျက်နှာ မပြချင်တာ နဲ့ ကိုယ်တိုင်ပါ ဒုက္ခခံနေရသည်လေ..။
"မီနာ...အပါ ‌ခေါ်နေတယ်..."
မီးဖိုခန်း အထိ ဝင်လာပြီး ခေါ်တော့ အစ်မ ရှေ့မှာမို့ မျက်နှာပူရင်း သူ့နောက်ကို ကပျာကယာ လိုက်သွားရသည်။
မနေ့ကတည်းက ဆုံးမစကားတွေ နားထောင်ပြီးပြီပဲ..။
ခုလည်း အပါ က ဘာဆူဦးမလဲ မသိဘူး..။
"အပါ...မီ့ကို ခေါ်တယ်ဆို..."
"အေး...သမီး..ကျောင်းထဲမှာ အမျိုးသမီး သီးသန့် အတွက် ပြင်ထားတယ်...လိုအပ်တာလေး နည်းနည်း ပြောပေးလိုက်ပါဦး..."
"........."
မီနာ ‌ခေါင်းညိတ်ပြီး အိမ်ပေါ်က ဆင်းကာ ကျောင်းဘက်ကို ထွက်လာခဲ့လိုက်သည်။
"မီနာ...ခဏ..."
"ဟင်..."
အနောက်က လှမ်းခေါ်တဲ့ အသံကြောင့် လှည့်ကြည့်မိချိန် ခြေလှမ်းကြဲတွေကြောင့် အနားကို တစ်ခဏ အတွင်း ရောက်လာသည်။
မီနာ့ရှေ့အထိ တိုးကပ်လာတော့ လူက ရပ်လျက်သားဖြင့် ခေါင်းနဲ့ ကိုယ်ကို နောက်တွန့်ထားမိသည်။
သူ့ရင်ဘတ်က ရှေ့တိုးလာပြီး မီနာ့မျက်နှာနားမှာ အကျီ ၤ အဖြူရောင် က ကပ်နေပြီ..။
မနေ့က နေကာလက်ထပ်ပွဲမှာ ဝတ်တဲ့ ဂျွတ်ဘာ အကျီရှည်ပဲ ပြန်ဝတ်ထားတာပဲလို့ တွေးနေမိချိန် ခေါင်းပေါ် ကို တစ်ခုခု လုပ်တာ သိတော့ စိတ်တိုမိသည်။
သူ့ပိုင်ဆိုင်ခွင့် အရ မျက်နှာကို တအားကြည့်ချင် မြင်ချင်နေတာ သိသော်လည်း ခုက ကျောင်းသားလေးတွေ ရှေ့မှာ မလုပ်ရဘူးဆိုတာ မသိဘူးလား..။
ဒီလူ က စည်းမျဉ်းစည်းကမ်းတွေ ဘာသိမှာလဲ...မသိလို့ ခုလို လုပ်တာပေါ့..။
မီနာ့ ရှေ့က သူ့ရင်ဘတ်ကို တွန်းပစ်လိုက်တော့ လူကို အံသြသလို ငုံ့ကြည့်သည်။
"ဘာလုပ်တာလဲ...လူတွေနဲ့..."
"ဟင်...ကြိုးစ ပြုတ်နေလို့ ပြန်ချည်ပေးတာလေ...မီနာ ပုဝါစ လျော့နေပြီ..."
"ဟင်..."
မီနာ ကပျာကယာ ခေါင်းနောက်ကို စမ်းကြည့်လိုက်တော့ ကြိုးစ က မီနာ ချည်နေကျ ပုံစံမဟုတ်ပဲ အထုံးလေး ဖြစ်နေသည်။
"ဂျဇကက်လာ...ဟို...ကျေးဇူး..."
မီနာ ဘုစပ်စပ် ပြောပြီး ကျောင်းဘက်ကို လျှောက်လာပေမဲ့လည်း ရင်ခုန်သလိုလို ဘာလိုလို ဖြစ်နေတဲ့ ကိုယ့်ကိုယ်ကိုလည်း မကျေနပ်ချင်ပါ..။
.
"ဧည့်သည်လည်း ကုန်ပြီ...မီနာတို့ ထမင်းစားလိုက်တော့လေ..."
ဘူဘူက ပြောပေမဲ့ မီနာ ဘာမှ မပြောပဲ မျက်လွှာချ ငြိမ်သက်နေမိသည်။
"မီနာ စားဖို့ နောက်ကျနေပြီ...ကျနော် ထမင်းထည့်ပေးလိုက်မယ်နော်..."
