EP 11 Z

8 1 0
                                    

11

EP 11

05160534
“ဟင်…”
မီနာ အခန်းထဲကို ဝင်သွားတော့ ဘီဒိုရှေ့မှာ ရပ်ပြီး မေးစေ့ကို မုတ်ဆိတ်ရိတ်နေလို့ အံသြမိသည်။
“ဘာလုပ်နေတာလဲ…”
မီနာ ထပ်မေးလိုက်တော့ နှာခေါင်းရှုံ့ပြီး မှန်ကို ပြန်ကြည့်ကာ ဆက်ရိတ်နေပြန်လို့ ခေါင်းငုံ့ပြီး ပြုံးမိသွားသည်။
မုတ်ဆိတ်မပေါက်ပဲ ဘာတွေကို ရိတ်နေရတာပါလိမ့်..။
“ဟိုတစ်ယောက်က မုတ်ဆိတ်မရှိပဲ..ဘာတွေ ရိတ်နေတာလဲ..”
“အဲလိုရိတ်ရင် ပေါက်လာတယ်ဆိုလို့…”
“မဖြစ်နိုင်တာ…ချက်ချင်းတော့ ပေါက်မှာ မဟုတ်ပါဘူး..ခုမှ ဘာလို့ မုတ်ဆိတ်ပေါက်ချင်ရတာလဲ…”
“ဘောလီးဝုဒ်က မင်းသားနဲ့ တူအောင်လို့လေ….”
ပါးပေါ်တွေကို လျှောက်ရိတ်ရင်း ပြောတော့ မီနာ တစ်ချက်ပြုံးမိပြီး မျက်နှာပိုးသတ်လိုက်ရသည်။
မနက်တုန်းက ဆိုဖီက သတင်းပို့ပြီးသွားပြီ..။
မနေ့က ကွမ်းလာယူရင်း စပ်စုသွားတယ်တဲ့လေ..။
ဆရာကြီးရဲ့ သား ပြန်ရောက်နေတယ် ဆိုတဲ့ အကြောင်း သူက ပြောပြီး မီနာက အဲလိုပုံစံ ကြိုက်တာလားလို့ မေးတော့ ဆိုဖီကလည်း ကြပ်ပေးပြီး ဘောလီးဝုဒ်မင်းသားလို မျက်ခုံးကောင်းကောင်း ပါးသိုင်းမွှေးတွေနဲ့မှ ကြိုက်တာလို့ ပြောလိုက်တာလေ..။
အဲဒါကြောင့် အပါ ဧည့်သည်နဲ့ သွားတွေ့တယ်ဆိုကတည်းက မျက်နှာပျက်နေတာ..။
ဆရာကြီးသား လာလည်တာ ဆိုပေမဲ့ သားအကြီး မိသားစုလိုက်လာလည်ပြီး ပြန်တောင်သွားပြီ..။
သားအငယ်က နိုင်ငံခြားမှာ ကျောင်းတက်နေတာ..။
သူ့တစ်ယောက်တည်း ပေါက်ကရ လျှောက်တွေးနေတော့တာပဲ..။
မီနာ တစ်ချက် ခိုးရယ်မိပြီး မျက်နှာပိုးသတ်လိုက်ရသည်။
“ဟိုတစ်ယောက် အဲလို ရိတ်လည်း မပေါက်ဘူးနော်..မီ တို့ ဦးလေး တစ်ယောက်လည်း မျက်နှာပေါ် အမွှေးမပေါက်ဘူး..အဖိုးကြီး ဖြစ်တဲ့အထိ မပေါက်တာ..တော်ကြာနေ…ဓားရှတာပဲ အဖက်တင်မယ်..”
မီနာ ရန်စ ပြောခဲ့ပြီး အခန်းပြင် ထွက်လာရင်း တစ်ချက်ရယ်မိသည်။
ဘာမှ မစဉ်းစားပဲ လျှောက်လုပ်နေတာ ရယ်ဖို့ကောင်းလိုက်တာ..။
မနက်ဖြန် အီးဒ်မသေချာပေမဲ့လည်း အိမ်ရှေ့ခန်းကို သန့်ရှင်းရေး လုပ်ရသည်။
ဒီနေ့လည်း အလုပ်မသွားပေမဲ့ အိမ်မှာတော့ မကူပဲ မှန်ပဲ ကြည့်နေတော့တာပဲ..။
အိမ်ရှေ့ခန်းကို ရေဝတ်တိုက်တော့မှ အခန်းထဲက ထွက်လာတော့သည်။
“ဟင်..ရှပြီလား…မီ ပြောသားပဲ…များလား..”
မေးဖျားအောက်မှာ သွေးစို့နေတဲ့ အစင်းကို တွေ့တော့ ပြောလိုက်တာ ခေါင်းရမ်းပြီး မီနာ့ လက်ထဲက ရေဝတ်ကို ယူလို့ နောက်ဆုတ်လိုက်ရသည်။
“ကျောင်းမှာ ဧည့်သည်တွေ ရောက်နေတယ်..မီနာ မီးဖိုခန်းမှာပဲနေ…”
“ဟင်…”
“မီနာ က နေကားဖ်နဲ့နေတာ..မြင်ရင် မကောင်းဘူးပေါ့..”
