Part 7

461 43 9
                                    

ဆေးရုံတစ်ခု၏VIPခန်းတွင်ဖြစ်သည်..

"ဟျောင်း ဘယ်လိုဖြစ်ရတာလဲ အဲဒီအကြောင်း မတ်ချူးသိထားလား
အဲဒါကြောင့် မတ်ချူးနဲ့လမ်းခွဲလိုက်တာလား"

ဟန်ဘင်း ဂျီအွန်းဟျောင်းကိုမေးချင်တဲ့မေးခွန်းတွေသိပ်ကိုများ၏။
သူက ဂျီအွန်းဟျောင်းရဲ့ ညီတစ်ဝမ်းကွဲတော်ပေမယ့် ဘာတစ်ခုမှမရိပ်မိခဲ့။
သူတို့အားလုံးဟာ ကင်ခ်ဂျီအွန်းချပြသလောက်သာမြင်ခဲ့ရပုံပေါ်၏..

ကိုယ့်ရင်ထဲဗလောင်ဆူနေပေမယ့် ကာယကံရှင်ဖြစ်သူက အခန်း၏ပြတင်းပေါက်ကိုသာအေးအေးဆေးဆေးငေးလို့နေသည်။

"ဟျောင်း ကျွန်တော့်ကိုတစ်ခုခုပြောပါအုံး"

ဟန်ဘင်း၏အမေးစကားကြောင့်  ဂျီအွန်း သက်ပြင်းကိုလေးလံစွာချ၍ ​အကြောင်းစုံပြောပြဖို့အားယူလိုက်၏။

"ကိုယ်လဲ ဒီရောဂါအကြောင်းကိုသိရတာက သိပ်မကြာသေးပါဘူး
ဟန်ဘင်းရား
ရောဂါလက္ခဏာတွေ သိပ်မပြလို့ ကိုယ်ကိုယ်တိုင်က မရိပ်မိခဲ့ဘူး
လွန်ခဲ့တဲ့၆လလောက်ကမှ ဒယ်ဒီက Personal ဆရာဝန်ကိုခေါ်ပေးခဲ့တယ် အဲဒီနေ့က ဒယ်ဒီအလုပ်ကိုချက်ချင်းပြန်သွားတာကြောင့် ဒီအကြောင်းကိုမသိလိုက်ရဘူး ကိုယ်လဲ ဆရာဝန်က
ပြောပြလို့သိရတာ သိမှသိရတော့လဲ အသည်းကလုံးဝပျက်စီးနေပြီတဲ့  အသည်းအစားထိုးပြီး ကုလို့ရပေမယ့်  အခုချိန်ထိ ကိုယ်နဲ့ကိုက်ညီတဲ့အသည်းအလှူရှင် မရှိသေးဘူး.."
သူတို့မရိပ်မိခဲ့တာက ဂျီအွန်းဟျောင်းရဲ ဖြူဖွေးနေတဲ့အသားအရောင်ဟာ အဝါဘက်ကိုတဖြည်းဖြည်းပြောင်းနေပြီဖြစ်ကြောင်း..အခုချိန်မှ ဟန်ဘင်းသိလိုက်ရသည်။

ပြောနေတဲ့လူရဲ့စိတ်ထဲဘယ်လိုတွေဖြစ်နေမလဲမသိပေမယ့် နားထောင်ရသူ ဆောင်းဟန်ဘင်းကတော့ မွန်းကြပ်လို့လာရသည်။
ဒါဟာ အသက်အန္ဒရာယ်ရှိတယ်မလား...

ထို့နောက်ဂျီအွန်းဟျောင်း ကထပ်ပြောလာပြန်သည်။

"ကိုယ် မတ်ချူးနဲ့လမ်းမခွဲခင် အရမ်းစဥ်းစားခဲ့ရတယ် အကယ်၍ အစားထိုးကုသဖို့အတွက် အလှူရှင်ရှိလာတယ်ဆိုရင်တောင် ခွဲစိတ်မှုအောင်မြင်ဖို့ ရာခိုင်နှုန်းက 50/50 တဲ့
အသက်ဆက်ရှင်ရမှာလား သေဆုံးရမှာလား မသေချာတဲ့ကိုယ့်ဘဝထဲမှာ မတ်ချူးကိုဆက်ချုပ်နှောင်မထားသင့်ဘူးလို့ ကိုယ်ထင်တယ်.."

My Ex_Boyfriend(Complete)Wo Geschichten leben. Entdecke jetzt