"ဟမ်...မောင်လေးလည်း တူတူ စားလေ..."
"ရပါတယ်....ကျနော် ကျောင်းထဲမှာပဲ စားလိုက်ပါမယ်..."
မီနာ့ကို တစ်ချက်ကြည့်ပြီး ကျောင်းဘက်ကို ပြန်သွားတော့ ဘူဘူ က မီနာ့ကို တစ်ချက်ကြည့်သည်။
"ညီမလေး ဘာပြောထားလို့လဲ.."
"ဟင့်အင်း...ပြောပါဘူး.."
အစ်မအရင်းမို့ သိနေတယ်ဆိုတဲ့ ပုံစံဖြင့် ကြည့်တော့ မီနာ နှုတ်ခမ်း မသိမသာစူမိကာ မီးဖိုခန်းထဲကို ဝင်ခဲ့လိုက်သည်။
တရားတော်ကို အကြောင်းပြပြီး ပေါက်ကရ လျှောက်လိမ်ကာ ယောက်ျားရှေ့မှာ မျက်နှာအုပ်နဲ့နေတာသာ သိရင် ဆူလိုက်မဲ့ အမျိုးကိုး..။
"အဘူရေ...အိုမာ...ထမင်းပို့ခိုင်းလို့..."
"သြော်...အေး.."
ခဏ ကြာတော့ ဘူဘူ က ထမင်းပန်းကန် ကိုင်ပြီး မီးဖိုခန်းဘက်ကို ရောက်လာသည်။
"လင်မယား ထမင်း လက်ဆုံ စားရမှာကို ဘာတွေ ပြောထားလဲ မသိပါဘူး..."
ဘူဘူး က မယုံလို့ စကားထပ်အစ်နေလို့ လက်ထဲက ထမင်းပန်းကန်ကို ဆွဲယူပြီး မြန်မြန် ထိုင်စားနေလိုက်သည်။
ကြက်သားက ကြီးနေတော့ မကုန် ကုန်အောင် ထိုင်စားပြီးချိန် ဗိုက်က တင်းကားနေပြီ..။
အချိုရည်က ကုန်သွားပြီလား မသိဘူး..။
ဒံပေါက် က အီလိုက်တာ..။
မီနာ ထမင်းစားပြီးတော့ အချိုရည် သောက်ချင်လို့ ကလေးတစ်ယောက်ကို ယူခိုင်းဖို့အတွက် ကျောင်းနောက်ဘက်နားကို ထွက်လာခဲ့လိုက်သည်။
"ဘာလိုလို့လဲ...မီနာ..."
မီနာ့ကို တွေ့တာနဲ့ ပုဆိုးတိုတိုနဲ့ ပန်းကန်ဆေးနေရင်းက ပြေးလာတော့ ကပျာကယာ မျက်လွှာချထားမိသည်..။
သူ့ ကို စကားပြောဖို့လန့်သော်လည်း သူမေးတာကို မဖြေပဲလည်း မနေရဲလို့ မီနာ တံတွေးတစ်ချက် အရင်မြိုချမိသည်။
"ဟို...ဟို..အချိုရည် သောက်ချင်လို့..."
"အချိုရည်..."
"အင်း...ဟင်းက အများကြီး ထည့်ပေးတာ..အီနေလို့..."
"ဟို...ဒီမှာက ကုန်သွားပြီ...ခဏနော်..."
"ဟင်..."
မီနာ့ကို ထားခဲ့ပြီး ကျောင်းရှေ့ကို ပြေးသွားတော့ တားလိုက်ဖို့ မမှီတော့ပါ....။
တကူးတက ဆိုရင် ဘာလုပ်ဖို့လဲ..။
အိမ်မှာပဲ ဖျော်သောက်လည်း ရတဲ့ဟာကို..။
မီနာ ခဏရပ်နေချိန်လေး အတွင်း ပလေကပ် ပုဆိုးတိုတို နဲ့ ပြေးဝင်လာတော့ တစ်ချက် ရယ်မိသွားသည်။
ဘယ်လိုပဲ တူအောင် ဝတ်စားထားပါစေ သူ့ပုံစံက ရယ်စရာချည်းပဲ ဖြစ်နေတာပဲ..။
"လိမ္မော်ပဲ ဝယ်ခဲ့တယ်...."