မီနာ နားမလည်ဘူး အထင်ဖြင့်ရှင်းပြတော့ ပြုံးလိုက်မိသည်။
မသိရင်ခက်မယ်..။
သူ လုပ်ပေးနေတော့လည်း သက်သာလို့ မီးဖိုခန်းကိုပဲ ဝင်လာပြီး ညနေ ဝါဖြေဖို့အတွက်သာ ပြင်ဆင်ရတော့သည်။
“မီနာ..ပြီးပြီ..ဘာလုပ်ရမလဲ..”
“ခေါင်းမိုးကို နည်းနည်းလှည်းပေးပါ..မီ မနေ့က လှည်းပေမဲ့ အရပ်မမှီလို့ ပင့်ကူအိမ်ကျန်နေတယ်…”
“အင်း..လှည်းလိုက်မယ်..”
မီနာ အသီးအနှံ့တွေ လှီးပြီး ကြော်ဖို့ အဆင်သင့် ပြင်နေချိန် မီးဖိုခန်းကို ရောက်လာပြန်သည်။
“ဘာဖြစ်လို့လဲ….”
“မျက်လုံးထဲ ဝင်သွားလို့..”
“ဟင်…”
မီနာ လုပ်လက်စကို ထားပြီး ကပျာကယာ ထကာ အနားကို သွားလိုက်တော့ မျက်လုံးတစ်ဖက်က မျက်ရည်တွေကျပြီး ပိတ်ထားသည်။
“ဖြည်းဖြည်းဖွင့်ကြည့်..သြော်..နေဦး..ရေခွက်ထဲ ခပ်လိုက်…မီ ပြောဦးမလို့…အပေါ်ကိုလှည်းရင်း မျက်လုံးထဲ ဝင်မှာ သတိထားရတယ်..နေဦး..”
ရေဖလားထဲ ရေထည့်ပြီး သူ့မျက်နှာရှေ့မှာ ထားပေးလိုက်တော့ ခေါင်းငုံ့ပြီးမျက်လုံးကို ခပ်နေသည်။
“ရလား..”
“အင်း..မထွက်သေးဘူး..”
“ထပ်ခပ်လေ…”
“အင်း…”
ခေါင်းကို ပြန်ငုံ့ပြီး အကြာကြီး ငြိမ်နေတော့ မီနာ ရယ်မိသည်။
“ဟိုတစ်ယောက် ရေခိုးသောက်နေတာလား..”
“အာ..ဟုတ်ပါဘူး..”
ခေါင်းမော့ပြီး မျက်လုံးကို လက်နဲ့သုပ်ရင်း ငြင်းနေပြန်သည်။
“ရပြီလား..”
“အင်း…ထွက်ပြီ…”
“ထားလိုက်တော့နော်…မီ ပြီးတော့မှ ဆက်လှည်းမယ်…”
“မျက်မှန်တပ် လှည်းလိုက်မယ်…”
“ရှိလို့လား…”
သူက ‌ခေါင်းညိတ်ပြီး အခန်းထဲ ဝင်သွားတော့ မီနာ ရေဖလား သိမ်းလိုက်ပြီး ဟင်းဆက်ချက်ဖို့ မီးဖိုနားကို သွားရသည်။
ဟင်းအိုးကို ရေနည်းနည်း ထည့်ထားပြီး ရှေ့ခန်းသွားကြည့်တော့ မျက်မှန် တကယ်တပ်ပြီး လှည်းနေတာ..။
“မိုက်တယ်မလား..”
မီနာ ထွက်သွားတာနဲ့ မေးတော့ ခေါင်းညိတ်လိုက်ရပေမဲ့ မျက်နှာငုံ့၍ ပြုံးမိသည်။
တကယ်တော့ ရယ်ဖို့ကောင်းတာပါ..။
သူက အပေါ်ဘက်က ပင့်ကူအိမ်ရိုက်ချထားတော့ မီနာက ကြမ်းပြင်ကို တံမြတ်စည်းလှည်းပေးလိုက်သည်။
အပေါ်ဘက် တံမြတ်စည်း လှည်းလို့ ပြီးတော့ မီနာ ဘေးမှာ ပန်ကာလေးကိုင်ပြီး ရပ်စောင့်နေလို့ နေရခက်ပါသည်။
ခေါင်းစည်းပုဝါ ဝတ်ထားပေမဲ့လည်း လေလွင့်နေတော့ မျက်ခုံးတွန့်ကာ လှည့်ကြည့်မိတာကို ရယ်နေပြန်သည်။
လူကို ရန်စဖို့ပဲ စဉ်းစား နေတာပါပဲ..။
မီနာ့ လက်ထဲက တံမြတ်စည်းကို သူ့ကို ကမ်းပေးပြီး ပန်ကာကို ဆွဲယူကာ မီးဖိုခန်းကိုပဲ ပြန်ဝင်ခဲ့လိုက်သည်။
“မီနာ..ဘာလုပ်ရဦးမလဲ…”
“ဟင်..ပြိးပြီလား…”
“အင်း…”
ကိုယ်တောင် အလုပ်တစ်ခု မပြီးသေးဘူး သူက ပြီးပြီဆိုတော့ မယုံနိုင် ဖြစ်ရသည်။
“အီးဒ်တွက် ဘာလုပ်ရမလဲ..လမြင်ရင် အလုပ်များမှာ စိုးလို့ ကြိုလုပ်ထားမယ်လေ…”
“မနှစ်ကတော့ မီတို့ အုန်းသီးခြစ်ရသေးတယ်…ဟိုတစ်ယောက် ခြစ်နိုင်ရင်တော့ ခြစ်ပေါ့..မီ ပြီးရင်လည်း ကူခြစ်ပေးမယ်…ခြစ်တက်ရဲ့လား..”
