Part 9

451 45 19
                                    

မတ်ချူး၏ကွန်ဒိုတွင် အသံတိတ်စစ်ခင်းနေသူနှစ်ယောက်ရှိနေသည်။

တစ်ယောက်က မျက်နှာကြီးတည်တင်းထားပြီး မျက်ခုံးတို့တွန့်ချိုးနေသော လူကြီး
ကင်ခ်ဂျီအွန်းဖြစ်ပြီး နောက်တစ်ယောက်ကတော့ မျက်နှာကို မိုင်ကုန် စူပုတ်ထား၍ ထားသော ဆော့မတ်ချူး ဖြစ်လေသည်။နှခမ်းသေးသေးကိုလဲ ဆူထော်လို့ထားသေးသည်။

အဲဒီ အသံတိတ်စစ်ပွဲကို ပွဲကြည့်ပရိတ်သတ်အဖြစ် ကင်ခ်ဂျီအွန်းရဲ့ ညီတစ်ဝမ်းကွဲတော်သူ ဆောင်းဟန်ဘင်းနှင့် ချစ်သူကောင်လေး ဒေါက်တာ ကျန်းဟာအို/
ကင်ခ်ဂျီအွန်း၏ ပါဆင်နယ်ဒေါက်တာ ရစ်ခီတို့က ပါဝင်အားဖြည့်ပေးနေလေသည်။

ပြဿနာက  မတ်ချူး၏တောင်းဆိုချက်တစ်ခုကြောင့်စကားများခြင်းကစသည်။
မတ်ချူးစကားကို လိုက်နာပါ့မယ် မတ်ချူးဘာပြောပြောလုပ်ပါ့မယ် ဆိုသည့်လူကြီးက
အခုတော့ဖြင့် သူ့စကားကို ငြင်းပယ်နေပြန်သည်။

"ကိုကိုက စကားကို အမျိုးမျိုးပြောနေတာဘဲ"
မတ်ချူးက မကျေမနပ်ဆို၏။

"ကလေးပြောတာကလည်း ကိုယ်လက်ခံပေးလို့မှမရတာ"

မျက်နှာတည်နှင့်ဂျီအွန်းဟျောင်းကပြောပြန်သည်။
ကြားထဲမှ ဟန်ဘင်းတို့၃ယောက်မှာ  တော်တော်လေးကို နေရခက်နေလေပြီ။

သူတို့ ဒီကိုရောက်လာခြင်းက ဒီရန်ပွဲကိုကြည့်ရဖို့ဆိုတာသာသိခဲ့ရင် ရောက်မလာပါဘူး။

မတ်ချူးရဲ့တိုင်ပင်စရာရှိလို့ ဆိုတဲ့​အခေါ်စကားကြောင့် ဟန်ဘင်းနဲ့ဟာအို ရောက်နေတာဖြစ်ပြီး ဒေါက်တာရစ်ခီကိုတော့ ဂျီအွန်းဟျောင်းကခေါ်ထားခြင်းဖြစ်မည်။

"ဘာဘဲဖြစ်ဖြစ် လိုက်လျောပါ့မယ်လို့ ပြောတာဘယ်ကလူကြီးလဲ"

မတ်ချူးက  ဒေါနဲ့မောနဲ့ ခနဲ့စကားဆိုလာ၏။

စကားကို ကပ်သပ်ပြောနေသော ထိုလူဆိုးလေးနားလည်အောင် ဂျီအွန်းဘယ်လိုပြောရပါ့မလဲ..။

"ကလေးသာကိုယ့်နေရာမှာဆိုရင်ရော ကလေး​တောင်းဆိုလာသလိုသာကိုယ်​တောင်းဆိုလာခဲ့ရင် လိုက်လျောပေးနိုင်မှာလား ပြော"

My Ex_Boyfriend(Complete)Where stories live. Discover now