"အင်း...ကျေးဇူး..."
မီနာ ကို လှမ်းပေးတဲ့ အချိုရည် ဘူးကို လက်နှစ်ဖက်နဲ့ ကိုင်ထားရင်း တွန့်ဆုတ်ဆုတ် ပြောကာ အိမ်ကိုပြန်ခဲ့လိုက်သည်။
"အိမ်မှာ အချိုရည် မရှိတော့...သွား ဝယ်ခိုင်းရတာပေါ့..."
"မဟုတ်ပါဘူး...သူ့ဟာသူ သွားဝယ်ပေးတာ..."
"သြော်..ဟုတ်လား..."
အစ်မ တွေ့သွားတယ်ဆိုတဲ့ အသိကြောင့် ရှက်နေရတဲ့ ကြားထဲ ဟုတ်လားဆိုတဲ့ ရွဲ့သလို စကားကြောင့် မျက်နှာပူကာ အခန်းထဲကိုပဲ ဝင်ခဲ့လိုက်သည်။
ခုတင်ပေါ်မှာ ထိုင်ကာ မျက်နှာအုပ်ကို လှန်တင်ပြီး လိမ္မော်ရည် အေးအေးလေးကို ဖောက်သောက်လိုက်ရင်း တွေးမိသွားသည်။
လူဆိုး လူရမ်းကား တော့လည်း မဟုတ်လောက်ပါဘူးလေ..။
ညတုန်းက မီနာ ခေါင်းအုံးချပေးထားတဲ့ အစွန်းဘက်မှာပဲ သူအိပ်နေတာပဲလေ..။
အသားကိုလည်း မထိသလို အနားလည်း မကပ်လာပါဘူး.။
နောက်ပြီး မနက်က မီနာ မကြိုက်တဲ့ ပုံစံမျိုးလုပ်ပြမိလို့ ထမင်းတောင် တူတူ မစားပဲ ရှောင်ပေးတာပဲ..။
ဒီလူက ကိုယ့်အပေါ် အနိုင်မကျင့်လောက်ဘူးလို့တော့ တွေးထင်မိသည်။
ဒါပေမဲ့...။
မီနာ့ အတွေးတစ်ခုကြောင့် စိတ်မကောင်း ဖြစ်ရပြန်သည်။
ကိုယ့်ကျောင်းနေဖက် သူငယ်ချင်းတွေက သူတို့အမျိုးသား တွေနဲ့ လိုက်ဖက်သည်။
မီနာ ကျောင်းဆရာမ အလုပ်လုပ်နေရပေမဲ့ ယောက်ျားဖြစ်လာတဲ့ သူကတော့ သာမာန်လူတောင်မှ....။
အချိုရည် ဘူးကို အဖုံးပိတ်လိုက်ပြီး အတွေးတွေနဲ့ ငိုင်၍ ထိုင်နေမိသည်။
0420
.
"ကျစ်..."
မီနာ ထမင်းကို ပန်းကန်ထဲ ခပ်ထည့်ရင်း စိတ်ညစ်နေမိသည်။
"ကိုယ့်ယောက်ျားအပေါ် ဘယ်လို ဂုဏ်ပေးပြီးလေးစားသင့်တယ်ဆိုတာ ညီမလေး သိတယ်မလား...သူ့က အသိုင်းအဝိုင်း ဆွေမျိုး အားလုံး စွန့်ထားရသူ..ခု မိန်းမနဲ့ လာနေရတာ...ပိုပြီး ဂရုစိုက်သင့်တယ်..."
ဘူဘူး က ဆူလို့ဝတော့ ပြန်သွားပြီ..။
မီနာ မှာတော့ အစစ လိုက်ပြီး တွေးရင်း စိတ်ကော လူကော ပင်ပန်းရပါသည်။
လက်ထပ်ပြီးတာ ငါးရက်ကြာပြီ ဆိုပေမဲ့ အစ်မတွေ ဆွေမျိုးတွေ ရှိနေတော့ ရှောင်နေဖို့ အခွင့်အလမ်း ရှိသေးသည်။
အခုတော့ တစ်အိမ်လုံးမှာ သုံးယောက်သာ ကျန်တော့သည်။
ထမင်းစားရင် အပါ က ခေါ်မှာပဲ..။
မီနာ ဘာပြောပြီး ငြင်းရမလဲ မတွေးတက်တော့ပါ..။
စားပြီးပြီလို့ မုသားသုံးရင်လည်း ခုမှ ချက်ပြုတ်နေတာ တွေ့နေသားပဲလေ..။
ထမင်းစားချိန် သုံးယောက်တည်းဆိုတော့ နေကားဖ်နဲ့ဆိုရင် အပါက မေးတော့မှာ သေချာသည်။
မီနာ တွေးမရတော့လို့ သက်ပြင်း တစ်ချက် ချလိုက်မိသည်။
အပါ က မနက်စာ စားပြီး စာသင်ချိန် ဝင်ဖို့ ရှိနေတော့ ထမင်းပွဲတော့ ပြင်ရသည်။
"မီနာ....ပေးလေ..."