“ခြစ်တက်တာပေါ့…အုန်းသီးကော လူကောပဲ..”
မီနာ အကောင်းမေးလိုက်ပေမဲ့လည်း ရန်စပြန်တော့ အကြည့်လွဲလိုက်ရတော့သည်။
“အချစ်က ဒီမှာလား…”
မီနာ ရင်တွေခုန်ပြီး မကြားချင်ယောင်ဆောင်နေလိုက်ရသည်။
“မီနာ..”
“…..”
“အုန်းခြစ်ကို မေးတာနော်…”
“ဟိုမှာ..အုန်းသီးတွေနားမှာပဲလေ..”
“သြော်..ကျွန်တော်က အချစ်ကို ဒီမှာ မှတ်နေတာ…”
မီနာ့ကို ရန်စပြီးမှ အုန်းခြစ်ယူပြီး ရေကပြင်ကို ဆင်းသွားလို့ တော်သေးသည်။
မဟုတ်ရင် မီနာ့မှာ ရှက်လို့ ငြိမ်နေရတာ ဟင်းအိုးတူးတော့မည်လေ..။
ထမင်းပေါင်းအတွက် ဟင်းချက်ပြီးတော့မှ မီနာလည်း ကူပေးဖို့ အောက်ကို ဆင်းလိုက်သွားရသည်။
“ဟင်..တစ်လုံးပဲ ကျန်တော့တာလား…မြန်လိုက်တာ…”
“ဟုတ်လား…ကျွန်တော်က ချစ်တာ ကျွမ်းတယ်လေ…အဟွင်း..”
မီနာ အကြည့်လွဲလိုက်ကာ အနားက ဇလုံတစ်ခုယူပြီး သူခြစ်ပြီးသား အုန်းသီးမှုန့်လေးတွေကို လောင်းထည့်လိုက်သည်။
မီနာ လည်း ခြစ်တက်ပေမဲ့ သူလို မမြန်သလို သူလောက်လည်း များများ မခြစ်နိုင်ပါဘူး..။
အုန်းသီးက ခြစ်ပြီးပြီမို့ လမမြင်ရင်လည်း ကျိုထားရမှာပါပဲ..။
မီနာ မီးဖိုပေါ် ရေနွေးတင်ထားလို့ တော်သေးသည်။
သူ အုန်းသီးခြစ်တာကို စောင့်နေရင်း လက်ကောက်ဝတ်ကနေ  မီးတောက်ပုံဆီ အကြည့်ရောက်သွားတော့ စိတ်မောရပြန်သည်။
ဘာလို့များ ဒါကြီးကို အသားနာခံပြိး ထိုးထားလည်းမသိပါဘူး..။
သူများတွေလို လူမမြင်ရတဲ့ ကျောတို့ ရင်ဘတ်တို့မှာဆို တော်သေးသည်။
ခုတော့ လက်ရှည်ဝတ်မှသာ ဖုံးထားနိုင်ပေမဲ့ နည်းနည်းလေး လှုပ်ရှားတိုင်း လက်ကောက်ဝတ်မှာ အထင်းသား..။
လက်ကောက်ဝတ်တောင် မှ အတွင်းဘက် မဟုတ်ပဲ အပြင်ဘက်ကြီးမှာလေ..။
“နာလား…အဲဒါ ထိုးတာ…”
“ဟင်…”
“လက်ကဟာလေ…”
“အင်း..နည်းနည်းပဲ…အဟွင်း..အဲတုန်းက နာမှန်းတောင် မသိလိုက်ပါဘူး..သူငယ်ချင်းတွေနဲ့ စိန်ခေါ်ပြီးလုပ်တာ….”
“……..”
“နောက် အလုပ်နည်းနည်းကောင်းရင် လေဆာနဲ့ ဖျက်လိုက်ပါမယ်..”
သူ ရန်စနေတာလားလို့ တစ်ချက်ကြည့်မိတော့ မီနာ့ကို ကြည့်နေလို့ မျက်လွှာချထားရင်း ခေါင်းညိတ်ပြလိုက်ရသည်။
တိရိစ္ဆာန်ပုံတွေ မဟုတ်နေတာ တော်ပါသေးသည်။
မီနာ သက်ပြင်းခိုး တစ်ချက် ချလိုက်မိကာ သူခြစ်ပြီးသားတွေကို ယူပြီး ဇလုံထဲ ထည့်လိုက်သည်။
“ဟိုတစ်ယောက်က လက်ညောင်းနေပြီမလား…မီ ပဲ နယ်လိုက်မယ်…ခဏနား‌နေနော်…”
“ဘာလုပ်ရမလဲပဲ ပြောပါ…မီနာ လုပ်နေတာ ကျွန်တော် ပို ပင်ပန်းတယ်…”
မီနာ ကိုင်ထားတဲ့ အုန်းသီးဇလုံကို ဆွဲယူပြီးပြောတော့ နေရခက်စွာဖြင့် လက်ခံလိုက်ရတော့သည်။
“လက်ဆေးထားဦး…မိ..ရေနွှေးစပ်ပေးမယ်…အားကုန် နယ်ရမှာနော်…”
“……….”
