EP 3 Uni

45 3 0
                                    


‌နွေဦး လေပြေ

05131116

"ကွမ်း တစ်ထုတ်..."
"ဟင်..."
မီနာ စာသင်ပြီး ပြန်လာရင်း ဆိုဖီတို့ ဆိုင်မှာ ကျောက်ကပ်တဲ့ ကော်လေး ဝင်ဝယ်ရင်း စကားပြောနေမိသည်။
ရင်းနှီးသလို ရှိတဲ့ အသံမို့ မှန်ဘီဒိုဘက်က ခေါင်းစောင်းကြည့်မိတော့ ရှေ့မှာ အခန့်သား..။
သူ ဘာမှ မပြောမှာ သိသော်လည်း အပြစ်ရှိသလို ခံစားရလို့ ကော်ဘူးကို ကပျာကယာ အိတ်ထဲ ထည့်လိုက်ရသည်။
ကွမ်းယူပြီး ပြန်ထွက်သွားတော့ မီနာလည်း ပြန်ဖို့ ပြင်ရသည်။
ကျောင်းပြန်ချိန်ကြီး အတိအကျ ရောက်လာတာမို့ အပါ ကြိုခိုင်းလိုက်တာ မသိပါဘူး.။
တော်ကြာ မတွေ့ပဲ ပြန်သွားရင် အပါ က မီနာ့ကိုပဲ ဆူဦးမည်လေ..။
"ဟဲ့...ပြန်တော့ဖို့လား...ဘာလဲ...နင့်အိုပါးအိုမာ ကို တွေ့တာနဲ့ ပြန်ချင်သွားပြီလား.."
"တော်စမ်းပါ...အပါ ထမင်းစားစောင့်နေမှာစိုးလို့ပါ..."
ဆိုဖီတို့က မီနာနဲ့ သူ့ရဲ့ ဇာတ်လမ်းကိုမသိတော့ ရန်စနေတာ..။
သူ့ခမျာ ခုချိန်ထိ မီနာ့မျက်နှာကိုတောင် မမြင်ရသေးဘူးဆိုတာ သိရင် ဆိုဖီတို့ သနားပြဦးမည်..။
မီနာ ဆိုင်ထဲက ထွက်လာချိန် သူက တစ်ဖက်လမ်းမှာ လူတစ်ယောက်နဲ့ စကားပြောနေသည်။
သူ စကားပြောနေတဲ့ ရှေ့က ဖြတ်ကျော်လာချိန် သူလည်း တွေ့မှာပါ...။
လမ်းတစ်လမ်းထဲ ပြန်ရတာမို့ မီနာ ခြေလှမ်းတွေကို ဖြည်းဖြည်းပဲ လျှောက်မိသည်။
နည်းနည်း လှမ်းလာတော့ နောက်ကို လှည့်ကြည့်မိတာ အနောက်မှာ ပါလာသားပဲ..။
မမှတ်မိလို့များလား..။
စာသင်ချိန် သွားရင် အနက်ရောင်ပဲ အဝတ်များတာ...။
ဒီနေ့မှ ပန်းရောင် ဝတ်စုံလေး အသစ်ထုတ်ဝတ်သွားမိတော့ မသိတော့တာ နေမှာပေါ့..။
မီနာ ဖြည့်တွေးရင်း ခြေလှမ်းတွေကို ပုံမှန်ပဲ လျှောက်လိုက်သည်။
"မီနာ...ပြန်ပြီလား.."
"အင်း.."
အစ်ကိုဝမ်းကွဲရဲ့ မိန်းမတောင် သုံးလေးခါပဲ တွေ့ပြီး မှတ်မိသေးတာပဲ..။
မီနာ နှာခေါင်းရှုံ့မိပြီး ခြေလှမ်းတွေကို မြန်မြန်ပဲ ဆက်လျှောက်လိုက်သည်။
စောင့်လည်း မစောင့်ချင်တော့ဘူး..။
ဒီလမ်းကို တစ်ယောက်တည်း ပြန်လာတာ နှစ်ချီနေပြီ..။
မီနာ ခြေလှမ်းတွေက ပုံမှန်ထက် ပိုမြန်နေတာ သတိထားမိတော့မှ နှေးလိုက်ရသည်။
"သမီး ပြန်လာပြီလား...အိုမာကို ကွမ်းဝယ်ခိုင်းလိုက်တယ်..မတွေ့ဘူးလား..."
"တွေ့တယ်.."
"တူတူ ပြန်လာတာလား..."
"ဟင့်အင်း..."