ထမင်းပန်းကန် နဲ့ ဟင်းပန်းကန် ကိုင်ပြီး ထွက်လာတော့ ရုတ်တရက်ကြီး ပေါ်လာလို့ လန့်သွားရသည်။
မီနာ့ လက်ထဲက ပန်းကန်တွေကို ဆွဲယူသွားတော့ တခြား ပန်းကန်တွေကိုသာ ထပ်ယူလိုက်သည်။
"အပါ..ထမင်းစားဖို့လေ..."
"အင်း...အိုမာလည်း တစ်ခါတည်း စားလိုက်.မစောတော့ဘူး...သမီး..နောက်တစ်ပန်းကန်လိုသေးတယ်လေ..."
မီနာ ပြောရခက်နေလို့ တွန့်ဆုတ် လေးကန်စွာ ဖြင့် ရပ်လိုက်ရသည်။
"ကျနော် စောနက မုန့်စားထားလို့...မဆာသေးဘူး..အပါ...နောက်မှ စားပါမယ်..."
"ဟုတ်လား...ဒါဆို သမီး ထိုင်လေ..."
မီနာ ပြန်ထိုင်လိုက်ပြီး တစ်ချက် ကြည့်မိတော့ သူက ထိုင်ရာကနေ ထရပ်သည်။
"ကျနော် အလုပ်ရှိလို့ ---လမ်းဘက်သွားလိုက်ဦးမယ်..."
"ဖြည်းဖြည်းသွားဦး..."
"......."
သူ ထွက်သွားတော့မှ မီနာ စိတ်ချ လက်ချ ထိုင်လိုက်ရပြီး မျက်နှာအုပ်ကို ဖွင့်လိုက်ရသည်။
"ငါ့သမီးငယ် ဆားမေ့ပြန်ပြီ ထင်တယ်..."
"ဟင်..ဟုတ်လား...ခဏ..."
မီနာ ကပျာကယာ ထပြီး ဆားဘူး ယူကာ အပါ ကို ပေးလိုက်ရသည်။
"သမီး အရင် က အိမ်နေရင်း ဒီလို မဝတ်ပါဘူး..."
"ဟို...ခုရက်ပိုင်း ဧည့်သည်က ခဏခဏ လာနေလို့ပါ...အပါ..."
"အင်း..ဟုတ်တာပဲ..."
မီနာ ထမင်းစားနေရင်း သူ ပြန်လာတော့မလား တွေးမိပြီး မြန်မြန် စားမိသည်။
ထမင်းစားပြီးလို့ ထမင်းဝိုင်း သိမ်းပြီးတဲ့အထိ ပြန်မလာတော့မှ သက်ပြင်းချလိုက်ရသည်။
ကိုယ့်အိမ်မှာပဲ ကိုယ်နေတာ ဆိုသော်လည်း လွတ်လပ်မှု မရှိတော့သလိုပါပဲ။
"သမီးငယ်ကို အပါ အသိပေးစရာရှိတယ်..."