သူက ခေါင်းညိတ်ပြီး လက်ဆေးနေတော့ ရေနွှေးနဲ့ ရေအေးနည်းနည်းစပ်ပြီး အုန်းသီးထဲ ထည့်ပေးလိုက်ရသည်။
“ရပြီ…”
ဇလုံကို ဆွဲယူကာ လက်နဲ့အားပါးတရနယ်နေတော့ မီနာ တစ်ချက်ပြုံးမိသွားသည်။
“ဒီလိုဆို..ဟိုတစ်ယောက် ပလာတာ ရောင်းလို့ရပြီ…”
“အဟွင်း..မသိဘူးလေ..မီနာပဲ အားကုန်နယ်ရမှာဆို…”
“ရေနည်းနည်း ထပ်ထည့်ပေးမယ်…”
မီနာ ရေထပ်ထည့်ပေးပြီး နယ်ခိုင်းတော့လည်း ကောင်းကောင်းနယ်တာပါပဲ..။
မလုပ်တက်ပဲ ဝင်လုပ်နေတာ သိသာလိုက်တာ..။
သူ့ကို သင်ပေးဖို့အတွက် ကိုယ်တိုင်လည်း လက်ဆေးကာ ဝင်နယ်ရတော့သည်။
“ဒီလိုလေ…အဖက်ကနေ အရည်စစ်လိုက်တာ…မီ က ဒီဘက်ကို ထည့်ပေးမယ်..မီက လက်သေးပြီး အားမပါတော့ အုန်းနို့ကျန်နေတာကို ဟိုတစ်ယောက်က ထပ်ညစ်ယူပေးနော်…အဲဒါမှ စင်မှာ…ဟိုတစ်ယောက် ပြီးရင် ဟိုဘက်က ဇလုံထဲ ထည့်လိုက်နော်..”
“အဟွင်း…ဟုတ်ပါပြီ..ဒီတစ်ယောက်ရယ်…”
မီနာ့ကို ရန်စတော့ မကြားချင်ယောင်ဆောင်ပြီး အုန်းသီးဖက်လေးတွေကို လက်နဲ့ယူကာ ဇလုံလွှတ် တစ်ခုထဲ ညစ်ထည့်လိုက်ရသည်။
လက်က သေးသလို အားမပါတော့ နည်းနည်းပဲ ကျပေမဲ့လည်း အုန်းသီးဖက်ကို သူက ကောက်ယူပြီး ညစ်ချိန်ပိုကျသည်။
လက်ဆင့်ကမ်း လုပ်နေရတာမို့ မြန်မြန် ပြီးသလိုတော့ ရှိသည်။
အုန်းသီးဖက်လေးတွေ နည်းသွားတော့ လက်နဲ့လိုက်ဆယ်နေချိန် မီနာ့လက်က သူလက်နဲ့ ထိမိသွားတော့ ရင်ခုန်ရပြန်သည်။
မီနာ လက်ကို ရုတ်လိုက်ပြီး အဝတ်သန့်သန့် တစ်ခုယူကာ အဝတ်ထဲပဲ လောင်းထည့်လိုက်သည်။
သူက ဆက်ညစ်ပြီးတော့ ရလာတဲ့ အုန်းနို့သန့်သန့်တွေကို အိုးထဲ ထည့်ရသည်။
မီနာ ရေတပြင်ကို သန့်ရှင်းရေး လုပ်ပြီး သူဝယ်လာတဲ့ မီးဖိုကြီးကို မီးမွှေးကာ အုန်းနို့အရင် ကြိုထားလိုက်သည်။
အုန်းနို့ကို တူးမှာ စိုးလို့ မွှေနေချိန်  အနားကို ရောက်လာကာ ပန်ကာ ကိုင်ပြီး ထိုင်နေပြန်လို့ နေရခက်ရပြန်ပါသည်။
မပူပါဘူးဆိုလည်း မရတော့ မသိချင်ယောင်သာ ဆောင်နေလိုက်ပါသည်။
သူအနားမှာရှိနေတော့ အလုပ်လုပ်ရတာ နေရခက်ပြီး ကြိုတင်ပြင်ဆင် လုပ်ခိုင်းမိတာတောင် နောင်တရချင်သည်။
မီနာ နောင်တတွေက နောက်နှစ်နာရီကြာတဲ့အခါ လမြင်တယ်ဆိုတဲ့ စကားကြောင့် ပျောက်သွားရပြန်သည်။
လမမြင်နိင်ဘူးလို့ တွေးထားပေမဲ့လည်း တကယ်မြင်သွားတော့ စိတ်မကောင်းဖြစ်မိပါသည်။
မနေ့က နောက်ဆုံး သရဝီ ၀တ်ပြုမှု ကို ပြန်တွေးရင်း နမျောမိသည်။
“သမီး..အုန်းသီးက အပါတို့ ဗလီက ပြန်မှ လုပ်မယ်နော်..”
