"လမ်းခွဲကြရအောင် မတ်ချူး""ဗျာ!!!"
မတ်ချူးဘာပြန်ပြောရမှန်းမသိဖြစ်လို့သွားသည်။ ဦးနှောက်ထဲမယ်ဗလာ ဘာဆိုဘာမှမတွေးနိုင်အောင်ဖြစ်ရသည်။ ဟျောင်းသည် ဘယ်အရာနဲ့ယှဥ်ယှဥ် မတ်ချူးသည်သာပထမနေရာတွင် ဦးစားပေးခဲ့သည်။ မတ်ချူးကိုသိပ်ချစ် မတ်ချူးကလဲသိပ်ချစ်ရသော ထိုလူကအခု သူ့ရင်ကိုခွဲမယ့် စကားကို အေးဆေးစွာပြောနေလေသည်။
"ဟျောင်း အခုဘာစကားပြောလိုက်တာလဲဆိုတာသိရဲ့လား"
မတ်ချူး မယုံနိုင်စွာမေးမိသည်။
"ဟျောင်းသိတယ် ဟျောင်းတို့ဆက်ဆံရေးကို..."
"ဟျောင်း! ကျွန်တော်ရူးသွားတာမြင်ချင်တာလား!!!!"
စကားဖြတ်ပြောတာ မတ်ချူးအကျင့်မဟုတ်ပေမယ့် ရှေ့ဆက်ပြောမယ့် စကားတွေကိုမကြားချင်တာကြောင့်
ဘဝမှာတစ်ခါမှာမပြောဖူးတဲ့လေသံနှုန်းနဲ့ အားကုန်အော်ဟစ်မိသည်။ လူတွေကြည့်နေတာလဲဂရုမစိုက်နိုင်။ မျက်ရည်တွေအဆမတန်ကျနေတာလဲသတိမထားမိ။
အခုချိန်မတ်ချူးစိတ်ထဲရှိတဲ့ တစ်ခုတည်းသောအရာဟာ ကင်ဂျီဝန်းဆိုသည့်လူကိုဆုံးရှုံးရမယ်ဆိုရင်ရူးသွားရလိမ့်မည် သူရူးသွားလိမ့်မည် ဟူ၍သာ။"ဟျောင်း ပြောပါ ဘာလို့လဲ ကျွန်တော်အမှားတစ်ခုခုလုပ်မိလို့လား ဟင် ကျွန်တော်
ဟျောင်းအပေါ်ဆိုးမိလို့လား ကျွန်တော့်ကိုအလိုလိုက်ရတာပင်ပန်းလို့လားဟင် အဲလိုဆို ကျွန်တော်လိမ်မာမှာမို့ ဟျောင်းရဲ့စကားကိုပြန်ရုတ်သိမ်းပေးပါ နော် ဟျောင်း နော်လို့ ကျွန်တော်ရူးသွားလိမ့်မယ်ဟျောင်းရဲ့ ဟျောင်းသာကျွန်တော့်အနားမှာမရှိရင် ကျွန်တော်ရူးသွားလိမ့်မယ်လို့!!!"မတ်ချူးသာ စကားတွေအများကြီးပြောပြီးငိုယိုနေပေမယ့် ရှေ့မှချစ်ရသောဟျောင်းမှာဘာစကားမှပြန်မလာ။
သူ့ကိုစကားတောင်ပြောချင်စိတ်မရှိတော့တာများလား ဟျောင်းဟာသူ့ကိုစိတ်ကုန်နေပြီများလား စတဲ့အတွေးတွေနဲ့အားအင်ဆုတ်ယုတ်ကုန်သည် ။
"ကောင်းပြီ ဟျောင်း အကြောင်းပြချက်မပေးလဲရတယ် ဒါပေမယ့် တစ်ခုဘဲဖြေပေးဟျောင်း တစ်ခုဘဲ ဟျောင်း ကျွန်တော့်ကိုချစ်ခဲ့တယ်မလားဟင်"
YOU ARE READING
My Ex_Boyfriend(Complete)
Fanfictionသိပ်ချစ်ရက်နဲ့လက်လွှတ်လိုက်တာဘာကြောင့်များလဲဟျောင်း....