မီနာ အတွေးများနေချိန် အပါက စကားစပြောတော့ အပါ့ဆီအကြည့်ရောက်သွားကာ ခေါင်းညိတ်လိုက်မိသည်။
"အိုမာ က အိမ်စရိတ် ပေးချင်တယ်လို့ အပါ့ကို ပြောတယ်..ဒီကောင်လေးက အလုပ်ကြိုးစားတာတော့ သမီး ကျာကျာ ပြောပြသလို အပါလည်း တွေ့နေမြင်နေပါတယ်...သူ့လုပ်ခ လစာတွေ သမီး ကျာကျာ့ဆီ စုထားတာ ..နေကာအတွက် အကုန်ထုတ်သုံးလိုက်ရတာ အပါ သိထားတယ်...သူကတော့ အိမ်စရိတ် ပေးဖို့ ပြောပေမဲ့ အပါကတော့ မယူချင်ဘူး အိမ်မှာ လူတစ်ယောက်ပိုလာပေမဲ့ အရှင် အလိုတော်နဲ့ စားလောက်ပါတယ်..ဒီတော့ သူ အဆင်ပြေလာတဲ့အခါလောက်မှ လက်ခံမယ် စဉ်းစားထားတယ် ..အပါက ပေးဖို့ မလိုဘူး ပြောထားပေမဲ့ သမီးဆီ ပေးရင်လည်း လက်မခံပါနဲ့ ပိုက်ဆံစုပြီး ဆိုင်သပ်သပ်ဖွင့်နိုင်အောင် အရင်ကြိုးစားဖို့ပဲ တိုက်တွန်းပါ.."
မီနာ မျက်လွှာချထားရင်း ခေါင်းညိတ်လိုက်မိသည်။
ဘာကိုမှ မမက်မောသူမို့ လက်ထပ်တာကိုလည်း ကြီးကျယ်ခမ်းနားရမယ်လို့ စိတ်ကူးတောင် မယဉ်ခဲ့ပါဘူး။
ခုတော့ လက်ကောက်ထူထူ တစ်ကွင်းနဲ့ လက်စွပ် တစ်ကွင်းရခဲ့သည်။
နောက်ပြီး နေကာမှာ ရေခဲ့မုန့်ကျွေးတယ် ၀လီမာ ထမင်း အယောက် နှစ်ရာလောက် ကျွေးတယ်။
တစ်ရပ်ကွက်လုံး သိနေတာက သူ့ရှိသမျှ အိတ်သွန်ဖာမှောက်ပြီး ပွဲလုပ်လိုက်တာ တဲ့လေ။
သူ အဲလိုတွေ လုပ်ပေးခဲ့သော်လည်း မီနာ ထူးပြီး ၀မ်းမသာမိပါဘူး။
"သူ့က အိမ်ကို ခုမှ ရောက်လာတဲ့ သူစိမ်း ဆိုပေမဲ့ သူစိမ်း မဟုတ်တော့ဘူး မိသားစု၀င်လို ခံစားရအောင် နေရစားရ မခက်ခဲအောင် သမီး က ဂရုစိုက်ပါ"
"...."
မီနာ နောက်တစ်ကြိမ် ခေါင်းညိတ်လိုက်ပြန်တော့ အပါက စိတ်မရှည်တော့သလို သက်ပြင်းတစ်ချက် ချလိုက်သည်။
မဟုတ်ရင်ကော မီနာ ဘာပြောရမှာလဲ။
"အပါ...သွားမယ်...အိုမာ လာရင် ထမင်းစားခိုင်းဦးနော်...သမီး..."
မီနာ ရှက်ရွံ့စွာဖြင့် ခေါင်းညိတ်ရင်း မျက်လွှာလည်း ချထားမိသည်။
အိမ်မှာ နေရင် ဒီလိုတွေ တွေ့ကြုံနေရဦးမှာပဲ..။
"အပါ...မီ မနက်ဖြန် စာ ပြန်သင်မယ်နော်...ကျာကျာ့ကို ပြောခဲ့ပေးဦး.."
"အင်း....အပါ ပြောလိုက်မယ်..."