အပါ က မီနာ့ကို ကြည့်တော့ အဆူခံရတော့မှာ သိလို့ မျက်လွှာချပြီး ကပျာကယာ အခန်းထဲကို ဝင်သွားရသည်။
"အပါ...ဒီမှာ..."
"အေး...ထားခဲ့...သား..."
အပါ က သားလို့ ခေါ်တော့ မီနာ နှာခေါင်းရှုံ့မိပြန်သည်။
အဲ့လူဘက်ကချည်းပဲ..။
သူက မမှတ်မိတာကို မီနာက သွားနှုတ်ဆက်ပြီး တူတူ ပြန်ကြမယ်လို့ ပြောရမှာလား..။
မီနာ လက်ထဲက အိတ်ကို ချိတ်လိုက်ပြီး ကော်ဘူးတွေကို ထုတ်လိုက်သည်။
အဝတ်အစား လဲရင် မသိမှာ စိုးလို့ အသစ်တွေနဲ့ပဲ မီးဖိုခန်းကို ဝင်ခဲ့သည်။
ထမင်းပန်းကန်တွေ ပြင်နေတော့ သူလည်း မီးဖိုခန်း ဝင်လာတာ ပုံမှန်ပါပဲ..။
"ဟင်းပန်းကန် ချလိုက်မလား..မီနာ..."
"အင်း.."
မီနာ ထမင်းပန်းကန် ထပ်ဖြည့်ရင်း မနေနိုင်တော့ပါ..။
"ဟိုတစ်ယောက်...မသိဘူးလား..."
"ဟင်..."
"လမ်းမှာတွေ့တာ..မမှတ်မိဘူးမလား..."
"အဟွင်း...မှတ်မိတာပေါ့...နေကားဖ်တွေ အကုန်ဆင်တူဝတ်ထားရင်တောင် မီနာကို ခွဲထုတ်နိုင်တယ်..."
"အပို..."
မီနာ မကြားတကြားပြောလိုက်ပြီး ထမင်းပန်းကန်ကို အခင်းပေါ် ချလိုက်သည်။
"မီနာ က ရှက်တယ်ဆိုလို့ပါ...ကျွန်တော်နဲ့တွဲသွားရင် ပိုရှက်ရမှာ စိုးလို့ပါ..."
"ဟင်..."
မီနာ ထမင်းပန်းကန် ချပြီး ပေမဲ့လည်း သူ့စကားကြောင့် အံသြရင်း လှည့်ကြည့်မိသွားသည်။
သူကတော့ ရေခွက် နှစ်ခွက်ကို ထယူပြီး သောက်ရေဘူးလည်း တစ်ခါတည်း ချပေးသည်။
"ဘာကို ပြောတာလဲ..."
"ဆိုဖီယာ ပြောတယ်...မီနာ က ကျွန်တော့်ကို လက်ထပ်ရတုန်းက အရမ်းငိုနေတာ ရှက်လို့တဲ့...ကျွန်တော်က နောင်မွတ်စလင်မ်မို့လို့ ဘာသာရေးဆရာမ တစ်ယောက်အနေနဲ့ ပိုရှက်နေတာဆိုလို့ပါ..."
"အို....အဲလို မဟုတ်ပါဘူး..."
မီနာ့ စိတ်ထဲမှာ ဆိုဖီ့ကို ဒေါသထွက်ဖို့တောင် မေ့ပြီး သူ့ဆီက အ ထင်လွဲနေမှုကိုသာ ကပျာကယာ ရှင်းပြလိုက်မိသည်။
"မီနာ က သာမန် မိန်းကလေး မဟုတ်ပဲ...သာသာရေးကျောင်းမှာ ဘွဲ့ရထားတာလေ...အဆင့်အတန်းတူတဲ့ ခင်ပွန်းတစ်ယောက် နဲ့ လက်ထပ်ချင်မယ်ဆိုတာ ကျွန်တော် နားလည်ပါတယ်...မီနာ့ကို ကျွန်တော် ပိုင်ဆိုင်ချင်လို့ ဆရာကြီး ကို တောင်းခိုင်းလိုက်မိတာလည်း တောင်းပန်ပါတယ်...ကျွန်တော် ကြိုးစားပါမယ်...မီနာ သိက္ခာထိခိုက်မဲ့ ကိစ္စမျိုး မဖြစ်အောင်လည်း ထိန်းသိမ်းပါမယ်..."
".........."
"အပါ...စောင့်နေပြီ...ထင်တယ်...ကျွန်တော် လမ်းထဲ သွားစရာ ရှိလို့..နောက်မှ စားမယ်..."
