"ကင်ခ်ထယ်ရယ် ဒီနေ့ ဒေါက်တာ ရစ်ခီနဲ့သွားတွေ့ရမယ်"
"မတွေ့ဘူး!"
ဘူးတစ်လုံးဆောင်အိုအောင်မဆင်းရဲဆိုတဲ့စကားဟာ သူဌေးသားလေး ကင်ခ်ထယ်ရယ်ရဲ့လက်သုံးစကားဖြစ်သည်။
ဒါပေမယ့် ယောကျ်ားပေးစားဖို့ရာ ဘာပြောပြောဘူးခံငြင်းနေသော သားဖြစ်သူကြောင့် ကင်ခ်လူကြီးမင်းလဲ နားထင်သွေးဆောင့်တက်တော့မည်။
"မသွားရင်အမွေပြတ်"
ဖေဖေ့စကားကြောင့် ထယ်ရယ် မေမေ့ကို စစ်ကူခေါ်ဖို့မွေးရာပါ ရတနာလေးဖြစ်တဲ့ ပချိုင့်ကြီးကြီးတွေပေါ်အောင်ပြုံး၍ကြည့်လိုက်တော့ မေမေကခေါင်းကိုအသာခါပြသည်။
သူမ လဲဘာမှမတတ်နိုင်ပါဘူးဆိုတဲ့သဘော။"ဟွန့် ဖေဖေရောမေမေရော မကောင်းဘူး"
နှခမ်းကိုဆူ ခြေကိုဆောင့်၍ အပေါ်တက်ဖို့လုပ်နေသည့်ထယ်ရယ်အား ဖေဖေကလှမ်းအော်ပြန်သည်။
"အဲဒါဘယ်သွားမလို့လဲ"
"အဲဒီ ဒေါက်တာဆိုတဲ့လူနဲ့သွားတွေ့မလို့လေ အဝတ်အစားမှမလဲရသေးတာ ဖေဖေက ထယ်ရယ့်ကိုအပြစ်ဘဲပြောချင်နေတာ"
ဟူ၍ အလိမ်မာတုံးလေးက ထပ်၍ စိတ်ဆိုးသွားပြန်သည်။
ဟူးးး
ဒီလိုအဆိုးအပေလေးကို ဒေါက်တာသေချာလေးထိန်းပေးနိုင်ဖို့ မျှော်လင့်ရမှာပါဘဲ။~~
လူကြီးတွေဟာ ဘာမှန်းကိုမသိဘူး သားလေးတစ်ယောက်တည်းရှိတာကို ယောကျ်ားပေးစားဖို့ကြိုးစားနေကြသည်။
'သူကဆိုးသာဆိုးတာပါ အဲလောက်ကြီးလဲမဆိုးပါဘူး ဟုတ်တယ်မလား'
ကိုယ့်ဘာကိုယ် စကားတစ်ပြောပြောနဲ့ထောက်ခံနေသော ကခ်င်ထယ်ရယ်မှာ ဒေါက်တာဆိုသည့်လူနဲ့တွေ့လျှင် သူ့ကိုသဘောမကျစေရန် အနီရဲရဲတီရှပ်ကို အပြာတောက်တောက်ဂျင်းပန့်နဲ့ တွဲဝတ်ဖို့လုပ်တော့သည်။
အဲဒါအပြင် အနက်ရောင်ဦးထုတ်ကိုလဲ ကျကျနနစောင်းထားသလို နေကာမျက်မှန်ကိုလဲတပ်လိုက်၏။ဒီလောက်ဆို ဟိုဒေါက်တာ သူ့ကိုမြင်တာနဲ့ရှောင်မယ်ဆိုတာသေချာသိနေသလို မှန်ကြည့်ရင်း ပါးချိုင့်ကြီးကြီးတွေပေါ်သည်အထိပြုံးနေတော့သည်။
YOU ARE READING
My Ex_Boyfriend(Complete)
Fanfictionသိပ်ချစ်ရက်နဲ့လက်လွှတ်လိုက်တာဘာကြောင့်များလဲဟျောင်း....