မီနာ အိမ်ရှေ့ တံခါး ပိတ်လိုက်ကာ သက်ပြင်းလည်း ချလိုက်မိသည်။
ငါးရက်ကြာသော်လည်း ဘာမှ မထူးခြားပါဘူး..။
မီနာ က ရှောင်နေပြီး ညအိပ်ချိန် ခုတင်စွန်းမှာ ဝင်အိပ်လိုက်ရင် ပြီးတာပါပဲ..။
မနက် လေးနာရီကျော်ဆို ကိုယ်က အိပ်ရာနိုးနေတက်တော့ တကူးတကန့် ရှောင်နေစရာမလိုပါဘူး..။
ညအိပ်ရင်သာ အနားမှာ ယောက်ျား တစ်ယောက် ရှိနေတယ်ဆိုတော့ ကျောပေးထားပေမဲ့လည်း စိတ်ကျဉ်းကြပ်ကာ အိပ်ပျော်ဖို့ နည်းနည်းခက်သည်။
ကိုယ့်ခင်ပွန်းဆိုပေမဲ့လည်း သူ့မျက်နှာကိုတောင် သေချာ ကြည့်ရဲတာ မဟုတ်ပါဘူး..။
အိမ်မှာ ခုတော့ နှစ်ယောက်တည်း ကျန်ခဲ့ရပြန်ပြီ..။
သူမရှိတုန်း နမာဇ်ဖတ်လိုက်ပေမဲ့ ဖတ်ပြီးတဲ့ အထိ ရောက်မလာသေးပါဘူး..။
မီနာ တစ်ယောက်တည်းမို့ အရင်တုန်းက လုပ်နေကျ အတိုင်း အပ်ချုပ်စက်ရှေ့ကိုသာ ရောက်သွားသည်။
ညီမ ဝမ်းကွဲ တစ်ယောက် အတွက် မြန်မာဝတ်စုံလေး ချုပ်ဖို့က ကြာနေပြီမို့ ဒီနေ့ အပြီးချုပ်ရမည်။
မီနာ စက်ချုပ်နေရပေမဲ့လည်း နာရီဆီ အကြည့်ရောက်သွားတော့ ငါးနာရီ ထိုးတော့မည်။
ဘယ်တွေလျှောက်သွားနေတာလဲ မသိပါဘူး..။
သူ့အပေါင်းအသင်းတွေဆီ သွားပြီး အရက်သောက်နေတာလား မသိဘူး..။
အဲလိုသာဆို မီနာ ရှက်လွန်းလို့ ငိုရင်း သေလိမ့်မယ် ထင်ပါရဲ့..။
အပ်ချုပ်စက်ရှေ့ ငိုင်နေမိတာ ချောင်းဟန့်သံကြားရတော့မှ လန့်ပြီး တုန်သွားရသည်။
မျက်နှာဖုံးကို ကပျာကယာ ဆွဲချလိုက်ပြီး အိမ်ရှေ့တံခါးကို အမြန်ဖွင့်ပေးလိုက်သည်။
သူက အိမ်ပေါ်တက်လို့ စလာမ်ပေးတာလား ကိုယ့်ကို ပေးတာလား မသိပေမဲ့ မီနာ စလာမ်ယူဖို့ တွန့်ဆုတ်နေလို့ တိတ်၍ သာ နေလိုက်မိသည်။
အိမ်ရှေ့ခန်းမှာ သူက ဝင်ထိုင်လိုက်တော့ အပ်ချုပ်စက်ရှေ့မှာ ပြန်ထိုင်ရပေမဲ့လည်း နေရခက်ပါသည်။
စက်ကို ကြည့်နေရပေမဲ့လည်း စိတ်က လှုပ်ရှားနေသည်။
ညနေတောင် စောင်းနေပြီ ထမင်းစားပါလို့ ပြောဖို့က စောတာလား နောက်ကျတာလား..။
အပါ လာလို့ သူ့ကို ထမင်းမကျွေးရသေးတာ သိရင်လည်း ဆူမှာပဲ..။
မီနာ သက်ပြင်းဖွဖွ ချလိုက်ပြီး တစ်ဖက်ကို မျက်လုံးထောင့်ကပ်၍ ခိုးကြည့်မိသည်။
ဖုန်းနှိပ်မယ်ဆိုလည်း တခြားနေရာ သွားနှိပ်ပါလား ..။
ကိုယ့်ဘေးမှာ လာထိုင်နှိပ်နေတာ နေရခက်လိုက်တာ..။
မီနာ ချုပ်လက်စကို ရပ်လိုက်ပြီး စက်အဖုံးကို အုပ်လိုက်ရသည်။
မဟုတ်ရင် လက်ပါ ထည့်ချုပ်မိတော့မည်လေ..။
မီနာ ရှေ့ခန်းမှာ မနေချင်လို့ မီးဖိုခန်းထဲ ဝင်လာမိသည်။
မဖြစ်သေးပါဘူး..။
စိတ်မရှည်လို့ ရှေ့ခန်းကို ပြန်သွားပေမဲ့ လိုက်ကာနောက်မှာသာ ရပ်နေမိသည်။
သူ့ကို ဘယ်လိုခေါ်ပြီး ဘယ်လိုပြောရမှာလဲ..။
မီနာတို့ အသိုင်းအဝိုင်း တစ်ခုလုံးကတော့ ယောက်ျားဖြစ်သူကို လေးစားသလိုနဲ့ ဘိုင် တွေ ထည့်ခေါ်တာပဲ..။
အိုမာဘိုင်လား....မခေါ်ချင်ပါဘူး..။
မီနာ လိုက်ကာ မ လိုက်တော့ ဖုန်းကိုပဲ ကြည့်နေသည်။
"အ..အို...ဟိုတစ်ယောက်...."