ရေခွက်ထဲကို ရေထည့်ပေးပြီး မီးဖိုခန်းထဲက ထွက်သွားတော့ မီနာ ငေးငိုင်၍သာ ကျန်ခဲ့ရသည်။
သူ့ကို သမက်တော်လိုက်တဲ့ အပါတို့တောင် ဘယ်လိုမှ မနေပေမဲ့ မီနာကတော့ မိန်းကလေးမို့လို့ ကိုယ့်အပေါင်းအသင်းတွေထက် နိမ့်ကျနေသလို ခံစားရလို့ပါ..။
ခါးခါးသီးသီး ရှောင်ဖယ် နေရလောက်အောင်တော့ မဟုတ်ပါဘူး..။
သူ့ကို ကိုယ်ခင်ပွန်း အဖြစ် တစ်ရပ်ကွက်လုံး အသိပေးပြီးသားမို့ ဘယ်လိုပဲ နေနေ ဘာမှ မထူးပါဘူး..။
လက်ထပ်တုန်းက လူဆိုးလူမိုက် ဖြစ်နေမှာကို ကြောက်ပြီး အရမ်းငိုနေမိခဲ့တာပါ..။
ဆိုဖီက အထင်လွဲပြီး ပြောလိုက်တာကြောင့် သူလည်း စိတ်မကောင်းဖြစ်သွားမှာပဲ...။
"သမီး..."
"ဟင်...အပါ...ေြသ်ာ...ဟင်း...ဟင်းထည့်ပေးမယ်..."
".........."
မီနာ အသိဝင်ပြီး ဟင်းပန်းကန်ကို ကပျာကယာာ ပြင်ဆင်ပေးလိုက်ရသည်။
အပါ နဲ့ အတူတူ ထမင်းစားနေရပေမဲ့လည်း စိတ်တွေက ရှုပ်ထွေးရင်း ထမင်းနဲ့ဟင်းက အရသာမဲ့နေသည်။
.
"မီနာ က အဲလိုလည်း လုပ်တက်တာလား..."
မီနာ အိမ်ရှေ့ခန်းမှာပဲ စက်ချုပ်ပြီး ကျောက်ထိုင်ကပ်နေချိန် အနားမှာ လာရပ်ကြည့်ရင်း ပြောတော့ အပါ့ရှေ့မှာမို့ နေရခက်စွာဖြင့် မကြားချင်ယောင်သာ ဆောင်ထားမိသည်။
"မင့်မိန်းမ က အချက်အပြုတ်သာ စိတ်မဝင်စားတာ စက်ချုပ်တာတော့ ငယ်ငယ်ကတည်းက သင်တာပဲ....ငယ်ငယ်ကဆို ထမင်းချက်တာ ပိုက်ဆံမရဘူး...စက်ချုပ်တာက ပိုက်ဆံရတယ်ဆိုပဲ..."
"ငယ်ငယ်လေးနဲ့ အတွက်အချက်တော်တာပေါ့....အဟွင်း..."
"ဝါသနာ ပါတာပါနော်...မီ က မီချုပ်ပေးတဲ့ အကျီၤ လှလှလေးကို သူများတွေ ဝတ်ရင်ကို စိတ်ချမ်းသာတာ..."
"ဟား..ဟား...ဟုတ်ပါပြီ...သူပြောသလိုပဲပေါ့...ငါ့သားရယ်..."
အပါ ကလည်း ရန်စသလို ပြောပြီး အဖော်ခေါ်နေတော့ မီနာ ကျောက်ကပ်နေရင်း စိတ်တိုမိသည်။
"ကျွန်တော် စက်ချုပ်တာ မြင်ဖူးပေမဲ့..ခုလို ကျောက်လေးတွေ တစ်လုံးချင်း ပုံဖော်တာတော့ တော်တော် လက်ဝင်တာပဲ..."
"ဘာမှ မခက်ဘူး...ပုံဆွဲပြီး လိုက်ကပ်လိုက်တာ..."
"အဲလို မကပ်တက်ခင်တုန်းကတော့ သူ့အစ်မ အဝတ်တွေ ကုန်တာပဲ...ကပ်လိုက် လွဲလိုက်လေ...ဟား..ဟား..."
"အပါကလည်း..တော်ပြီ...မလုပ်တော့ဘူး...အိပ်တော့မယ်..."