“လုပ်ပြီးသွားပြီ အပါ..ညနေကတည်းက လုပ်ထားလိုက်တာ…”
“ဟုတ်လား…မြန်လိုက်တာ..သားလုပ်ပေးတာမလား..”
“ဟုတ်တယ်…မီးလည်း ထည့်ပြီးသားဆိုတော့ တစ်ခါတည်းပဲ ချက်ထားလိုက်မယ်လေ…အေရှာပြီး အပါ စောစော နားလို့ရတာပေါ့…”
အပါ က လက်ခံပြီး တစ်ခါတည်း ဝင်ချက်ပေးတော့ဟိုတစ်ယောက်က ဘေးက ကူပေးတာနဲ့ မီနာ့အလုပ်တောင် မရှိတော့ပါဘူး..။
ပုံမှန်ဆို အေရှာပြီးမှ စချက်သော်လည်း ခုတော့ အပါတို့ အေရှာနမာဇ်ဝတ်ပြုဖို့ သွားတာနဲ့ မီနာ လည်း  အေးအေးဆေးဆေး နမာဖ်ဖတ်လို့ရသွားသည်။
အေရှာဖတ်တာနဲ့ သရဝီ နမာဇ် မရှိတော့လို့ ရမဇာန်ကို သတိရလွမ်းကာ မျက်ရည်ကျမိသည်။
တကယ် ပြီးသွားပြီ..။
တကယ် ထားခဲ့တာပဲ..။
မီနာ နမာဇ်ဖတ်ပြီးတော့လည်း ဆက်ငိုနေမိတာ အနားကို အရိပ်ရောက်လာပြီး လေအေးရတော့မှသာ မျက်ရည်သုတ်လိုက်ရသည်။
မျက်နှာရှေ့ တစ်ရှုးရောက်လာလို့ ဆွဲယူပြီး နှာခေါင်းပါ သုတ်ရသည်။
“မီနာ…”
“ရမဇာန် တကယ်ပြီးသွားပြီ…ထားသွားပြီ…ဟင့်…အီး…”
မီနာ မျက်လုံးကို တစ်ရှူးနဲ့ သုတ်နေရင်းက ထပ်ငိုမိပြန်သည်။
ဘယ်လိုပဲ တွေးတွေး ငိုချင်နေလို့ အသက်ဝအောင်ရှုလိုက်ကာ အခင်းကနေ ထခဲ့ရတော့သည်။
အနားမှာ ပန်ကာသေးသေးနဲ့ လိုက်ထိုးနေတော့ မျက်ခုံးတွန့်ကာ တစ်ချက်ကြည့်မိသည်။
“ရင်တွေပူနေတယ်မလား..အေးအောင်လို့လေ..”
“မပူပါဘူး…မီ က နမျောနေတာ…”
‘သြော်..အီးဒ်နေ့ အကျီ င်္သစ်မရလိုက်လို့လား…”
“ဟမ်..ဟုတ်မလား..ရမဇာန်ကို နမျောတာ..”
မီနာ မကျေမနပ်ဖြင့် ပြန်ပြောလိုက်တော့ လူကို ကြည့်ပြီး ရယ်နေလို့ အကြည့်လွဲပစ်လိုက်ရသည်။
လူက တကယ်ခံစားနေရတာကို ရန်လာစပြီး ပြဿနာရှာနေတာ..။
“မသိပါဘူး..အကုန်လုံးက အီးဒ်ကျရင်အကျီ င်္ အသစ်ရတယ်လေ..မီနာကျတော့ အဟောင်းပြန်ဝတ်ရမယ်ဆိုတော့ စိတ်မကောင်းလို့ ငိုနေတယ် ထင်တာ..”
“…………”
မီနာ့ကို ရန်စနေတာသိလို့ ဘာမှ ပြန်မပြောတော့ပဲ မကြားချင်ယောင်သာဆောင်ထားလိုက်သည်။
“ရမဇာန် တစ်လလုံး ကုသိုလ်တွေ အများကြီး လုပ်ထားတာ..အီးဒ်နေ့က ဆုရတဲ့နေ့မလား…”
“အင်း..”
“အကျီ င်္အဟောင်းကြီးနဲ့ ဆုယူမလို့လား..”
မီနာ မ‌ကျေမနပ်နဲ့ လှည့်ကြည့်လိုက်တော့ မျက်နှာကို ပန်ကာလေ ရောက်လာလို့ မျက်လုံးမှိတ်လိုက်ရကာ ဒေါသလည်း ထွက်မိသည်။
“အင့်..အီးဒ်လက်ဆောင်…”
အိတ်အဝါကို လှမ်းပေးတော့ ရန်တွေ့မယ်လို့ တွေးထားတာ ခဏရပ်လိုက်ပြီး အိတ်ကို ယူကာ စပ်စုမိသည်။
အိတ်ထဲက အဝတ်အရောင်ကို တွေ့တာနဲ့ မီနာ ကြိုက်တဲ့ အရောင်လေးမို့ ရင်ခုန်ရပါသည်။
အကျီ င်္လက်ပြတ်ဖြစ်နေမလားလို့ ရင်ခုန်ရင်း ထုတ်ကြည့်လိုက်တော့ ကိုယ်လိုချင်နေတဲ့ အကျီ င်္ပုံစံလေး ဖြစ်နေသည်။
“ဒါ…ဘယ်က ဘယ်လို..”