"ဟင်..."
အိုမာဘိုင်လို့ ခေါ်ဖို့ကိုပဲ စိတ်မရှည်တာနဲ့ ပါးစပ်ထဲ ရောက်သလို ပြောလိုက်မိတာ မီနာကို လှမ်းကြည့်သည်။
"ထမင်း..ထမင်းစားတော့မလား..."
"မနက်စာလား..."
"ဟင်..."
"မနက်စာ စားရမှာလား...ညစာ စားရမှာလားလို့ မေးတာပါ..."
သူ့ကို လန့်နေတာ သိလို့ ရုပ်ကိုက ပြုံးစေ့စေ့ နဲ့ ရန်စနေတာ မုန်းစရာကောင်းလိုက်တဲ့လူ...။
မီနာ ဘာမှ မပြောချင်လို့ လက်ထဲက လိုက်ကာကို ဆောင့်ချပြီး နောက်ခန်းကိုပဲ ပြန်လာခဲ့လိုက်သည်။
"မီနာ...ကျွန်တော် မနက်စာ မစားရသေးလို့..မနက်စာပဲ အရင်စားလိုက်ပါမယ်...."
ထမင်းပန်းကန်ကို ဆွဲယူပြီး ထမင်းခပ်ထည့်ကာ ဟင်းကို ပန်းကန် သပ်သပ်နဲ့ ထည့်ပေးလိုက်သည်။
"ရပြီ...."
"......."
ဘာမှ မတုန့်ပြန်တော့ မီနာ ရှေ့ခန်းကို တစ်ခေါက် ထွက်ရပြန်သည်။
ဒီလောက်ခေါ်နေတာကို ဖုန်းပဲနှိပ်နေတာ ဘယ်ကြားမလဲ..။
"စားလို့ရပြီလို့..."
"......"
"ဟိုတစ်ယောက်...ခေါ်နေတာ မကြားဘူးလား..."
"ဟင်..ဘယ်တစ်ယောက်လဲ...ကျွန်တော့်ကို ပြောနေတာလား...မသိပါဘူး..."
သူ့ကိုယ်သူ လက်ညိုးထိုးပြပြီး ပြောတော့ မိနာ မျက်နှာအုပ်ထားတာတောင် မျက်စောင်းထိုးပစ်ချင်သည်။
"......."
ဘာမှ မပြောပဲ မီးဖိုခန်း ဝင်လာတော့မှ အနောက်က လိုက်လာတော့သည်။
သူ က ထမင်းစားဖို့ ထိုင်တော့ မီနာ နေရခက်ပေမဲ့လည်း မျက်လွှာချထားရင်း အနားမှာ ထိုင်စောင့်နေရသည်။
ကိုယ့်အိမ်မှာလာနေရတဲ့ ဧည့်သည်လို သဘောထားပြီး ဂရုစိုက်ပေးဖို့ အပါကော အစ်မကော က သေချာ မှာထားသည်လေ..။
"မီနာ ချက်တာလား.."
"အင်း..."
"မီနာ က ဟင်းချက်ကောင်းတာပဲ...ဒါမျိုးဟင်း တစ်ခါမှ မစားဖူးဘူး.."
အပိုတွေ ပြောနေတာလို့ စိတ်ထဲကသာ ပြန်ပြောလိုက်မိကာ မကြားချင်ယောင်ဆောင်နေမိသည်။
"ဆားမပါတဲ့ ဟင်းလေ..."
"......."
မီနာ့ကို အကောင်းပြောတယ်ထင်ပြီး မြှောက်မလို ဖြစ်နေတဲ့ စိတ်ကလေးက ဘုတ်ခနဲ့ ပြုတ်ကျသွားကာ နှုတ်ခမ်းပင် ကိုက်လိုက်မိသည်။
ဒေါသကြောင့် မျက်လွှာပင့်ကြည့်လိုက်မိတော့ လူကို ပြုံးစေ့စေ့နဲ့ ကြည့်နေသည်မို့ ရင်တုန်သွားကာ မျက်လွှာပြန်ချထားလိုက်ရသည်။
"ဆားမပါလည်း စားကောင်းတဲ့ဟင်းမျိုး...မီနာပဲ ချက်တက်တာ..."
