Part 6

450 53 2
                                    

"ကိုကို့ ကို နောက်ဆုံးအခွင့်အရေး
တစ်ခုပေးမယ်    ကိုကို့ဆုံးဖြတ်ချက်ကိုပြင်ချင်သေးလား..."

ဒါဟာ မတ်ချူးရဲ့မာနတွေ အရှက်တရားတွေအားလုံးကို ရိုက်ချိုး၍ မေးလိုက်ခြင်း ဖြစ်ကြောင်း ကိုကိုသိပါစေ..။
နည်းနည်းဖြစ်ဖြစ် သူ့ဘက်ကိုငဲ့ညှာစေခြင်းငုာ 'ကိုကို'ဟူသောနာမ်စားကိုသုံးလိုက်ခြင်းဖြစ်သည်။

ဒါပေမယ့် ကိုကိုဟာ ဘာစကားမှပြန်မလာ ဆုံးဖြတ်ချက်ကို ပြင်ဖို့မရှိတော့ကြောင်းသွေးအေးစွာနဲ့မတ်ချူးနဲ့ဝေးရာဆီ ထွက်ပြေးသွားခြင်းဖြင့် အဖြေပေးခဲ့သည်။

ဟားးးး
ကင်ခ်ဂျီအွန်းရယ်..ခင်ဗျားကကျွန်တော် ဒီလောက်ခယပြောနေတာတောင်လှည့်မကြည့်ခဲ့ဘူးဘဲ..။
ကျွန်တော့် မာနတွေခဝါချပြီး အရှက်တရားတွေကို ပြန်လာပါစေလို့ လမ်းခင်းပေးထားပေမယ့် ခင်ဗျားကတော့ တကယ်ကိုဘဲ...
မတ်ချူးအတွက် ပြောစရာစကားမရှိတော့ပါ။

ဟုတ်ပြီ အရှုံးပေးတယ် အားလုံးကိုလက်လျော့လိုက်တော့မှာမို့ ခင်ဗျားသာအဆင်ပြေအောင်နေပါတော့..။
အကယ်၍ လမ်းမှာတွေ့ရင်တောင် တစ်ကြိမ်တစ်ခါမှမသိခဲ့ဘူးသလိုဟန်ဆောင်ကြတာပေါ့..။

သူ့ကိုအမြင့်ဆုံးကို တင်ထားပြီး အောက်ဆုံးထိဆွဲချခဲ့တဲ့လူ..
အမြင့်ကိုရောက်ဖူးတဲ့လူတွေ အောက်ပြန်ကျတဲ့အခါ မြင့်ရင်မြင့်သလောက် အထိနာတတ်ကြောင်း ခင်ဗျားသိဖို့မျှော်လင့်မိပါတယ်..။

'အားလုံး ကိုယ့်ကြောင့်ပါ
ကိုယ်မှားတာပါ ကိုယ့်ကိုမင်းနာကျည်းလိုက်ပါတော့ မုန်းလိုက်ပါတော့'ဒါတွေဘဲထပ်ခါထပ်ခါရေရွက်နေပြီး တကယ်အဲလိုတွေဖြစ်လာမှာလဲသေလောက်အောင်ကြောက်နေတဲ့လူတစ်ယောက်ရဲ့ သူရူးတစ်ယောက်လို အော်ဟစ်ငိုသံတွေဟာ ကားလေးထဲပြန့်လျက်..။

ဘေးလူအနေနဲ့ကြည့်လိုက်ရင် သိပ်ကိုသနားချင့်စရာ ကောင်းနေပေမယ့်လဲ ဒီလမ်းကိုရွှေးချယ်ခဲ့တာ သူကိုယ်တိုင်ဘဲမို့ မည်သူမျှဘာမှကူညီနိုင်လိမ့်မည်မဟုတ်..

ဒီအချိန်တွေကျော်လွန်သွားလျှင် ဒီအခြေအနေကလွတ်မြောက်သွားလျှင် သူတို့နှစ်ဦး အဆင်ပြေပြေရှိနေနိုင်အုံးမှာလား...

My Ex_Boyfriend(Complete)Where stories live. Discover now