မီနာ အဝတ်စကို ခေါက်သိမ်းရင်း ပြောလိုက်တော့ နှစ်ယောက်စလုံး ရယ်နေကြသည်။
ဂါဝန်ကို ခေါက်ပြီး ကော်ဘုံးထဲ ထည့်သိမ်းလိုက်ကာ စက်ကိုလည်း အဖုံးအုပ်လိုက်သည်။
အပါ့အခန်းမှာ အိပ်ရာပြင်ပေးလိုက်ပြီး သောက်ရေခွက်လည်း အဆင်သင့်ထည့်ပေးလိုက်သည်။
သူက ခြံဝန်းတံခါးတွေ စစ်ဖို့ အောက်ကို ဆင်းသွားတော့ မီနာလည်း ပြတင်းပေါက် တံခါး တွေ လိုက်ပိတ်ရသည်။
"သမီးငယ်..."
"......"
မီနာ ပြတင်းပေါက် ပိတ်ရင်း အပါ့ဘက်ကို လှည့်ကြည့်လိုက်မိသည်။
"သမီး အိုမာရှိချိန်တိုင်း နေကားဖ် မချွတ်ဘူး...ဘာဖြစ်လို့လဲ.."
".........."
ညပိုင်းတွေဆို အခန်းထဲမှာပဲ နေဖြစ်ပေမဲ့ ဒီနေ့မှ ကျောက်ကပ်ဖို့ စိတ်ရောက်ပြီး အိမ်ရှေ့မှာ နေမိတာ အပါ သတိထားမိသွားပြီမို့ မီနာ နောင်တရမိသည်။
"သမီးကို အပါ အများကြီး သင်ပြပေးဖို့ မလိုပါဘူး...သမီး ရဲ့ အကြောင်းပြချက်ကိုပဲ သိချင်တာ....အိုမာကို ဘာသဘောမကျတာလဲ..."
"သူ..သူက ခု လူကောင်းတစ်ယောက်ဆိုပေမဲ့....မီ...ကြောက်တယ်...နောက်ပြီး...သူက လူဆိုးဖြစ်ခဲ့ပြီး ထောင်ကျခဲ့တာ...အရင်က အရက်သောက်မှာပဲ...နောက်ပြီး..ဟိုအသားလည်းကြိုက်ပြီး စားခဲ့..."
"အမီနာ..."
အပါ က မီနာ့ကို ဆောင့်အော်လိုက်တော့ ရင်ထဲထိတ်သွားကာ လန့်၍ တုန်သွားရသည်။
"ကလေးဘဝတုန်းက သူ့အမေ ဆုံးသွားတယ် သူ့အဖေနဲ့ လိုက်သွားရလို့ သူမှာ ရွေးချယ်ခွင့်မရှိခဲ့ဘူး... ...အဖေနဲ့ ပြဿနာတက်ပြီး အိမ်ကထွက်လာတယ်...လူငယ်ဘဝကို ဘာသာမဲ့လို နေခဲ့တယ်...နောက်ပြီး သူ့ဟာသူ လေ့လာပြီး သူ့အသိစိတ်နဲ့ သူပြန်လာခဲ့တာ...သူ့ကို အထင်သေးလို့ မရဘူး..မီနာ...ခင်ပွန်း ရဲ့ အဆင့်အတန်းကို သိ‌ရဲ့နဲ့ အထင်မသေးနဲ့..."
"မီ..အထင်မသေးပါဘူး..."
"ဒါဆို သူ့ကို ပြောဆိုဆက်ဆံနေတဲ့ ပုံစံက အထင်ကြီးလေးစားတဲ့ ပုံစံလား...ကိုယ့်ကိုယ်ကို ပြန်သုံးသပ်ကြည့်စမ်း..."
"........."
အပါ စိတ်ဆိုးနေတာမို့ မီနာ ဘာမှ ပြန်မပြောပဲ မျက်လွှာချထားမိသည်...။
"သမီး ကို အလိုလိုက်ထားတာ များလို့ အတော်ဆိုးနေတာပဲ..."
မီနာ နှုတ်ခမ်းစူမိပေမဲ့လည်း မျက်ရည်က ပြည့်လာပြီမို့ အခန်းထဲကိုပဲ ဝင်ခဲ့လိုက်သည်။
ခုတင်ပေါ်မှာ ထိုင်ချလိုက်ပြီး မျက်ရည်တွေကို ဖိသုတ်လိုက်ရင်း သက်ပြင်း တစ်ချက်ချမိသည်။
ကိုယ့်တစ်ဘဝလုံး ဒီစာသင်ကျောင်းလေးထဲမှာ ကြီးပြင်းလာခဲ့ရတာ..။
သာသနာက တားမြစ်ထားတဲ့ အရာမှန်သမျှ မကြားဖူး မသိဖူးခဲ့တာပါ...။
ကိုယ့်ခင်ပွန်း ဖြစ်လာသူက ဘောင်အပြင်ဘက်မှာ နေခဲ့သူ တစ်ယောက်...။
သူစိမ်း တစ်ယောက် ဆီက အထိအတွေ့ နီးကပ်မှုကို တွန့်ဆုတ်မိတာ မီနာ မှားလား..။
"မီနာ...ဒီမှာ ကျောက်စီ မလား...အပါ ကတော့ အိပ်ပြီ..."