“မီနာ့ ပုဝါ ကျွန်တော် ခိုးထားတယ်…”
“ဟင်…”
“မီနာ ကြိုက်တဲ့ ပေါ့စိမ့်အရောင်လေးလေ…အဲဒါကို ရန်ကုန်ပို့ပြီး အရောင်တူတာ ရှာချုပ်ခိုင်းလိုက်တာ..ဝတ်ကြည့်ပါဦး..ဆိုဒ်မသိတော့ ခန့်မှန်းချုပ်ပေးလိုက်တာ…”
“ဟင်…”
မီနာ သူ့အပြောကိုတောင် မစောင့်တော့ပဲ စပန့်ဂါဝန်ပေါ် ထပ်ဝတ်ချလိုက်မိသည်။
ခေါင်းစည်းအရှည်ကို လည်း စွပ်ချလိုက်တော့ သူက အနောက်ကို သွားပြီး ခေါင်းနောက်ကြိုးကို ချည်ပေးသည်။
အနောက်က မျက်နှာအုပ်ကို ရှေ့ချပေးတော့ ခပ်မြန်မြန်ပဲ မှန်ရှေ့ကို ရောက်သွားသည်။
“ဟုတ်တယ်..ဟုတ်တယ်..ဒါမျိုး..မီ လိုချင်နေတာ…ဆိုဒ်လည်း အတော်ပဲလေ..ဒါက ဒါမျိုး ဝတ်ရတာ…အရောင်လေး အရမ်းကြိုက်တာပဲ..ဟိုတစ်ယောက်ကို ကျေးဇူးတင်တယ်..ဂျဇကလ်လာ…”
“မီနာ က ချစ်ဖို့ကောင်းလိုက်တာ…”
သူက ပြောပြီး အနားကို ရောက်လာတော့ ရင်ခုန်ကာ ကိုယ်ကို ကျုံ့လိုက်မိပေမဲ့လည်း ခေါင်းစည်း ပုဝါကို တည့်ပေးတာမို့ ပြုံးမိသွားသည်။
“ကျွန်တော်လည်း မီနာနဲ့ ဆင်တူ ဂျွတ်ဘာ တစ်ထည် ဝယ်ထားတယ်..”
“ဟင်..”
“ခဏ….”
သူက အိတ်နောက်တစ်အိတ်ကို ယူပြီး ဆွဲထုတ်ပြတော့ မီနာ အံသြမိသည်။
ဘယ်သူက အဲ့အရောင်ကို ဂျွတ်ဘာ ဝတ်ကြလို့လဲ..။
“နောက်ပြီး ခေါင်းပေါင်းလည်း ပါသေးတယ်..မဝတ်တက်ဘူး..ဒါပေမဲ့ ဝတ်ချင်လို့ မီနာ ဝတ်ပေးတက်လားဟင်..”
မီနာ မျက်နှာအုပ်ရှိနေလို့ အားပါးတရ ပြုံးမိပြီးမှ ခေါင်းညိတ်ပြလိုက်ရတော့သည်။
သူက ဂျွတ်ဘာတွေ ခေါင်းပေါင်းတွေနဲ့ ဘယ်လိုပုံစံ ထွက်လာမလဲ မသိပါဘူး..။
အဲဒါကြောင့် မုတ်ဆိတ် ပါးသိုင်းမွှေး ပေါက်ချင်နေတာ ထင်ပါတယ်…။
“မီနာ..ရယ်နေတာမလား…”
မီနာ့ ကို လှမ်းကြည့်ပြီး မေးတော့ ခေါင်းရမ်းပြီး မျက်နှာငုံ့လိုက်ရသည်။
"သိတယ်…ရယ်နေတယ်…"
သူက နှာခေါင်းရှုံ့ပြီး ဂျွတ်ဘာကို ပြန်သိမ်းနေတော့ မီနာလည်း အကျီ င်္ကို ပြန်ချွတ်ကာ မီးပူထိုးဖို့ ပြင်ရသည်။
“ဟိုတစ်ယောက် ဂျွတ်ဘာလည်း ပေးလေ..မီးပူထိုးထားရမယ်..အပါကလည်း ဂျွတ်ဘာပဲ ဝတ်တာ…ကျောင်းသားတွေလည်း ဝတ်တာပဲ..မထူးဆန်းနေပါဘူး..”
