Part 1

1.3K 86 6
                                    


"လမ်းခွဲကြရအောင် မတ်ချူး"

"ဗျာ!!!"

မတ်ချူးဘာပြန်ပြောရမှန်းမသိဖြစ်လို့သွားသည်။ ဦးနှောက်ထဲမယ်ဗလာ ဘာဆိုဘာမှမတွေးနိုင်အောင်ဖြစ်ရသည်။ ဟျောင်းသည် ဘယ်အရာနဲ့ယှဥ်ယှဥ် မတ်ချူးသည်သာပထမနေရာတွင် ဦးစားပေးခဲ့သည်။ မတ်ချူးကိုသိပ်ချစ် မတ်ချူးကလဲသိပ်ချစ်ရသော ထိုလူကအခု သူ့ရင်ကိုခွဲမယ့် စကားကို အေးဆေးစွာပြောနေလေသည်။
"ဟျောင်း အခုဘာစကားပြောလိုက်တာလဲဆိုတာသိရဲ့လား"
မတ်ချူး မယုံနိုင်စွာမေးမိသည်။
"ဟျောင်းသိတယ် ဟျောင်းတို့ဆက်ဆံရေးကို..."
"​ဟျောင်း! ကျွန်တော်ရူးသွားတာမြင်ချင်တာလား!!!!"
စကားဖြတ်ပြောတာ မတ်ချူးအကျင့်မဟုတ်ပေမယ့် ရှေ့ဆက်ပြောမယ့် စကားတွေကိုမကြားချင်တာကြောင့်
ဘဝမှာတစ်ခါမှာမပြောဖူးတဲ့လေသံနှုန်းနဲ့ အားကုန်အော်ဟစ်မိသည်။ လူတွေကြည့်နေတာလဲဂရုမစိုက်နိုင်။ မျက်ရည်တွေအဆမတန်ကျနေတာလဲသတိမထားမိ။
အခုချိန်မတ်ချူးစိတ်ထဲရှိတဲ့ တစ်ခုတည်းသောအရာဟာ ကင်ဂျီဝန်းဆိုသည့်လူကိုဆုံးရှုံးရမယ်ဆိုရင်ရူးသွားရလိမ့်မည် သူရူးသွားလိမ့်မည် ဟူ၍သာ။

"ဟျောင်း ပြောပါ ဘာလို့လဲ ကျွန်တော်အမှားတစ်ခုခုလုပ်မိလို့လား ဟင် ကျွန်တော်
ဟျောင်းအပေါ်ဆိုးမိလို့လား ကျွန်တော့်ကိုအလိုလိုက်ရတာပင်ပန်းလို့လားဟင် အဲလိုဆို ကျွန်တော်လိမ်မာမှာမို့ ဟျောင်းရဲ့စကားကို​ပြန်ရုတ်သိမ်းပေးပါ နော် ဟျောင်း နော်လို့ ကျွန်တော်ရူးသွားလိမ့်မယ်ဟျောင်းရဲ့ ဟျောင်းသာကျွန်တော့်အနားမှာမရှိရင် ကျွန်တော်ရူးသွားလိမ့်မယ်လို့!!!"

မတ်ချူးသာ စကားတွေအများကြီးပြောပြီးငိုယိုနေပေမယ့် ရှေ့မှချစ်ရသောဟျောင်းမှာဘာစကားမှပြန်မလာ။

သူ့ကိုစကားတောင်ပြောချင်စိတ်မရှိတော့တာများလား ဟျောင်းဟာသူ့ကိုစိတ်ကုန်နေပြီများလား စတဲ့အတွေးတွေနဲ့အားအင်ဆုတ်ယုတ်ကုန်သည် ။

"ကောင်းပြီ ဟျောင်း အကြောင်းပြချက်မပေးလဲရတယ် ဒါပေမယ့် တစ်ခုဘဲဖြေပေးဟျောင်း တစ်ခုဘဲ ဟျောင်း ကျွန်တော့်ကိုချစ်ခဲ့တယ်မလားဟင်"

My Ex_Boyfriend(Complete)Where stories live. Discover now