"ဟင်...ဟင့်အင်း..."
မီနာ အတွေးတွေနဲ့ ငေးငိုင်နေမိချိန် သူက အခန်းထဲဝင်လာရင်း ပြောတော့ ခေါင်းရမ်းလိုက်မိသည်။
ခုတင်မှာ ထိုင်နေရာက ထရပ်လိုက်ပြီး အခန်းပြင်ကို ထွက်လာခဲ့လိုက်သည်။
ညစာ မစားရသေးတာ သတိရတော့ အခန်းထဲ ပြန်ရောက်သွားသည်။
"ဟိုတစ်ယောက်..."
"ဟင်..."
"ထမင်း မစားရသေးဘူးမလား...လာလေ..."
"ဗိုက်မဆာလို့....မစားတော့ဘူး..."
စက်ချုပ်ဖို့ဆီပဲ စိတ်ရောက်နေတော့ သူ့ကို ထမင်းပြင်ကျွေးဖို့ မေ့သွားခဲ့တာ မီနာ နောင်တရမိသည်။
အပါ ဆူတာလည်း မလွန်ပါဘူး..။
မီနာ အပြစ်ရှိသလို ခံစားရတော့ သက်ပြင်းဖွဖွ ချမိပြန်သည်။
သူကတော့ အခန်းထဲ ရောက်ရင် လုပ်နေကျ အတိုင်း ခုတင်ပေါ်တက်ကာ အစွန်းဘက် တိုးအိပ်လိုက်ပြီ..။
မီနာ ဘာ ပြောရ ကောင်းမလဲ တွေးမိပေမဲ့ နောက်ဆုံးတော့ မီးခလုတ်ကို ပိတ်လိုက်မိသည်။
"မီနာ...."
"ဟင်...."
"ဒီနေ့ ပိုပူတယ်...ကျွန်တော် အပြင်ထွက်အိပ်ပေးရမလား.."
"ဟင်..."
မီနာ နားမလည်လို့ သူ့ဆီ အကြည့်ရောက်သွားတော့ သူက အိပ်နေရာက ပြန်ထထိုင်သည်။
"မီနာ က ကျွန်တော့်ရှိရင် ခုလိုနေရတာလေ..."
"........"
မီနာ မလုံမလဲ ဖြစ်သွားကာ ဘာပြန်ပြောရမှန်း မသိ ဖြစ်သွားရသည်။
သူကတော့ ခေါင်းအုံးကို ယူပြီး ခုတင်ပေါ် က ဆင်းတော့ မီနာ စိတ်ပူသွားသည်။
ခုတောင် အဆူခံထားရတာ သူသာ အပြင်ထွက်အိပ်ရင်တော့ အပါ မီနာကို ပထမဆုံး အကြိမ် ရိုက်တော့မှာ သေချာသည်။
"ဟိုတစ်ယောက်...."
မီနာ ကပျာကယာ ခေါ်လိုက်ပြီး သူ့ရှေ့မှာ ပိတ်ရပ်လိုက်တော့ အံသြသလို ကြည့်သည်။
"ကြိုးဖြည်...ပေး..."
"ဟင်..."
"အနောက်က ကြိုး..."
မီနာ မျက်လွှာချထားရင်း ထပ်ပြောလိုက်တော့မှ လက်ထဲက ခေါင်းအုံးကို ခုတင်ပေါ် ပစ်တင်လိုက်တော့သည်။
သူ့လက်က ခေါင်းနောက်ကို ရောက်လာတာ သိနေတော့ ရင်ခုန်လာသည်။
"ဖြည်ပြီးပြီ...မီနာ..."
ကြိုးဖြည်ပြီးပြီ ဆိုပြီး ခေါင်းနောက်ကို ကိုင်ထားတဲ့ သူ့ကို မော့ကြည့်မိတော့လည်း ကိုင်ထားတုန်းပါပဲ..။
မသိရင် လည်ဂုတ်ကို ဖက်ထားသလိုမို့ မီနာ မနေတက်ပေမဲ့လည်း သူက တုံးသည်လေ..။
"လွှတ်ချလိုက်လေ...ဘာလို့ ဆွဲထားလဲ..."