မီနာ အားပေးလိုက်ပြီး သူလှမ်းပေးတဲ့ ဂျွတ်ဘာကို အရင် မီးပူထိုးပေးပြီး ဘီဒိုမှာ ချိတ်ထားပေးလိုက်သည်။
ရေမွှေးပုလင်းထုတ်ပြီး ဂျွတ်ဘာကို လိမ်းနေတော့ အီးဒ်ရောက်ချင်နေတဲ့ သူ့ကို ရယ်ချင်လို့ ခေါင်းငုံ့၍ ပြုံးမိသည်။
မီနာ အဝတ်တွေ မီးပူထိုးပြီး အပါ့ အဝတ်ကိုလည်း အပြင်မှာ ချိတ်ပေးထားရသည်။
လိုက်ကာ အသစ်တွေ လဲတော့ သူကလည်း ကူပေးသေးသည်။
မနှစ်က ည တစ်နာရီမှ ပြီးသော်လည်း အခုတော့ ညဆယ်နာရီတည်းက လုပ်စရာကုန်ပြီမို့ အပါလည်း စောစော အိပ်ရသည်။
မီနာ အခန်းထဲကို ရောက်တော့ နမာဇ်ဖတ်နေချိန် သူကလည်း အနားမှာ အခင်းတစ်ခု ခင်းပြီး နမာဇ်ဖတ်ပြန်သည်။
မီနာ ဒိုအာတောင်းတော့ သူလည်း တောင်းနေလို့ ငိုတောင် မငိုရဲတော့ပဲ မြန်မြန်သာ အဆုံးသတ်လိုက်ရတော့သည်။
“ဟိုတစ်ယောက် အိပ်တော့လေ..”
“မီနာကကော…မအိပ်ပဲ ငိုဦးမှာလား…မနက်ဖြန် ဆုယူရမှာ မျက်လုံးက ပန်ဒါ ဖြစ်နေဦးမယ်..”
“………”
မီနာ မျက်လွှာချပြီး ပြုံးမိသွားကာ အခင်းကို သိမ်းလိုက်ရသည်။
“မီ က မအိပ်သေးဘူး..ဒန်းဆိုးဦးမှာမို့လို့..”
“ဟုတ်လား..ကျွန်တော်လည်း မမြင်ဖူးဘူး..ကြည့်မယ်လေ…ကူဆိုးပေးလို့ရရင် ဆိုးပေးမယ်..”
“……..”
မီနာ ဘာမှမပြောနိုင်တော့လို့ ဒန်းဘူးကို ဘီဒိုထဲက ထုတ်ကာ ခုတင်ပေါ် ထိုင်လိုက်ရသည်။
မနှစ်က ဆိုဖိ ဆွဲပေးတာ ခုတော့ ကိုယ့်လက်ကို ကိုယ်ဆွဲရတာ ဆိုတော့ ပန်းပုံ လှလှလေးက ဘယ်လက်မှာပဲ ဆွဲတက်သည်။
ညာလက်ကိုတော့ လက်ထိပ်လေးတွေကိုပဲ ဆွဲရသည်။
သူက ပန်ကာအသေးဖွင့်ပြီး လက်အနားမှာ ထောင်ပေးထားတော့ ဒန်းက မြန်မြန် ခြောက်သွားသည်။
“ရပြီလားဟင်..”
‘အင်း…ရေသွားဆေးလိုက်ဦးမယ်…”
မီနာ လက်ကို ခြောက်တဲ့အထိ ထိုင်စောင့်ကြည့်ပေးနေတာမို့ လက်ကို ကပျာကယာ သွားဆေးလိုက်ပြီး နှာခေါင်းရှုံ့မိသည်။
မနှစ်ကလောက်တောင် မလှဘူးလေ..။
“ဒီမှာ…”
“လှပါတယ်..မီနာရဲ့..”
မီနာ နှာခေါင်းရှုံ့ပြီး လက်ထောင်ပြတော့ သူက လှတယ်ပြောလို့ အမြင်ကပ်မိသည်။
တမင်ပြောနေတာ သိသားပဲလေ..။
“မလှပါဘူး..မညီဘူးလေ..ဟိုတစ်ယောက် တမင်ပြောနေတာ သိသားပဲ…ဒီဘက်က ပန်းက ရွဲ့စောင်းနေတာပဲ…”
“တကယ်လှတာ..ကျွန်တော်ဆို အဲလောက်တောင် မဆွဲတက်ဘူး..လက်ချောင်းဖြူဖြူပေါ်မှာ ဒန်းရဲရဲလေးတွေနဲ့ဆိုတော့ လက်ကလေးက ပိုချစ်ဖို့ကောင်းသွားတယ်လေ..”
“……..”
မီနာ မကျေနပ်ပေမဲ့လည်း ထပ်လည်းမပြောရဲတော့လို့ နှုတ်ဆိတ် ငြိမ်သက်နေရသည်။
ဒန်းဘူးဆီကို အကြည့်ရောက်သွားတော့ အကြံတစ်ခုရသွားသည်။
“ဒါဆို ဟိုတစ်ယောက်လည်း အသားဖြူတာပဲ..ဟိုတစ်ယောက်လည်း ဆိုးပေါ့…မီ ဆိုးပေးမယ်..”