ဒီတစ်ခါတော့ သူ ဘာပဲ ပြောနေပါစေ မျက်လွှာချထားရင်း ငြိမ်သက်ကာ မြန်မြန် ထမင်းစားပြီးဖို့သာ ထိုင်စောင့်နေမိသည်။
သူမိဘတွေက ဘာသာမတူတာ သူ့အဖေဆီ လိုက်နေပြီးမှ ခုတစ်ခါ ဒီဘက်ကို ရောက်လာတဲ့ အကြောင်းတွေတော့ မီနာ သိပြီးသားပါ..။
ဒါပေမဲ့ ဘယ်မှာနေတာတွေ ဘာအလုပ်လုပ်တာတွေတော့ သေချာ မသိပါဘူး..။
အပါတို့တော့ သိမှာပေါ့လေ..။
မီနာ က လက်ထပ်ရမဲ့လူဆိုပေမဲ့လည်း လူကြီးတွေ စီစဉ်တာကိုသာ ခေါင်းညိတ်လိုက်တာပါ..။
မနက်က ထွက်သွားတာ တကယ့်အလုပ်ကိစ္စကော ဟုတ်ရဲ့လား မသိဘူး..။
သူသာ အရက်သမားဆိုရင် မီနာတို့ သားအဖတော့ ဒုက္ခရောက်ပြီ..။
"ဟိုတစ်ယောက်..."
"ဟင်..."
မီနာ ခေါ်လိုက်မိပေမဲ့ စိတ်ထဲမှာတော့ ဒီလိုမခေါ်သင့်တာ သိပါသည်။
ဒါပေမဲ့ သူ့နာမည်ခေါ်ဖို့ကလည်း မီနာ့အတွက် ခက်ခဲနေသေးသည်လေ..။
"ဟို...ဟို....ထမင်းယူမလား.."
အစတုန်းကတော့ မနက်က အလုပ်သွားတာ ဟုတ်ရဲ့လား အရက်သွားသောက်တာလား..။
အရက်သောက်ရင်တော့ လုံးဝမကြိုက်တဲ့အကြောင်းတွေ ပြောမလို့ပါ..။
သူ့မျက်နှာကို ကြည့်ပြီး ပြောမထွက်တော့ မျက်လွှာ ပြန်ချရင်း ထမင်းယူမလားသာ မေးနိုင်သည်..။
"ညစာ စားဖို့ချန်ထားတာ..."
"......."
မီနာ ဘာမှ မပြောတော့ပဲ ငြိမ်နေလိုက်သည်။
သူထမင်းစားပြီးတော့ သူ့ပန်းကန်ကို ယူသိမ်းချိန် လက်ကို ကိုင်လိုက်တော့ လန့်၍ တုန်သွားရသည်။
"ကျွန်တော်ဆေးပါမယ်..."
"ရ..ရတယ်..."
မီနာ လက်ကိုလည်း ရုန်းပစ်လိုက်တော့မှ လွှတ်ပေးလို့ ရေကပြင်ဘက်ကို မြန်မြန် ထွက်လာခဲ့လိုက်သည်။
လက်အိတ်ကို ချွတ်ပြီး ပန်းကန်ကို မြန်မြန်ဆေးကာ လက်အိတ် ပြန်ဝတ်လိုက်ရသည်။
"ဒါတွေ စားပွဲပေါ် တင်လိုက်မယ်နော်..."
"အင်း.."
"သိမ်းလိုက်ပြီနော်...မီနာ..."
"အင်းလို့..."
မီနာ အသံမထွက်နိုင်လို့ စိတ်တင်းကာ အသံထပ်မြှင့်၍ ပြောလိုက်ရသည်။
ပန်းကန်ဆေးပြီး အိမ်ပေါ် တက်တော့ မီးဖိုခန်းမှာ ထမင်းပန်းကန်တွေ သိမ်းပြီးပြီမို့ သက်ပြင်းဖွဖွ ချမိသည်။
သူ အိမ်ရှေ့မှာ ထိုင်နေရင် မီနာ မထိုင်ရဲလို့ မီးဖိုခန်းထဲမှာပဲ အလုပ်ရှာရင်း ဟင်းအိုးတွေ နွှေးနေမိသည်။






ချစ်မျက်၀န်းWhere stories live. Discover now