"ဟင်...ခုလား...ကျွန်တော့်ရှေ့မှာလား..."
"အင်း..."
မီနာ ခေါင်းညိတ်ပြလိုက်တာနဲ့ မျက်နှာအုပ် ပုဝါစ က ကြမ်းပြင်ပေါ်ကို ပြုတ်ကျသွားပြီမို့ မျက်လွှာချထားမိသည်။
"ကျွန်တော် သိသားပဲ မီနာ က ရုပ်မဆိုးပါဘူးလို့..."
ပုဝါ မရှိတာကို မေ့ပြီး ရှက်ပြုံး ပြုံးမိသွားလို့ ကပျာကယာ ပြန်တည်လိုက်ရသော်လည်း နောက်ကျသွားသည်။
"ပါးချိုင့်လေး...မျက်နှာပေါ်မှာ အမာရွတ်ရှိတယ်ဆိုတာ...ဒီသေလောက်တဲ့ အလှတရား ကို ပြောတာ နေမယ်..."
မီနာ မနေတက်တော့လို့ ကြမ်းပြင်က ပုဝါစကို ကောက်ယူလိုက်ကာ ကျောပေး၍ အဝတ်ဘီဒိုထဲ ထည့်လိုက်ရသည်။
မျက်နှာအုပ်တောင် ချွတ်လိုက်ပြီမို့ ခေါင်းစည်းအဝတ်ကိုလည်း တစ်ခါတည်း ဖြုတ်လိုက်ရတော့သည်။
"ဟိုတစ်ယောက်..."
"ဟင်..."
"အကျီ ၤလဲမလို့..."
"သြော်...အင်း..."
သူက ကျောခိုင်းပြီး ခုတင် ဆီကို ပြန်ရောက်သွားကာ ခေါင်းအုံးကို နေရာပြန်ချနေတော့ မီနာ ခေါင်းစည်း ပုဝါကို ချွတ်လိုက်သည်။
အပေါ်အကျီၤ ချွတ်လိုက်ပြီး ဝတ်နေကျ လည်ပင်းလုံတဲ့ စပန့်လက်ရှည် ဂါဝန်ရှည်ကို လဲဝတ် လိုက်သည်။
မီနာ ဂါဝန်လဲဝတ်ပြီးတော့ မှန်ထဲကို တစ်ချက် ကြည့်မိသည်။
"နေးကာဖ် နဲ့ဆိုတော့ သတို့သားက ပိုရင်ခုန်ရတယ်....မျက်နှာအုပ်ကို ဖယ်လိုက်ချိန် ရင်ခုန်လောက်အောင် ပြင်ဆင်ထား....အဲ့အခိုက်အတန့် က ဘဝမှာ အမှတ်တရပဲ...ကြည်နူးဖို့ ကောင်းတယ်.."
ဘူဘူး က သူ့အတွေ့အကြုံကို ပြောပြဖူးပေမဲ့ မီနာကတော့ ဘာမှ မပြင်မဆင်ထားမိပဲ သူ့ကို မျက်နှာပြလိုက်မိသည်။
နေကာ နေ့တုန်းက မိတ်ကပ်နဲ့ လှပနေပေမဲ့လည်း မပြမိဘူးလေ..။
ကိုယ့်အပြစ်နဲ့ ကိုယ်ပဲမို့ မီနာ မျက်နှာပြောင်နဲ့ ကိုယ့်ကိုယ်ကို တစ်ချက် ကြည့်မိသည်။
"ကျွန်တော် သိသားပဲ မီနာ က ရုပ်မဆိုးပါဘူးလို့..."
ကိုယ့်ကို တွေ့ချိန် သူပြောလိုက်တဲ့ စကားကို သတိရတော့ ထပ်ပြုံးမိပြီးမှ ရင်တွေ ခုန်လာသည်။
မျက်နှာအုပ် ဖယ်လိုက်မိတော့ သူ့ဘက်က အတင်းနီးကပ်လာရင် ဘယ်လို လုပ်မလဲ..။
တရားဝင် ဇနီးမယားမို့ မငြင်းသာပေမဲ့ မီနာ ကြောက်မိသည်။
"အိပ်....အိပ်တော့မယ်..."