“အာ..ယောက်ျားလေးက ဒန်းမဆိုးရပါဘူး…”
“လက်မှာ တက်တူးတောင် ရှိသေးတာပဲ…အဲ့နေရာမှာပဲ ဆွဲပေးမယ်..မီ လှလှလေး ဆွဲပေးမယ်လေ..မီ လက်ရာကို ကြိုက်တယ်မလား..မီ ဆွဲတာ လှတယ်ဆို…လက်ခံလိုက်လေ…”
“အဟွင်း..သဘောပါပဲဗျာ…”
သူက အရှုံးပေးသလိုဖြင့်  လက်နှစ်ဖက် ဖြန့်ကာ ရှေ့တိုးပေးတော့ ဒန်းဘူးကို သေချာ ကိုင်ပြီး သူ့ရှေ့မှာ တိုးထိုင်လိုက်သည်။
လက်ကောက်ဝတ်ကိုပဲ ဆွဲပေးဖို့ စဉ်းစားထားလို့ ဘာပုံရေးရင် ကောင်းမလဲ အရင်တွေးရသည်။
မီးတောက် မီးညွှန့်တွေက ဆွဲပြီးသားမို့ အဲ့လိုင်းတွေပေါ် ဒန်းအုပ်လိုက်ရင် ဒန်းရောင်ဖြစ်သွားမှာပဲလေ..။
ဒါဆို လူတွေလည်း ဒန်းဆိုးထားတယ်ပဲ ထင်မှာပါပဲ..။
ဒူးတုပ်ထိုင်ပြီး ကိုယ်ကို ရှေ့ကိုင်းကာ သူ့လက်ကောက်ဝတ်က ပုံပေါ်မှာ ဒန်းလိုင်းထပ်ဆွဲရတာ လွယ်ပါသည်။
“ငြိမ်ငြိမ်နေနော်…”
“ဟုတ်ကဲ့….”
“………”
လက်ကောက်ဝတ် အပေါ်ပိုင်းကို တက်သွားတဲ့ မီးညွှန့်တွေက ခပ်စိပ်စိပ်မို့ ဆွဲရတာ အားမရလို့ သူ့လက်ကို ဆုပ်ကိုင်လိုက်ပြီးမှ မီနာ အသိဝင်ကာ ရင်တုန်သွားရသည်။
သူက ဘာမှ မပြောတော့ လက်ကို ကိုင်ပြီး သေချာ ဆွဲနေရပေမဲ့လည်း ရင်ခုန်နေပါသည်။
လက်ကလည်း ချွေးစေးတွေထွက်လာတော့ ရှက်ရသလို ပုံဆွဲလို့ ပြီးသွားတော့မှ မီနာ အသက်ရှုဝံ့တော့သည်။
ဒန်းဘူးကို အဖုံးပိတ်လိုက်ပြီး ပန်ကာကိုယူကာ သူ့လက်ကို ထိုးပေးထားရသည်။
“အဟွင်း..မီနာက တော်လိုက်တာ..တော်တော် ခက်ခက်ခဲခဲပုံဆွဲလိုက်တာပဲနော်…”
“……..”
မီနာ့ကို ရန်စနေတာ သိတော့ မကြားချင်ယောင်ဆောင်ပြီး  ပန်ကာကိုပဲ နေရာရွေ့ပေးနေလိုက်သည်။
“ရပြီ…လက်သွားဆေးလို့ရပြီ…ထ..ထ…”
လက်ထဲက ပန်ကာကို ချပြီး ခုတင်ပေါ်က မြန်မြန်ဆင်းကာ ခေါ်တော့မှ သူလည်း ထလာတော့သည်။
သူ့လက်ကို ရေပိုက်အောက်မှာ ထားလိုက်တော့ ဒန်းတွေ ခြောက်နေပြီမို့ မီနာ လက်နဲ့ဖြည်းဖြည်း ပွတ်ဆေးပေးရသည်။
“တွေ့လား..ဒန်းအတိုင်းဖြစ်သွားပြီ…ဆွဲတဲ့မီ တော်လို့နော်…”
လက်ဖြူဖြူပေါ်မှာ ရဲစိုနေသည့် မီးတောက်ပုံလေးတွေကို မီနာ ကျေနပ်စွာ ပြောလိုက်တော့ သူက ရယ်ပြီး ခေါင်းညိတ်၍ လက်ခံသည်။
“အင်း..အတိအကျပါပဲဗျာ…ကနုတ်ဆွဲတဲ့ ဆရာမကြီးပဲ လေးစားပါတယ်…”
မီနာ ခေါင်းငုံ့ပြီး ရယ်နေရင်းမှ သူ့လက်ကို ကိုင်ဆွဲထားမိတာ သတိရပြီး ကပျာကယာ လွှတ်လိုက်ရသည်။
“မီနာ က ချစ်ဖို့ကောင်းလိုက်တာ…”
“အိပ်..အိပ်မယ်လေ..မနက် မနိုးပဲနေမယ်..”
မီနာ ရင်ခုန် ရှက်ရွံ့စွာဖြင့် အခန်းဘက်ကို မြန်မြန်ပြန်လာခဲ့လိုက်သည်။
သူ အခန်းထဲ ရောက်လာတော့ မီးမှိတ်ပြီး ခုတင်ပေါ်တက်ကာ ကျောပေး၍ အိပ်လိုက်ရပေမဲ့လည်း ရင်ခုန်နေတုန်းပါပဲ..။
မနက်ဖြန် အီးဒ်အတွက် ရင်ခုန်ရတာ နည်းနည်း သူ့ကြောင့်ရင်ခုန်ရတာ များများ..။
မတရားလိုက်တာနော်..။
မီနာ သက်ပြင်းဖွဖွ ချလိုက်ပြီး မျက်လုံးတွေကို မှိတ်လိုက်ရတော့သည်။

.05160819

ချစ်မျက်၀န်းWhere stories live. Discover now