မီနာ ပြောပြီး ခုတင်ဘက်က အစွန်းမှာ တိုးကပ်၍ ကျောပေး အိပ်လိုက်သည်။
သူ့ဘက်က ငြိမ်သက်နေသော်လည်း မီနာ အတွေးတွေဖြင့် စိတ်လှုပ်ရှား ရင်ခုန်နေရသည်။
ကျစ်ဆံမြီးကို ဆွဲယူကာ ရင်ဘတ်ပေါ် တင်ထားရင်း ကျစ်ဆံမြီး အောက်ခြေ ခေါင်းချည်ကွင်းက ပန်းခက်လေးကို ဖွဖွကိုင်ထားမိသည်။
"......"
"......"
"ဟို...မီနာ...မနက် နိုးရင် ကျွန်တော့်လည်း နှိုးနော်...ဟိုရက်က ကျွန်တော် ထလိုက်ရင် မီနာ နေရခက်မှာ စိုးလို့ပါ..."
"ဟင်..."
မီနာ အံသြရင်ခုန်သွားပေမဲ့ သူ့ဆီက အသံတွေ တိတ်နေသည်။
"နမာဇ် ဖတ်တာ တွေ့သွားလား..."
"အင်း..."
သွားပါပြီ..။
သူ့ကို လိမ်ထားလို့ ဆယ်ရက်လောက် ဒုက္ခခံနေရတာလေ..။
သူက သိနေတယ်တဲ့..။
မီနာ ကိုယ့်ကိုယ်ကို အပြစ်တင်ရင်း နှာခေါင်းလည်း ရှုံ့မိသွားသလို သူ့ကိုလည်း အားနာမိသည်။
"........"
"မီနာ့ဘက်က မလိုလားတဲ့ ကိစ္စ မှန်သမျှ ကို ကျွန်တော် မတောင်းဆိုပါဘူး...ကျွန်တော် သိပ်ချစ်ရတဲ့...မီနာ့နဲ့ လက်ထပ်ခွင့်ရတာပဲ ဝမ်းသာပါတယ်...အရှင့်ကို ကျေးဇူးတင်ပါတယ်..."
"........"
မီနာ တိတ်ဆိတ် ငြိမ်သက်နေရသော်လည်း နှလုံးသားက အဆမတန်အောင် ခုန်ပေါက်နေသည်။
သူစိမ်းယော်ကျား တစ်ယောက်ဆီက ခုလို စကားတွေ ကြားရတာ ပထမဆုံး အကြိမ်မို့ ရင်ခုန်မိတာ လွန်မယ် မထင်ပါဘူး..။
"ကောင်လေးက သဘောကျတယ် တောင်းပေးပါဆိုပြီး ဆရာကြီး ကို အပူကပ်တာ...ဆရာကြီး က မင့်ပုံစံနဲ့ဆို ငါ့သမီးနဲ့ မတန်သေးဘူးဆိုတော့ သူ ပြင်ပါ့မယ်လို့ ကတိပေးတယ်တဲ့...ဆရာကြီးက ခြောက်လလောက် စောင့်ကြည့်ပြီးမှ လာပြောတာ..."
အပါ ‌ပြောပြဖူးတာ သတိရတော့ မီနာ ရင်ခုန်စိတ်နဲ့ သိချင်စိတ်က ပိုများလာသည်။
"သိတာလား..."
"ဟင်..."
"မီ့ ကို သိနေတာလားလို့...ဟိုတစ်ယောက် က ကျာကျာ့ကို အပါဆီမှာ တောင်းခိုင်းတာဆို..."
"အင်း...သိတယ်..."
"ဟင်..."
မီနာ အံသြပေမဲ့လည်း သူ့ဘက်ကို လှည့်မကြည့်ပဲ ငြိမ်သက်နေမိသည်။
သူက သိပြီး ကိုယ်က မသိတာလား..။
ရပ်ကွက်ထဲတောင် မသွားဖူးပဲ သူက ဘယ်လို တွေ့တာလဲ..။
လုံး၀ မနီးစပ်ခဲ့တဲ့ အသိုင်းအဝိုင်းက လူက ဘယ်လိုတွေ့ပြီး ဘယ်လိုတွေ လိုချင်သွားရတာလဲ..။
"ကျွန်တော်က ဂျလေကောင် ဆိုပေမဲ့ မျက်လုံးကတော့ အကောင်းကြိုက်တယ်...မီနာ ကျောင်းက ပြန်လာချိန် လမ်းမှာ တစ်ခါပဲ တွေ့ပြီး သဘောကျသွားတာ...နေ့တိုင်း ငေးကြည့်ခဲ့ရတာ...စကားလည်း မပြောရဲဘူး..မီနာက အမြဲတမ်း မျက်လွှာချပြီး လမ်းလျှောက်တာလေ..စကားပြောရင် စိတ်ဆိုးမှာ စိုးတယ်...နောက်ပြီး သူငယ်ချင်းတွေက ပြောတယ်..မီနာ က အရမ်း အရှက်အကြောက် ကြီးတယ်တဲ့...ကြောက်သွားမှာ စိုးလို့ ငေးပဲ ကြည့်ခဲ့ရတာ...မျက်တောင် စိတ်စိတ် နက်နက် လေးတွေနဲ့ ခပ်ကွေးကွေး မျက်ခုံးလေးတွေကို အိပ်မက်မက်တဲ့ အထိပဲ..အိပ်မက်ထဲမှာ‌တောင်
မီနာက တစ်ခါပဲ မျက်လွှာပင့်ကြည့်ဖူးတယ်...မီနာကို လိုချင်လို့ လူကောင်းဖြစ်အောင် အများကြီး ကြိုးစားခဲ့ပေမဲ့ မီနာ့ရဲ့ အရှိန်အဝါကို မမှီနိင်ဘူး...ကြိုးစားရဦးမယ်..."
မီနာ ရင်ခုန် စိတ်လှုပ်ရှားရင်း ချမ်းလာသလိုတောင် ခံစားမိကာ မပြုံးချင်သော်လည်း နှုတ်ခမ်းကတော့ ပြုံးစေ့စေ့ ဖြစ်နေသည်။
"မီနာ လက်ထပ်တုန်းက ငိုတော့ စိတ်မကောင်းဘူး...မငိုစေချင်ဘူး...ကျွန်တော့်ကြောင့် ငိုရတာ ပိုစိတ်ထိခိုက်တယ်...မတန်တဲ့လူကို ရတာကို...မီနာလည်း စိတ်ထိခိုက်ရမှာပါပဲ.."
"မဟုတ်ပါဘူး....ဟို...ကြောက်တာ..လူဆိုး ဖြစ်နေမှာ ကြောက်တာ...အရက်သမားဖြစ်နေတာကောပဲ...အဲဒါ ကြောက်နေတာကို..လက်က ပုံကြီးနဲ့ဆိုတော့ လန့်ပြီး ငိုမိတာ..."
သူ့ဘက်က အထင်အမြင်လွဲနေတာ မီနာ့ အပြစ်ဖြစ်မှာ စိုးလို့ ရှင်းပြလိုက်မိသည်။
"ဟုတ်လား...လူဆိုး ဖြစ်ခဲ့တာ နောင်တရသွားပြီ...မီနာ မကြိုက်တာ ဘာမှ မလုပ်တော့ပါဘူး...ကတိပေးတယ်..."
"အင်း...အရက်လည်းမသောက်နဲ့နော်...မီ မကြိုက်ဘူး..အပါကောပဲ..နောက်ပြီး...အပေါင်းအသင်းတွေနဲ့ သိပ်မပေါင်းနဲ့နော်...သူတို့က ဆိုးတယ်...နောက်ပြီး အလုပ်ကိုလည်း ကြိုးစား နမာဇ်လည်း မလွှတ်စေနဲ့...နောက်ပြီး..."
"မီနာ က ချစ်ဖို့ကောင်းလိုက်တာ..."
"......."
မီနာ့စကားတွေ ရပ်တန့်သွားရပြီး တိတ်ဆိတ်ခြင်းနဲ့အတူ ရှက်ရွံ့နေမိသည်။
စကားပြောနေတာကို ဖြတ်ပြောတာ ဘာဆက်ပြောရမှန်းတောင် မသိတော့ဘူး..။
"မီနာ ခွင့်ပြုတဲ့ နေ့ကျရင် မီနာ့ ပါးချိုင့်လေးကို နမ်းကြည့်ချင်ပါတယ်..."
"........"
"မငိုနေနဲ့နော်...ခု မဟုတ်ပါဘူး.."
"........."
မီနာ ရင်ခုန် စိတ်လှုပ်ရှားရင်း ကြောက်နေမိကာမှ သူ ရန်စနေတာ သိလိုက်တော့ စိတ်တိုချင်သော်လည်း နှုတ်ခမ်းက ပြုံးမိသွားပြန်သည်။
"အိပ်တော့..မနက်မနိုးပဲနေမယ်..."
"ဟုတ်ကဲ့..."
သူ့ဆီက စကားတွေ ထပ်မကြားရဲတော့လို့ တားဆီးလိုက်ကာ မျက်လုံးတွေကို မှိတ်ပစ်လိုက်ရသည်။
သူက လူဆိုး မဟုတ်လောက်ပါဘူးလေ..။
05130133

ချစ်မျက်၀န်းWhere stories live. Discover now